Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

**" ဗုဒ္ဓဘာသာဝင်တိုင်းအတွက် " ***" မသိသူကျော်သွား သိသူဖော်စား " **

$
0
0

https://mail-attachment.googleusercontent.com/attachment/u/0/?ui=2&ik=c5148cb9f4&view=att&th=13adf926a6128ce0&attid=0.5&disp=inline&realattid=f_h99qhvqm4&safe=1&zw&saduie=AG9B_P95h1lYnO0Bjv-YHik3j9w5&sadet=1357620927830&sads=JgJqMbKB1DVfDRGt_eNQ7lLEHfg


ဒီအကြောင်းအရာလေးက ခင်ခင်ရေးတာ မဟုတ်ပါဘူးရှင်... ခင်ခင်ဖတ်မိတဲ့တရားစာအုပ်လးမှ ပြန်လည်ဖော်ပြပေးခြင်းပါ...
သိရှိပြီးသူများနှင့် မသိသေးသော ဓမ္မမိတ်ဆွေ သူတော်ကောင်းများအားလုံး တို့ သိရှိရအောင် ပြန်လည်ဖ်ာရြးသားခြင်း ဖြစ်ပါတယ်ရှင်........

ဦးစွာပထမအနေနဲ့ ခင်ခင် ဒီနေရာလေးကနေ တရားဟောပြပေးသော ဆရာတော်ဘုရားကြီးနှင့်တကွ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးနှင့်အတူ မိဘ၊ ဆရာ အနန္တဂိုဏ်းဝင်
ကျေးဇူးရှင်များအား စိတ်မှာရည်မှန်း လက်ဆယ်ဖြား ထိပ်မှာမိုးလို့ ရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးကန်တော့လိုက်ပါ၏ ဘုရာ

ဓမ္မမိတ်ဆွေ အပေါင်းတို့ရေ ဘဒ္ဒန္တ ဥတ္တမမောဌိ (သာသနဓဇ ဓမ္မာစရိယ) ဆရာတော်ဘုရားကြီး ဟောကြား ထားသော ပန်ချင်သူများ ခေါင်းဖြီးထား တရားတော်စာအုပ်မှ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဤဘဒ္ဒကမ္ဘာမှာ နောင်ပွင့်တော်မူလာမည့် အရိမေတ္တေယျမြတ်စွာဘုရားကို အများသူငါ ဦးစွာပထမ ဖူးတွေ့ နိုင်စေဖို့ နည်းလမ်းကောင်းလေးများကို ပြန်လည်ဖော်ပြပေးချင်ပါသည်ရှင့်

နောင်ပွင့်တော်မူလာမည့် အရိမေတ္တေယျ မြတ်ဘုရားကို ဆယ်ဖြာသောလက်နဲ့ ဦးစွာပထမဖူးတွေ့ချင်ကြပါတယ်ဆိုရင် ဒီအချက်လေးတွေကို လိုက်နာကြည့်ကြပါစို့နော်....
ချစ်တဲ့ ဓမ္မမိတ်ဆွေ သူတော်ကောင်းလေးများရှင့်

အရိမေတ္တေယျ ဘုရားဖူးရန် ပြုရမည့်ကုသိုလ်များမှာ -

(၁) ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဋိပတ်သာသနာပြုနေတဲ့ ပုဂ္ဂိုလ်။

(၂) ဥရံ၀ါပရံ ပုတၱံ၀ါသာသေ
ဗ္ဗာဇေတိ မိမိရင်မှ ဖြစ်တဲ့သား၊  သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုသည့်  ပုဂ္ဂိုလ်။

(၃) မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစု လုပ်ကျွေးတဲ့ ပုဂ္ဂိုလ်။

(၄) သရဏဂုံသီလ မပြတ်ဆောက်တည်သော ပုဂ္ဂိုလ်။

(၅) ဘုရားသာသနာ တည်စိမ့်သောငှာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ်စသည်တို့ကို ပြုပြင်တဲ့ ပုဂ္ဂိုလ်၊ အသစ်ဆောက်လုပ်လှူဒါန်းတဲ့  ပုဂ္ဂိုလ်။

(၆) ဗောဓိညောင်ပင် စိုက်ပျိုးသော ပုဂ္ဂိုလ်၊ ညောင်ရေသွန်းလောင်းသော  ပုဂ္ဂိုလ်။

(၇) ရေတွင်းရေကန် ရေအိမ် စုတုဒီသာ ကျောင်းဇရပ် တံတားပြုပြင်သော ပုဂ္ဂိုလ်၊ အရုဏ်ဆွမ်း နေ့ဆွမ်းလောင်းလှူသော ပုဂ္ဂိုလ်။

(၈) ရဟန်းတို့အား ပစ္စည်းလေးပါးလှူဒါန်းထောက်ပံ့ေ
သာ ပုဂ္ဂိုလ်။


(၉) ကမ္မဌာန်းဘာဝနာ ပွားများအားထုတ်သော ပုဂ္ဂိုလ်။

အဲဒီ ပုဂ္ဂိုလ် အားလုံး ဧကန်မုချ မြေကြီး လက်ခက်မလွဲ၊ အရိမေတ္တေယျဘုရားရှင်ကို ဖူးမြော်ရပြီး
နိဗ္ဗာန်ကိုရမယ်။ ယခုပြောပြခဲ့တဲ့ ကုသိုလ်တွေထဲမှာ မိမိတို့တွေ ဘာကုသိုလ် ပြုထားပြီးခဲ့သလဲ။ အဲဒီကုသိုလ်တွေစုံအောင် လုပ်ထားကြ။ အဲဒါမှ ပိုပြီးစိတ်ချရမှာ။ အဲဒါက ဘုရားကိုယ်တိုင်ပြောပြခဲ့တဲ့ ကုသိုလ်တွေပရှင်........

ကဲခုလောက်ဆို ဓမ္မမိတ်ဆွေ သူတော်ကောင်းများလဲ ယုခုဖော်ပြပေးတဲ့ ကုသိုလ်တွေ ကို အတက်နိုင်ဆုံး ကြိုးစားကြည့်သွားလိမ့်မယ်လို့လဲ ယုံကြည်ထားပါတယ်နော်.....

နောင်ပွင့်ထွန်းပေါ်ပေါက်လာမည့် အရိမေတ္တေယျ မြတ်စွာဘုရားကို  မိမိတက်နိုင်တဲ့ ကုသိုလ်တွေနဲ့အတူ
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုရားရှင်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးတွေ့ခွင့် ရကြပါစေလို့ ဆန္ဒပြုလို့ စေတနာရှေ့ထား ဝေမျှပေးလိုက်ပါတယ်ရှင်........

မှားတာရှိက ခွင့်လွတ်ပေးကြါနော်

အားလုံးကို ခင်မင်လေးစားစွာဖြင့်

ခင်ခင်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>