လေပြေလေညှင်းလေးတွေတိုက်ခတ်ပြီး မိုးတစ်ဖွဲဖွဲရွာနေခိုက် ရှမ်းပြည်ဘက်သို့ဦးတည်ပြီး
တအိအိနဲ့ ချမ်းအေးမှုဒဏ်ကိုမမှုပဲ ပြေးဆ။ွဲနေတဲ့ ကုန်ကားကြီးပေါ်မှာ ကျနော်ရယ်
ကာဒရိုင်ဘာရယ် အကူတစ်ယောက်ရယ် လိုက်ပါလာခဲ့ကြတယ် သူတို့က အိမ်းနီးနားချင်း
ကုန်ကားမောင်းသူတွေလေ ကျနော်က ဘွဲ့ယူပြီး မူလတန်းကျောင်းတစ်ကျောင်းဖြစ်တဲ့
ရှမ်းပြည်နယ်တောင်းပိုင်းက အင်ကျိုင်းဆိုတဲ့ရွာငယ်လေးမှာ တာဝန်ကျပါတယ် ကျနော်က
ကျောင်းဆ၇ာတစ်ယောက်ဆိုတော့ အနာဂတ်ကြယ်ပွင့်လေးတွေကိုမွေးဖွားပေးဖို့ တာဝန်
တစ်ရပ် ကိုယ့်ပုခုံးပေါ်ကျရောက်လာတယ်လို့ ခံယူပြီး နယ်စပ်မြို့လေးက ရွာလေးမှာ ကျောင်း
ဆ၇ာတစ်ယောက်အဖြစ်ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် အလွန်သာယာလှပတဲ့ မြို့လေးနဲ့
သိပ်မဝေးတဲ့ ရွာလေးဆိုလား တောတောင်ရေမြေတွေက စိမ်းစိမ်းစိုစိုနဲ့ရင်အေးစရာကောင်းတဲ့
နယ်မြေဒေသတစ်ခုတဲ့ လျှိုမြောင် စိမ့်စမ်းတွေအလယ်မှာ ကျေးငှက်သာရကာလေးတွေရဲ့
ဂီတသံလေးတွေနဲ့ဆိုတော့ အလွန့်အလွန်သာယာလှပတယ်ဆိုတဲ့ အကြောင်းတွေ
ကြားသိရတော့ ကျနော်သွားချင်လွန်းလို့ ခုလို ကုန်တင်ကားနဲ့ လိုက်ဖြစ်ခဲ့တာပါ.....။
အနာဂတ်လူငယ်တွေကို စည်းကမ်းတကျ လိမ္မာပါးနပ်မှု့ရှိအောင် နိုင်ငံကြိးသားစိတ်
ဓာတ်တွေ စိမ့်ဝင်လာအောင် ကိုယ်တတ်ထားတဲ့ပညာရပ်နဲ့ ထုဆစ်မယ်ဆိုတဲ့ခံယူချက်နဲ့
ကျောင်းဆ၇ာတစ်ယောက်ဖြစ်ရတဲ့ ဘ၀ကို ဂုဏ်ယူစွာ လက်ခံခဲ့ပါတယ် လက်ခံထားတဲ့
အတိုင်း လုပ်နိုင်မယ်လို့လဲယုံကြည်နေမိတယ် ဒီလိုနဲ့ တာဝန်ကျတဲ့ မြို့နယ်လေးကို
မနက်ငါးနာရီလောက်မှာေ၇ာက်လာပါတယ် မိုးမလင်းသေးတော့ ကားသမားတွေနဲ့
လဘက်ရည်ဆိုင်လေးမှာခဏနားပြီး မြို့နယ်ရုံးကိုလာခဲ့ပါတယ် မြို့နယ်ရုံးမှာ အရင်က
ခင်မင်ခဲ့ဘူးတဲ့ကို အောင် သန့်ဆိုတဲ့လူက နေ့လည်လောက်ရောက်မယ်ထင်လို့
ကားဂိတ်မှာ စောင့်ပြီး ကြိုမယ်လို့ စိတ်ကူးထားတာ တဲံ့ ခုလိုစောစောကြီးေ၇ာက်
လာမယ်လို့မထင်မိဘူး ဆိုပြီး ကြိုပြောနင့်တယ်လေ ရုံးက လူကြီးတွေက ကြိုသိနင့်
ပြီးသားမို့ တာဝန်ကျမဲ့ ရွာကို လူလွတ်ပြီး ဆ၇ာရောက်လာပြီတဲ့ အကြောင်း သတင်း
ပို့ခိုင်းပါတယ် ရုံးမှာ တစ်နာရီကျော်ကျော်လောက် နားပြီး ခဏနေတော့ အင်ကျိုင်းရွာသား
