ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာမြေကြီးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း အတော်ကြာကြာကတည်းက တိုးတက်လာခဲ့ပါပြီ။ IT နည်းပညာလို့ခေါ်တဲ့ သတင်းအချက်အလက် နည်းပညာတွေ တစ်စတစ်စ တိုးတက်လာခဲ့ပါတယ်။ ကမ္ဘာကြီးရဲ့တိုးတက်မှုနဲ့အညီ ကျွန်တော်တို့မြန်မာနိုင်ငံဟာလည်း တိုးတက် သင့် သလောက်တော့ မဟုတ်ပေမယ့် အထိုက်အလျှောက် တော့တိုးတက်လာခဲ့ပါပြီ လို့ပြောလို့ရ ပါတယ်။
ဒီအစိုးရလက်ထက်မှာ IT နည်းပညာရဲ့ လက္ခဏာတွေ အမြောက်အများ ကို အစိုးရဌာနရုံး တွေမှာ ပိုပြီးတွေ့လာရပါပြီ။ မီတာခကောက်ခံရေး နဲ့ ဖုန်းဘီလ် ကောက်ခံရေးတွေမှာ အထင်းသား တွေ့မြင်နိုင်ပါတယ်။
ဒါ့အပြင် နိုင်ငံတော်အဆင့် အစည်းအဝေး ကြီးတွေလုပ်တဲ့ ခမ်းမကြီးတွေ မှာ တပ်ဆင်ထားကြပါပြီ။ ဒါပေမယ့် ဒီခမ်းမကြီးတွေ မှာရှိတဲ့ IT နည်းပညာ အသုံးပြုနိုင်တဲ့ ကွန်ပြူတာကြီးတွေ ခမျာ အလုပ်မလုပ်ရရှာ ပါဘူး။ ဘာ့ကြောင့်လဲတော့မသိ ကွန်ပျူတာဖွင့် ထားတယ် ဆိုရင်လည်း မထမဆုံးwindow အဆင့်(desktop)မှာပဲ ရပ်လို့နေပါတယ်။
ဒီကွန်ပျူတာကြီးတွေ ရှေ့မှာ ထိုင်နေတဲ့ အရာရှိကြီး များဟာဆိုရင် ရှေးတုန်းကလို စာရွက်ကလေးတွေ ပေါ်မှာပဲ ရေးကြ ဖတ်ကြ မှတ်ကြ လုပ်နေကြလေ တော့…. “ဦးတို့ ကွန်ပျူတာ မနှိပ်တက်လို့လား” လို့ မေးချင်တာပေါ့နော်။ ပြောရင်လည်းရယ်စရာ ဖြစ်နေပါတယ်။ ညစဉ် ၈ နာရီ မှာ တင်ဆက်လေ့ရှိတဲ့ သတင်းကို ကျွန်တော်က ကြည့်ဖြစ်လေ တော့ အစည်းအဝေးကြီးတွေ ကို ဒီအတိုင်း မြင်နေရလို့ပြော တာပါ။
Facebook ကသူငယ်ချင်းတစ်ယောက်က လည်း ဒီအကြောင်း ကို ဓာတ်ပုံလေး မှာ နီနီ အ၀ိုင်း ကြီးတွေ ၀ိုင်းပြီးဖေါ်ပြထားသေးတယ်ဗျ။ သူကပြောလိုက်သေးတယ် မသုံးရင်လည်း သုံးမယ့် နေရာ တွေလျှူလိုက်ပါလားတဲ့။ ဟုတ်ပါတယ် လျှူလိုက်မှ ပိုအကျိုး ရှိပါလိမ့်ဦးမယ်။
မသုံးတက်လို့ ပါ ဆိုရင်လည်း ကျွန်တော် ငါးကလေး က သင်ပေးပါ့မယ်ဗျာ။ ပိုက်ဆံမယူပါဘူး နိုင်ငံတော်တိုးတက်ရေး ပဲ ကူညီရမှာပေါ့ ဗျာ……….လို့။
နောက်တာနော် စိတ်ဆိုးရဘူး…….^_^။