ကောင်လေးရေ........
ဘ၀မှာရှင်သန်လာတာကြာလာတာနဲ့ အမျှသင်ခန်းစာတွေအများကြီးရခဲ့တယ်။အဲ့ဒီသင်ခန်းစာတွေထဲမှာငါအကျွမ်းကျင်ဆုံး
ကတော့ လွမ်းဆွတ်ခြင်း တဲ့။
အခုအဲ့ဒီသင်ခန်းစာကို သင်ရိုးကုန်တတ်မြောက်ဖို့အတွက် ငါနင့်ကိုအရမ်းလွမ်းနေတယ်။ ဘာရယ်တော့မဟုတ်ပါဘူးဟာ...
အမှတ်တရလို့ ငါဘက်ကယူ ဆထားတဲ့အကြောင်းအရာတွေကို တစ်ဖန်ပြန်ပြီးခံစားကြည့် တာပါ။
နင်ရောငါနဲ့ ပတ်သတ်လာရင်ဘယ်လို အရာတွေကိုသတိရတတ်မလဲ.... ?ဒီလိုမေးခွန်းမျိုးအတွက်အဖြေက နင့်ရင်ထဲမှာမရှိ့နိုင်ပါဘူးဟာ။နင့်အတွက် ငါဟာတကူးတက သတိရစရာမိန်းကလေးတစ်ယောက်မှမဟုတ်တာပဲလေ....။
ဘယ်လိုပဲဖြစ်ဖြစ်ပါ..ကိုစိုင်းစိုင်းပြောဖူးသလိုပေါ့ " အချစ်ဆိုတာချစ်နေဖို့ပဲလိုပါတယ်" တဲ့။ငါလည်းနင့်ကိုချစ်နေရရင်ပဲ
ကျေနပ်စွာနေတတ်ခဲ့ပါပြီ။
ဒါပေမယ့် ငါ့ဘ၀ရဲ့ စာမျက်နှာတွေပေါ်မှာ အချစ်ဆိုတဲ့စာသားကိုရေးသားမထားဘူးထင်ပါတယ်။အချစ်ဆိုတာဘာမှန်းမသိပဲနင့်ကိုချစ်မိတဲ့အတွက်အသည်းကွဲရလည်းငါ့အတွက်တော့တန်ပါတယ်။
ငါ့အတွက်နင်ဟာ အစားထိုးလို့မရတဲ့ ဆုလာဘ်တစ်ခု လို့ အစွမ်းကုန်မြတ်နိုးခြင်းတွေနဲ့ နင်ပျော်ရွှင်စေဖို့ အမြဲငါမျှော်လင့်တတ်ခဲ့ပါတယ်။ငါ့အတွက် တော့လောကကြီးဟာနင့်ကိုချစ်ခွင့်ရနေရုံနဲ့ တင်အရမ်းပျော်စရာကောင်းနေခဲ့ပြီပဲ
လေ........။
သစ်ခွဖြူ
(12.1.2013)