Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဖေကြီးကိုသတိရလို့ 

$
0
0

အဖေကြီး သမီးလေ အရမ်းစိတ်ညစ်နေရတယ် ဖေကြီးသာအခုအချိန်သမီးနားမှာရှိရင် သိပ်ကောင်းမှာပဲ  ဖေကြီးမရှိတော့တဲ့နောက်ပိုင်း  သမီးတို့ မောင်နှမတွေအကုန်လုံး မေမေ ကိုပဲအားကိုးနေလာခဲ့ တာပါ အခုလေ မေမေနေမကောင်းဖြစ်နေတယ် ဟိုရက်ကလေ ဖေကြီးရဲ့ သား ကိုလေးစိုးလှဖုန်း အိမ်ကိုလာသွားသေးတယ် မေမေနေမကောင်းဘူးဆိုလို့  သမီးဖုန်းဆက်လိုက်တာပါ ကိုလေးကချက်ချင်းရောက်လာပါတယ်ဖေကြီးရယ် သမီးလည်းလေ မေမေကိုအတက်နိုင်ဆုံးတော့ စိတ်ချမ်းသာအောင်ထားပါတယ်  အဲတာ သုံးရက်လောက်နေပြီးပြန်သွားတယ် မေမေကိုလည်း ဆေးခန်းပြဖို့ ဆိုပြီးပိုက်ဆံပေးခဲ့ ပါသေးတယ် အဲတာလေ မနေ့ က ညီမလေးနဲ့ မေမေနဲ့ ဆေးခန်းသွားကြတယ် ဆရာဝန်က မေမေကိုဆေးရုံတက်ရမယ်တဲ့  ဖေကြီးရယ် ...သမီးလေ မနေ့က အလုပ်ပြန်တာနောက်ကျတယ် ဖေကြီး အဲတာလေ သမီးလည်းအိမ်ပြန်ရောက်ရော ညီမလေးက မေမေဆေးရုံတက်ရမယ်ဆိုတဲ့ အကြောင်းပြောတော့လေ သမီးရင်ထဲဘယ်လိုဖြစ်သွားလဲမသိတော့ပါဘူးဖေကြီးရယ် သမီးလေ ညကလည်းတစ်ညလုံးမအိပ်ရသေးဘူး ဖေကြီးအကြောင်းလည်းတွေးတယ် မေမေကိုလည်း စိတ်ပူတယ် မေမေကလည်းဆေးရုံမတက်ချင်ဘူးတဲ့ လေ တစ်ကယ်လို့ ဆေးရုံမတက်ဖြစ်ရင် နောက်ဆက်တွဲဘာတွေဖြစ်လာမလဲ သမီးမသိတော့ပါဘူးဖေကြီးရယ်....သမီးတို့ ဘ၀မှာ မေမေကို ထပ်ပြီးဆုံရှူံးရအုံးမှာလားဆိုပြီးတွေးပြီး အရမ်းကိုတုန်လှုပ်မိတယ် သမီးကလေ ဘယ်တော့မှကံမကောင်းပါဘူးဖေကြီးရယ် သမီးချစ်တဲ့ သူတွေ သမီးအားကိုးတဲ့ သူတွေက သမီးအနားကနေထွက်ထွက်သွားသလိုပဲ  ညကလည်းမေမေတစ်ညလုံးမအိပ်ရပါဘူး ချောင်းကလည်းဆိုတော့လေ သမီးလည်း ညကတစ်ညလုံးငိုနေရတယ် ဖေကြီးကသမီးအကြောင်းကိုသိပါတယ် သမီးက ငိုရင် မေမေတို့ ညီမလေးတို့ မသိအောင်တိတ်တိတ်လေးငိုတက်တာ  မေမေကလေ သမီးပြောစကားဆို ဘယ်တော့မှနားမထောင်ဘူးသိလားဖေကြီး ညီမလေးနဲ့ မေမေနဲ့ ဆိုခနခနစကားများတယ် ညီမလေးကလည်းမေမေ့ကို ကောင်းစေချင်လို့ ပြောတာပါဖေကြီးရယ် ....ဖေကြီးရှိလည်း မေမေနဲ့ စကားများကြမှာကျိန်းသေတယ် မေမေကလေ ဆေးရုံတက်ခိုင်းတဲ့ ဆရာဝန်ကိုအပြစ်တင်နေသေးတယ်ဖေကြီးရဲ့  တစ်စိတ်ရှိဒီဆေးရုံပဲတက်ခိုင်းနေတာပဲတဲ့ လေ ငါဘာမှမဖြစ်ဘူးလို့ လည်းပြောတယ် ဓါတ်မှန်ရိုက်ခိုင်းတော့လည်း ဆေးခန်းကမရိုက်ပေးဘူးတဲ့ လေ ရိုက်ရင်လည်း အကုန်စုံအောင်ရိုက်ရမှာတဲ့ ပိုက်ဆံအများကြီးကုန်မှာလေဖေကြီး မေမေဗိုက်ကအရမ်းေ၇ာင်နေတော့ ဗိုက်တစ်ခုထဲပဲရိုက်ချင်တာကို ဆေးခန်းကရိုက်မပေးဘူးတဲ့ လေ ဆရာဝန်ကြီးကမေမေကိုစမ်းသပ်ကြည့်ပြီး ဆေးရုံတက်ခိုင်းတယ်လေ မေမေကမတက်ဘူးဆိုပြီး ပြန်လာတာဖေကြီးရဲ့  နောက်ရက်ကျရင် မြန်မာဆေးခန်းသွားပြမယ်တဲ့ 

