Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မရိုးနိုင်သော ပုံပြင်လေး.....

$
0
0

                    ဟိုးရှေးရှေးတုန်းက သားအဖနှစ်ယောက် တောထဲကို ထင်းခွေသွားကြတယ်...တဲ့ ( ထင်းခွေ

သွားကြတယ်ဆိုတာက မြန်မာမှုပြုတာပေါ့နော်.. ကြိုက်သလို ထည့်သွင်းစဉ်းစားလို့ ရပါတယ်၊ အဆင်ပြေရာ

လေးတွေပေါ့...)

                    ထင်းခွေရင်း ခဏနားနေတုန်းမှာ...... ဆင်အုပ်ကြီးတစ်အုပ်ထဲက  ဆင်ကြီး တစ်ကောင်ကို

ရုတ်ကနဲ ဂဠုန်ကြီးတစ်ကောင်က သုပ်ချီသွားရောတဲ့...

                    ဒီအဖြစ်အပျက်ကိုသားအဖနှစ်ယောက်ဟာအံ့သြတကြီးနဲ့ ကြည့်နေရင်းက ဖခင်ဖြစ်တဲ့သူက

သားဖြစ်သူကို  `` သားရေ ဒီအကြောင်းကို မင်းရွာထဲရောက်တဲ့အခါ လျှောက်မပြောနဲ့...´´ လို့ မှာလိုက်ပါ

တယ်.....။

                    သားဖြစ်သူကလည်း အမှန်တရား ဖြစ်နေပါလျှက်နဲ့ မပြောဖို့ တားမြစ်တဲ့ .....ဖခင်ဖြစ်သူကို

မကျေမချမ်းနဲ့  ``  ဘာလို့တုန်း အဖေရဲ့ ဆင်ကြီးကို ဂဠုန်ချီသွားတာ အဖေရော ကျွန်တော်ရော မြင်တာပဲ၊

ဒါ အမှန်တရားပဲလေ..´´လို့ ပြန်ပြောသတဲ့။

                    ဖခင်ဖြစ်သူက ``အမှန်တရားပေမဲ့လည်း လူတွေ လက်ခံနိုင်စရာ ယုတ္တိမရှိရင် မပြောသင့်

ဘူးသားရဲ့... မင်းကို အရူးလို့ ထင်လိမ့်မယ်... လူတွေက ဂဠုန်ဆိုတာကို မမြင်ဘူးကြဘူးကွ.´´ လို့ ပြန်ပြော

လိုက်ပါသတဲ့။

                   ဒီလိုနဲ့ ရွာပြန်ရောက်တော့......  သားဖြစ်သူဟာ သူမြင်တွေ့ခဲ့ရတဲ့ အံ့သြစရာ ဖြစ်ရပ်ကြီးကို

အောင့်အီး မထားနိုင်ရှာပဲ သူ့ သူငယ်ချင်းကို ပြောပြမိပါသတဲ့.....။

                   သူငယ်ချင်းဖြစ်သူကလည်း တစ်ခါမှ မကြားဘူးလို့ မယုံကြည်ကြောင်း   ပြန်ပြောတော့ သား

ဖြစ်သူဟာ လူငယ်သဘာဝ မခံမရပ်နိုင်ဖြစ်ပြီး ``မယုံရင် ဒို့အဖေကို သွားမေးမယ်၊ အဖေလည်း မြင်တယ်.

မင်းနဲ့ငါ နွားတစ်ကောင်ကြေးလောင်းမလားလို့...´´ လောင်းကြေးထပ် စိန်ခေါ်ပါသတဲ့။

                   သူငယ်ချင်း ဖြစ်သူကလည်းမဖြစ်နိုင်ကြောင်း သုံးသပ်ပြီးနွားတစ်ကောင်ကြေး လောင်းကြေး

ထပ်ပြီး ဖခင်ဖြစ်သူကို သွားရောက်မေးမြန်းကြတယ်တဲ့.....။

                    ဖခင်ဖြစ်သူကလည်း    `` မဟုတ်ပါဘူးကွာ....  ဂဠုန်ရှိတာ မင်းမြင်ဘူးလို့လား၊  ဒီကောင်

လျှောက်ပြောနေတာ´´လို့ သူငယ်ချင်းဖြစ်သူကို ပြောလိုက်သတဲ့။

                    ဖခင်ရဲ့ စကားကြောင့် သားဖြစ်သူဟာ နွားတစ်ကောင်ရှုံးသွားခဲ့ပြီး မကျေမချမ်းဖြင့် ဖခင်ဖြစ်

သူကိုမြည်တွန်တောက်တီးနေပါသတဲ့......

