Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆုံ (၄)

$
0
0

ဗုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ၀ါ။

ဧ၀ံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ-လို့

ဇာတ်တော်မှာ မြတ်စွာဘုရားက ဟောကြားထားသည် မဟုတ်ပါလား။

 

အဓိပ္ပါယ်ကတော့- ရေနှင့်ညွှန်ဆိုတဲ့ အကြောင်းနှစ်ချက်ကြောင့် ရေကန်ထဲမှာ ကြာမျိုးစုံ ပေါက်ရောက်လာခဲ့ရသလို အတိတ်ဘ၀က အတူနေခဲ့ရ ဘူးတာရယ်၊ ပစ္စုပ္ပန်ဘ၀အကျိုးစီးပွါးတွေ လုပ်ကြရဘို့ရယ်-ဆိုတဲ့ အကြာင်းနှစ်ချက်ကြောင့် ယခုဘ၀မှာ ဆုံတွေ့ခွင့် ချစ်ခွင့် ရရှိနေကြတယ်လို့ ဆိုလိုတာပါပဲ။

 

ဒီတစ်ခါတော့ သာသနာမှာ သမိုင်းဝင်ဖြစ်ခဲ့တဲ့ အသာကဘုရင်နှင့် နိဂြောဓသာမဏေတို့ရဲ့ ဆုံတွေ့ခွင့် ချစ်ခွင့် ရရှိပုံကို ရေးလိုက်ပါတယ်။

 

အသောက ရှင်ဘုရင်ကြီးဟာ နန်းတက်ပြီးခါစ အဘိတ်သိက် မခံခင် လေးနှစ်၊ အဘိတ်သိက်ခံပြီး လေးနှစ်လောက် ၀န်းကျင်မှာတော့ သာသနာတော်ရဲ့ ဆန့်ကျင်ဘက် အယူကိုသာ ယူလေ့ ရှိနေပါသေးတယ်။ အဘိတ်သိက်ခံပြီး လေးနှစ်အရောက်မှာတော့ ---တစ်နေ့မှာ နန်းတော်ရဲ့ ပြာသာဒ်အထက် လေသာပြူပေါက်ကနေ ငေးမောကြည့်နေမိပါတော့တယ်။ စိတ်ကလဲ ဟိုတွေး ဒီတွေးနဲ့ အတွေးပေါင်း မြောက်များစွာပေါ့။ အထူးသဖြင့် တွေးတော နေမိတာကတော့ သူယူထားတဲ့ အယူဝါဒအပေါ် သံသယဖြစ်နေမိတာကိုပါပဲ။ အဲဒီလို တွေးတော ငေးမောလို့ နေတဲ့အချိန်မှာပဲ နန်းရင်ပြင်မှာ ငြိမ်သက်တဲ့ ဣနြေ္ဒနှင့် သွားနေတဲ့ နိဂြောဓသာမဏေလေးကို မြင်တွေ့လိုက်တာပါပဲ။ မြင်လျှင် မြင်ချင်းပဲ ဆိုသလို ချစ်စိတ်တွေ ဖြစ်ခဲ့ပါတယ်။

 

အဲဒီတော့ အသောကနှင့် နိဂြောဓသာမဏေတို့ ယခုဘ၀ ဆုံတွေ့ခွင့် ချစ်ခွင့်ရရှိလို့ သွားကြပြီပေါ့။ ဒီလို ရရှိသွားတာဟာ ဘာကြောင့်ပါလဲ။ အတိတ်အကြောင်းကို ဆောင်ကြည့် လိုက်ကြရအောင်ပါ။

 

အတိတ်ဘ၀တုန်းက ညီအစ်ကို သုံးယောက်ရှိခဲ့ဘူးပါသတဲ့။ အဲဒီ ညီအစ်ကိုယ် သုံးယောက်ဟာ ပျားရည်ကုန်သည်လုပ်ပြီး အသက်မွေးဝမ်းကြောင်းကာ နေထိုင်ကြပါသတဲ့။ တစ်နေ့တော့ ညီအငယ်ဆုံးဖြစ်သူက ပစ္စေဗုဒ္ဓါအရှင်မြတ်အား ပျားရည်များ လှူဒါန်းလိုက်ပါသတဲ့။ ဒီကောင်းမှု့ကြောင့် ဇမ္ဗူဒိပ်မှာ အထက် အောက် အာဏာပျံ့နှံ့တဲ့ ဧကရာဇ်မင်း ဖြစ်ရပါလို၏-လို့ လည်း ဆုတောင်းလိုက်ပါသေးသတဲ့။ ကျန်တဲ့ ညီအစ်ကိုနှစ်ယောက်ကတော့ အဲဒီ လှူဒါန်းထားတဲ့ ကောင်းမှု့ကို သာဓုအနုမောဒနာ ခေါ်ဆိုလိုက်ကြပါသတဲ့။

 

အဲဒီ အတိတ်ဘ၀က စုတေပြီးနောက် ယခု ပစ္စုပ္ပန်ဘ၀ကို ရောက်ရှိလို့ လာခဲ့ကြပါပြီ။ ပျားရည် လှူဒါန်းတဲ့ကောင်းမှု့၊ သာဓုအနုမောဒနာခေါ်ဆိုကြတဲ့ ကောင်းမှု့တို့ကြောင့်  ညီငယ်က ဆုတောင်းထားတဲ့အတိုင်း ဇမ္ဗူဒိပ်မှာ အထက် အောက် အာဏာပျံ့နှံ့တဲ့ ဧကရာဇ်မင်း ဖြစ်လို့ လာခဲ့ပါပြီ။ ညီလတ်က သီဟိုဠ် (သီရိလင်္ကာ) ကျွန်းမှာ ဒေ၀ါနံပိယတိဿမင်း၊ အစ်ကိုယ်အကြီးဆုံးကတော့ နိဂြောဓသာမဏေရယ်လို့ ဖြစ်ခဲ့ကြပြီပေါ့။

 

အဲဒီတော့ အသာကဘုရင်ဟာ နိဂြောဓသာမဏေကို  မြင်လျှင် မြင်ချင်းပဲ ဆိုသလို ချစ်စိတ်တွေ ဖြစ်သွားတာ၊ ပစ္စုပ္ပန်ဘ၀ ဆုံတွေ့ခွင့် ရရှိသွားတာဟာ အတိတ်ဘ၀က ကုသိုလ်ကောင်းမှု့တွေ လုပ်ခဲ့ကြပြီး ညီအစ်ကိုတော်စပ်ခဲ့ဘူးတဲ့ သံယောဇဉ်ဆိုတဲ့ အကြောင်းကြောင့်လို့ မှတ်သားထားရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

ရေ ညွှန်နှစ်ခု၊ အကြောင်းပြု၊ ဖြစ်မှု့ ဖြူ နီကြာ။

အတိတ်ရေစက်၊ ပစ္စုပ္ပုန်ဖက်၊ နှစ်ချက် ချစ်မှု့ဖြာ။

 

(၁၀-၁-၂၀၁၃) ကြာသပတေးနေ့ ည ၈-နာရီ ၄၅-မိနစ်

 သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>