မြန်မာဆေးခန်းသွားပြမယ်တဲ့  အဲတော့မှပဲဖေကြီးကိုထပ်ပြောပြမယ်နော် သမီးမှာလေ စိတ်ညစ်စရာတွေရှိလည်းပြောပြစရာဆိုလို့ ဖေကြီးတစ်ယောက်ပဲရှိတာလေ သမီးမနက်ဖြန်ကျရင် ခရီးသွားရအုံးမယ်ဖေကြီး အမေကြီးကိုသွားခေါ်ရမှာလေ ပြီးတော့ ဖေကြီးရဲ့ မြေးမလေးကိုလည်း မေမေကအရမ်းတွေ့ချင်တယ်ဆိုလို့ လေ သမီးကသွားခေါ်ပေးရမှာ ဖေကြီးစိတ်မပူနဲ့ နော် သမီးကရေလမ်းခရီးသွားရင်အရမ်းကြောက်တက်တာဆိုတော့လေ ဖေကြီးစိတ်ပူနေမှာစိုးလို့ ကြိုပြောထားတာ သမီးတို့ အနားမှာဖေကြီးမရှိတော့ပေမဲ့ သမီးရဲ့ စိတ်ထဲမှာတော့ ဖေကြီးအမြဲ၇ှိနေပါတယ် ဖေကြီးရယ်.......အခုလေ သမီးစိတ်ထဲ နည်းနည်းပေါ့သွားပြီးသိလားဖေကြီး စိတ်ညစ်စရာတွေ၇ှိတိုင်း ဖေကြီးကိုပြောပြလိုက်ရင် သမီး ရင်ထဲပေါ့သွားသလိုပဲ မသိတဲ့ သူတွေကတော့ သမီးကိုရူးနေတယ်လို့ ထင်မှာဖေကြီး၇ဲ့  ဒါပေမဲ့ သမီးကဂရုမစိုက်ပါဘူး ဖေကြီးသာသမီးပြောတာတွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတဲ့ အတွက် ဖေကြီးကိုကျေးဇူးတင်ပါတယ် ဖေကြီးရယ် ......မနက်ဖြန်ခရီးသွားရင် ဖေကြီးတဲ့ အတူနေခဲ့ တဲ့ နေရာလေးကိုဖြတ်သွားရမှာ ဖေကြီးရဲ့  တစ်ကယ်လို့ သမီးကိုဖေကြီးလှမ်းတွေ့ရင် သမီးနဲ့ လိုက်ခဲ့ နော် ဖေကြီး.................သမီးချစ်တဲ့ ဖေကြီး ကောင်းရာသုဂတိရောက်ပါစေ..........


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>