သံယောဇဉ်ဆိုတာအချိန်တွေတရက်ပြီးတရက်ကြာလာတာနဲ့အမျှ
တိုးတိုးလာပါတယ်သူ့ကိုသံယောဇဉ်ခင်တွယ်မူတွေကတရစ်ပြီး
တရစ်တိုးနေတော့တာပါပဲ။
သံယောဇဉ်ဆိုတာတချို့လူတွေကလိုက်ရှာမှ တွေ့တတ်ကြပြီး
တစ်ချို့လူတွေအတွက်ကတော့ ထိုင်နေရင်းနဲ့ သံယောဇဉ်က
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်ပါတယ်။ဒါပေမယ့်ရှင်းအတွက်ကတော့
သူကိုတွေရှိမိတာပါ။အဲဒီချိန်မှစလို့ရှင်းကို
တစ်ရစ်ပြီးတစ်ရစ် ရစ်ပတ်နေတဲ့ သူရဲ့ သံယောဇဉ်ကြိုးလေးကတော့ ဘယ်လိုမှထိန်းချုပ်လို့မရနိုင်ခဲ့ပါဘူး။
သံယောဇဉ်ဖြစ်နေမိခဲ့တာလေ။ ဒါကို ရှေးရေစက်လို့ ခေါ်ချင်လည်း ခေါ်ဆိုနိုင်သည်ပေါ့။
ရှင်း ကိုသူ နှင့် တွေ့ဆုံပေးသည့်ရှေးရေစက် ဆိုတာကိုလည်း အလိုလိုကျေးဇူးတင်မိပါတယ်။
ဒါပေမယ့် တချိန်ချိန်မှာ ရှေးရေစက် ပျက်ပြယ်သွားမှာကိုလည်း ရှင်း ကြောက်နေမိတယ်။
သူအတွက်ကြောင့်ပျော်ရွှင်မူတွေရနေခဲ့တယ်။ချစ်ခင်မူတွေရနေခဲ့တယ်။
အောင်မြင်မူမှတ်တိုင်တွေရနေခဲ့တယ်။
ရှင်းလေသူကိုအတိုင်းအဆမသိချစ်နေခဲ့တယ်။မြတ်နိုးနေခဲ့မိတယ်။
လူတိုင်းကတော့ကိုယ်ချစ်ခြင်းတွေကိုအပြိုင်အဆိုင်အမျိုးမျိုးဖွင့်ဆိုလိမ့်မယ်
ရှင်းကတော့သူကိုချစ်တဲ့ချစ်ခြင်းကိုရိုးရိုးလေးပဲဖွင့်ဆိုချင်တယ်။ အတ္တနှင့် ယှဉ်ပြီး ရယူဖို့မစဉ်းစားဘူး
သူကိုအဲလောက်ထိကိုချစ်နေမိတာပါ
သူနဲတရက်ဝေးနေတာတောင်လွမ်းနေမိတာပါ
သူသည်ရှင်းအတွက်တော့ာသံယောဇဉ်နှောင်ကြိုးလေးတစ်မျှင် ပါ
သူသည်ရှင်းအတွက်တော့ာသံယောဇဉ်နှောင်ကြိုးလေးတစ်မျှင် ပါ
သူငယ်ချင်းအားလုံးလည်းသူကိုလွမ်းကြတယ်မလား
သူနဲ့တရက်လေးခွဲရတာလွမ်းနေတယ်မလားးး