တွေ ဆိုင်ကယ်တွေနဲ့ လေးငါးခြောက်ရောက်လောက် ရောက်လာပါတယ် သူတို့လဲ
ရုံးမှာ ခဏနားပြီး ကျနော်လဲ လိုအပ်မယ်ထင်လို့ ယူလာတဲ့ဆိုင်ကယ်လေးနဲ့ သူတို့
နောက် ကနေ အင်ကျိုင်းရွာလေးဆီသို့လိုက်လာပါတော့တယ်...။
ရွာသူရွာသားတွေက ကျောင်းဆ၇ာ ၇ပြီ ဒီနေ့ပဲေ၇ာက်လာမယ်ဆိုလို့ ပျော်ပျော်
ရွှင်ရွှင် တောင်းတောင်းဖြဖြကြိုဆိုနေကြတယ်၊ အမတန်းရိုးသားပွင့်လင်းဖြူစင်တဲ့
ရွာသူရွာသားတွေဆိုတော့ သူတို့ရဲ့အမူအရာတွေက မြတ်နိုးဖွယ်အရမ်းကောင်းတယ်
ကျောင်းတက်ကြမယ့် ကျောင်းသူကျောင်းသားတွေရဲ့မျက်နှာမှာ သူတို့ရဲ့အနာဂတ်ဖခင်
ကြီးကိုရောက်လာသလို လေးစားမှုမျိုးတွေနဲ့ ကျနော်အရမ်းအားတက်မိပါတယ်
အရမ်းကြည်နူးဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့ပါပဲ ရွာသူရွာသားတွေရဲ့ထုံးစံအတိုင်း
ကျနော့်အတွက် စာသင်ကျောင်းနဲ့ အနီးလေးမှာ အိမ်လေးတစ်လုံးဆောက်ထားတယ်လေ
သူတို့ရဲ့ရောက်လက်ဆောင်တွေကလဲ အများကြီးပဲ ပန်းသီးသစ်သော်သီး အစုံပါပဲ
ဒီရွာလေးမှာ နေ့တိုင်းနေ့တိုင်း ကျောင်းသူကျောာင်းသားတွေနဲ့“မင်္ဂလာပါဆ၇ာကြီး”
ဆိုတဲ့ နုတ်ဆက်သံလေးတွေအောက် ဘ၀ကိုစုံလုံးနှစ်မြှုပ်ပြီးနေလာခဲ့တယ်..။
နောက် ရွာမှာလိုအပ်တာလေးတွေကူညီပေးပြီး စာကြည့်တိုက်လေးဖွင့်လေးဖွင့်တယ်
နောက်အရမ်းလိုအပ်တဲ့ ဆေးခန်းလေးဖွင့်ဖို့ ရုးံးကိုအကူညီတောင်းပြီး ပရဟိတ
ဆေးခန်းလေးဖွင့်မယ်ဆိုတော့ ရွာသူရွာသားတွေက အရမ်းသဘောကျတယ်လေ
ရွာမှာက မိုးတွင်းကာလမှာဆို အဖျားအနားတွေက အလွန်ပေါတယ်ဆိုတော့ အရမ်း
လိုအပ်နေမှန်းလဲ သူတို့သိနေကြတယ်လေ ဒီထက်ကံကောင်းတာက အဲ့ဒီရွာမှာ
ဆယ်တန်းအောင်ပြီးကျောင်းဆက်မတက်ပဲ ခဏနားနေတဲ့ ကောင်မလေးတစ်ယောက်
ဆရာ့ပရဟိတ ဆေးခန်းလေးမှာ ကူညီချင်တယ်လို့ ကျောင်းသားမိဘအချို့ပြောတယ်
နာမည်က ခမ်းဝါဖူး တဲ့သူက တောင်ကြီးမှာကျောင်းသွားတက်ပြီး ဆယ်တန်းအောင်လို့
ရွာပြန်ပြီး အိမ်ကိုကူလုပ်ပေးနေတာတဲ့ ကူညီပေးမဲ့သူ ရှာရခက်မဲ့သူ အမြန်ရသွားပြီ
ဆိုတော့လဲ ကျနော်အရမ်းဝမ်းသာပီတိဖြစ်ခဲ့ရတယ်။
နာမည်လေးနဲ့ လိုက်အောင် လှပချောမောပါတယ်ရိုးသားဖြူစင်သူလေးပါ နောက် သူ့မိဘ
တွေ ပြောပြတာက ငယ်ငယ်ကဆို ယောကျာ်းလေးအတိုင်းပဲ အရမ်း အစအနောက်တန်တယ်