                    ဖခင်ဖြစ်သူက `` သား... မင်းသူငယ်ချင်းဆီကို ပြန်သွား. ပြီးတော့ ငါ့အဖေက မျှားတစ်စင်း

တည်းနဲ့ တစ်ချက်ထဲ ပစ်တာ သမင်ရဲ့ ဘယ်ဘက်နောက်ခြေရယ်....၊ နားရွက်ရယ်....၊ ဦးခေါင်းရယ်ကို ထုတ်

ချင်းခတ် ဖောက်ထွက်သွားတယ်လို့ နွားနှစ်ကောင်ကြေး လောင်းကြေးထပ်ပါ..´´လို့ မှာသတဲ့.....။

                    သားဖြစ်သူကလည်း မဖြစ်နိုင်သောစကားဖြင့် လောင်းကြေးထပ်လျှင် သူရှုံးမည်ဖြစ်ကြောင်း

ပြန်ပြောတဲ့အခါမှာ ဖခင်က တာဝန်ယူကြောင်းနှင့် ရှုံးခဲ့လျှင် နွားသုံးကောင်ပြန်ပေးမည်ဖြစ်ကြောင်း ပြောဆို

လွှတ်လိုက်ပါသတဲ့.....။

                     သားဖြစ်သူကလည်းဖခင်၏ကတိအတိုင်း သူငယ်ချင်းဖြစ်သူကို ပြောပြပြီးလောင်းကြေးထပ်

ကာ ဖခင်ဖြစ်သူထံသို့ လာရောက်မေးမြန်းကြပါသတဲ့။

                     ဖခင်ဖြစ်သူက သူငယ်ချင်းဖြစ်သူ၏အမေးကိုနားထောင်ရင်း`` အော်..ဒါလား..ဟုတ်တယ်

ကွ။  ဦး ပစ်လိုက်တာ တစ်ချက်တည်းနဲ့  သမင်ရဲ့ ဘယ်ဘက် နောက်ခြေရယ်....၊ နားရွက်ရယ်....၊ ဦးခေါင်း

ရယ်ကို ထုတ်ချင်းခတ်ဖောက်ထွက်သွားတယ်လို့´´ ပြန်ပြောလိုက်ပါသတဲ့...။

                    ဒီလိုပြောတဲ့ အခါမှာ သားဖြစ်သူရဲ့ သူငယ်ချင်းက `` ဘယ်လိုဖြစ်နိုင်မှာလဲဦးလေးရာ မျှား

တစ်ချက်တည်းနဲ့တော့ မဖြစ်နိုင်ပါဘူး´´ လို့ ပြန်ပြောသတဲ့။

                    ဖခင်ဖြစ်သူက `` ဒီလိုကွာ... တစ်ခါက ဦးလေး တောထဲသွားရင်း သမင်တစ်ကောင် အိပ်

နေတာကို တွေ့တယ်ကွ....၊ ဒီတော့ကွာ မျှာလေးနဲ့ ထုတ်ပြီးချိန်နေတုန်း သမင်က ဘယ်ဘက် နောက်ခြေနဲ့

သူရဲ့ နားရွက်ကို ကုပ်တယ်ကွ....။   အဲဒီအချိန်မှာပဲ ဦးလေးက ခေါင်းကို ပစ်လိုက်တော့ သမင်ရဲ့ဘယ်ဘက်

နောက်ခြေရယ်..၊  နားရွက်ရယ်..၊  ဦးခေါင်းရယ်ကို ထုတ်ချင်းခတ် ဖောက် ထွက်သွားတယ်လို့´´  ပြန်ပြော

လိုက်ပါသတဲ့...။

                     ဖခင်ဖြစ်သူရဲ့ ယုတ္တိရှိလှတဲ့ ဖြေရှင်းချက်ကို ကြားရတဲ့ အခါမှာ သူငယ်ချင်းဖြစ်သူကလည်း

လက်ခံ ယုံကြည်ပြီး နွားနှစ်ကောင်လောင်းကြေးကို သားဖြစ်သူက ရရှိသွားခဲ့တယ်.....။

                     ဒီပုံပြင်လေးဟာ... ကာလအတန်ကြာကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပေမဲ့အခုထက်ထိ၊

လူနဲ့ လူ့ပတ်ဝန်းကျင်မှာ အမြဲ ဆန်းသစ်နေတဲ့ ပုံပြင်လေး တစ်ပုဒ်ပါပဲ.......



                    ပုံပြင်လေးကို ဆန်းစစ်ကြည့်တဲ့အခါမှာ လူတွေဟာရင်းနှီးကျွမ်းဝင်မှု မရှိတဲ့အကြောင်းအရာ

တွေအပေါ်မှာ ယုံကြည်ရန်အားနည်းကြောင်းနဲ့  ယုတ္တိရှိတဲ့ အကြောင်းအရာတွေ အပေါ်မှာလည်း လက်ခံယုံ

ကြည်လွယ်ကြောင်းပြောကြားရင်း.....။

                    အတွေး အမြင်လှလှလေးများကို ရရှိပြီး အသိပညာဖြင့်ရှင်သန်နိုင်ကြပါစေကြောင်း...

                                                                                               (ကွန်ဆူးမား)(၁၁-၁-၂၀၁၃)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>