လောက ကြီးမှာ မသိသင့်တာ မရှိဘူး မလုပ်သင့်တာပဲ ရှိတယ် ဆိုတဲ့ တန်ဖိုးရှိတဲ့ စကားကို ကျန်တော့ဆရာတစ်ဦးဆီကနေ
ကြားခွင့်ရခဲ့တယ်။ အင်မတန် မှတ်သားထိုက်တဲ့ စကားလေးပါပဲ။ ဒါပေမဲ့ ကောင်းတဲ့ အရာတွေဟာ မှတ်သားထားဖို့တင်မဟုတ်
ပါဘူး။ ကျန်တော်တို့က မှတ်သားစရာကောင်းတွေတွေ့ ရင် မှတ်သား၊ ရေးသားလိုက်တာ အမှန်ပါပဲ။ သို့သော် လိုက်နာ ကျင့်ကြံ
ဖို့အတွက်ဆို ကျန်တော်တို့ဟာ တွန့်ဆုတ်တတ်တဲ့ အကျင့်လေးတွေရှိတတ်ကြတာ ဓမ္မတာ ပါပဲ။ မိမိ ကိုယ်တိုင် လိုက်နာနိုင်ဖို့
ထိန်းသိမ်း နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ အစဉ်အလာ တွေမှန်ရဲ့လား ၊ အတွေးအခေါ်တွေမှန်ရဲ့လား၊ သူပြောတာဟုတ်ရဲ့လား
စိစစ်ဝေဖန်နိုင်တဲ့ အရေအချင်းရှိထားရမယ်။ စာဖတ်တိုင်း လဲ မပြီးသေးဘူးဗျ။ စာဖတ်တယ် ဆို တဲ့ အဆင့်ကနေကျော်လွှာရမယ်။
လက်တွေ့ကိုသွားရမယ်။ မလွယ်မှန်းတော့ သိပါတယ်။ လွယ်လွယ်နဲ့ရရင် လူတွေအားလုံး ကမ္ဘာကျော်တွေပဲဖြစ်နေမှာပေါ့ဗျာ။