ခဏခဏ ကျောင်းမှာရန်ဖြစ်တယ် တဲ့ ခုမှ မိန်းကလေးတစ်ယောက်လို ပြုပြင်ပေးထားတဲ့
အရမ်း ချစ်ဖို့ကောင်းတဲ့ ရှမ်းမလေးပါ ခမ်းဝါဖူးကိုတွေ့လိုက်တော့ ကျနော့်ချစ်သူကို အရမ်း
သတိရမိတယ် ဗျာ လွမ်းလဲ လွမ်းမိတယ် လက်ရှိအလုပ်ကို စွန့်ပြီး ချစ်သူရှိရာမြို့လေးသို့
ပြန်လာချင်စိတ်တွေတစ်ဖွားဖွားပေါ်လာခဲ့တယ် ဒါပေမဲ့ ကျနော့်ချစ်သူက ကျနော့်အပေါ်
သစ္စာဖေါက်မှာမဟုတ်သလိုလို ကျနော်ကလဲ ကျနော့်ချစ်သူအပေါ်လုံးဝသစ္စာဖေါက်မှာ
မဟုတ်ဘူးဆိုတဲ့အသိစိတ်လေးနဲ့ ပျော်အောင်နေခဲ့ပါတယ် ကျနော့်ချစ်သူက အရမ်းချော
မောလှပဲတဲ့နတ်သမီးလေးတစ်ပါးပါ ကျနော်အရမ်းချစ်တယ် အရမ်းမြတ်နိုးတယ်...။
ဒီလိုနဲ့ပရဟိတ ဆေးခန်းလေးဖွင့်ဖြစ်ခဲ့ပါတယ် ရှမ်းမလေးရဲ့ကူညီမှုကြောင့် ရွာသူရွာသား
များနဲ့ကျနော်အပါအ၀င် အဆင်ပြေခဲ့ပါတယ် ခမ်းဝါဖူးကိုမြင်မိတိုင်း ကျနော့်ချစ်သူကို
သတိရနေမှုလွန်ကဲနေတဲ့ရောဂါတစ်ခုကိုခံစားလာခဲ့တယ် ..ရှမ်းမလေးနဲ့တွေ့တိုင်း စလိုက်
နောက်လိုက်နေလာခဲ့တာ သူလေးက အရမ်းသဘောကောင်းတယ်လေ ဘယ်အခါမှ စိတ်ဆိုး
စိတ်ကောက်တာ မတွေ့ဖူးဘူးလေ အသက်က ကျနော့်ထက် အရမ်းငယ်ပါတယ်
ကျောင်းဆက်တက်ရအုံးမယ်လေ ၇ိုးသားပွင့်လင်းဖြူစင်မှုကိုစားသုံးရတာလဲ အရမ်းကို
မြတ်နိုးဖွယ်ကောင်းတယ်ဆိုတာခုမှသိလာရတယ်..။
ကျနော်ပျင်းတဲ့ အချိန်တွေမှာ သူရှိနေတဲ့ ဆေးခန်းလေးကို သွားပါတယ် ဆေးခန်းလေးမှာ
သူက အကူလေ မြို့နယ်က ကျနော့်တောင်းဆိုမှုကြောင့်ပေးထားတဲ့ ဆရာမကြီးဒေါ်မိခင်နဲ့
အတူ ရှိနေကြတယ်လေ စကားလေးပြောချင်လို့ လမ်းလျှောက်တာဝါသနာပါးလားလို့
ခမ်းဝါကိုမေးတော့ အင်း တဲ့ အားရင်တစ်ခါတစ်လေ လျှောက်ဖြစ်ပါတယယ် တဲ့ ဆ၇ာ
ပျင်းရင် သွားကြမယ်လေ ဟိုဘက်နားလေးမှာ ဘကြီး စိုးရဲ့ခြံရှိတယ် သစ်သီးခြံ အဲ့ဒီဘက်
လမ်းလျှောက်သွားလို့ရပါတယ်တဲ့ ခမ်းဝါက ပြောပြတယ် ပျင်းတဲ့ အခါ ခမ်းဝါနဲ့စကား
ပြောဖြစ်တယ် ဆေးခန်းမှာ သူရဲ့ကူညီမှုကြောင့် ရွာသူရွာသားတွေ အတွက် ကမ္ဘာအဆင့်မီ
ဆေးရုံကြီးသဖွယ် အားကိုးကြရရှာတယ် လိုအပ်တဲ့ဆေးကိုမြို့တက်ဝယ်ပေးတယ် အနှစ်နာ
ခံပြီးလဲ ကူညီပေးတတ်တယ် သူ့၇ဲ့မပီမသစကားသံလေးတွေက နှစ်သက်ဖွယ် အရမ်း
ကောင်းတယ် ရိုးသားတဲ့သူ့ရဲ့မျက်လုံးလေးတွေက ကျနော့်ရင်ဘက်ထဲတံခါးမခေါက်ပဲ
ရောက်လာခဲ့တယ်ဆိုတာ ကျနော်ကိုယ်တိုင်မသိလိုက်မိဘူးလေ ကျောင်းသူကျောင်းသား
တွေရဲ့ကြိုးစားမှု့ကျနော်ရဲ့ကြိုးစားမှု့တွေကြောင့် ခုဆိုအလယ်တန်းမှာကျောင်းတက်နေ
ကြတဲ့တပည့်တွေလဲ ပေါ်ပေါက်လာခဲ့ပြီ..။
ဒီလိုနဲ့ နှစ်ဝက်လောက်မှာ ခမ်းဝါဖူးဆီသွားရင်း ညနေစောင်းအလုပ်နားချိန်မှာ သူရဲ့ဘကြီး
ခြံဘက်ကိုနှစ်ယောက်သား လမ်းလျှောက်ထွက်ဖြစ်ခဲ့ကြတယ်လေ သူက ဆရာမပုံစံလေး
ကျောင်းစိမ်းလေးနဲ့ဆိုတော့ ကိုယ့်တပည့်မလေးလို သံယောဇဉ်တွယ်တာပေါ့ ခြံလေးက
သာသာယာယာ အသီးအနှံပင်တွေစုံလို့ နေချင်စဖွယ်လေး တောင်စောင်းလေးမှာ ကျောက်
တုံးလေးဘေးဆောက်ထားတဲ့ ဓနိမိုးသဲလေးမှာ ခဏနားရင် ပြန်လာခဲ့ကြတယ် အပြန်လမ်းမှာ
ကျနော်က မေးခွန်းလေးတွေနဲ့ သူ့ကိုစကားစပြောပါတယ် သူကခပ်တည်တည်နဲ့ပဲ စကား
ဖြေပြန်ပေးတယ်လေ ချစ်သူရှိမရှိသေချာမသိသေးပေမဲ့ ရှိနေသယောင်စကားလေးတွေနဲ့
ပြက်ရယ်ပြုရင်းစကားပြောပါတယ် သူ့ကိုအရမ်းချစ်ဖို့ကောင်းကြောင်းပြောပြတော့
ပြုံးပြုံးလေးနဲ့ လူတွေဒီလိုပဲ ပြောကြပါတယ်တဲ့ ချစ်သူဖြစ်ဖို့အခွင့်ရေးရှိပါသလားလို့မေး
တော့ မရှိဘူး တဲ့ တစ်လုံးထဲပဲ ကျနော့်အပေါ်ဘယ်လိုသဘောထားလဲ ဆိုပြီးမေးပြန်တော့
တိကျတဲ့ အဖြေကိုမပေးတော့ဘဲ ဆ၇ာ့ အိမ်ေ၇ာက်အောင်လိုက်ပို့မယ်နော်တဲ့ ဆရာ့မှာ
ချစ်သူရှိလောက်တယ်နော်တဲ့ ... ကျနော်ပြောသမျှစကားတွေကိုစိတ်မဆိုးဘဲ နားထောင်
ပေးတဲ့ခမ်းဝါကို အရမ်းအားနာမိတယ် နောင်တလဲရမိတယ် ..။
အိမ်ရောက်ပြီး ညဘက်အိပ်ရာဝင်ချိန်မှာ ညနေက ခမ်းဝါနဲ့အတူလမ်းလျှောက်ရင်းပြောဖြစ်ခဲ့
တဲ့စကားလေးတွေ ကိုစဉ်းစားမိတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ် အားလည်းနာတယ်
ကျနော့်မှာ အရမ်းချစ်ရတဲ့ ချစ်သူရှိတယ်လေ ကျနော့်ချစ်သူအပေါ်သစ္စာဖေါက်သလိုဖြစ်သွား
တဲ့ အတွက်အရမ်း စိတ်မကောင်းဖြစ်မိတယ် ခမ်းဝါကိုပြောမိတဲ့ စကားကိုတွေ အတွက်
ကျနော့်ကိုယ်ကျနော် ရှက်မိတယ် နောင်တရမိတယ်လေ အဲ့ဒီညမှာ အားနာခြင်း နောင်တရခြင်း
သစ္စာဖေါက်မိသလိုခံစားရခြင်းဆိုတဲ့အ၇ာတွေက ကျနော့်ရဲ့ အိပ်စက်အနားယူခွင့်တွေကို
သိမ်းပိုက်သွားပါတော့တယ်ဗျာ.....။
ချစ်ခရီးလမ်းမှာ သာယာဖြောင့်ဖြူးနိုင်ကြပါစေလို့ ဆုတောင်းလျက်
အားလုံးကိုလေးစားလျက် လွမ်းသစ္စာ..။
*****စံလွန်းတင်*****