မင်္ဂလာပါ အပေါင်းနဲ့  ပြည့်စုံကြပါစေလို့  ရွှေမြို့ တော်က မောင်လေး ညီမလေးများ အကိုအမ များအားလုံးကို ခရေ ကနေ နှုတ်ခွန်းဆက်ပါတယ်နော်.
နှစ်ဟောင်းကုန်လို့  နှစ်သစ်ကိုလည်း ကူးပြောင်းခဲ့ပါပြီ။
ခရစ်သက္ကရာဇ် ၂၀၁၂ ကို ကုန်ဆုံးလို့  ၂၀၁၃ ခုနှစ်ကို ရောက်ရှိတဲ့ အခါသမယ မှာ အားလုံးသော ညီအကိုမောင် နှမများ အားလုံး သာယာချမ်းမြေ့ ကြပါစေလို့  အဝေးရောက် ကိုယ်စား မမကြီး မှနေ ဆုတောင်းလိုက်ပါတယ် ။
ဒါပေမယ့် ရွှေမြို့ တော်က နေပြီး ပေါက်ဖွား ဖြစ်တည်လာခဲ့ တယ့် အဝေးရောက် သူငယ်ချင်း များ အဖွဲ့ လေးဟာ ဆက်လက်ပျော်ရွှင်စွာနဲ့ လျှောက်လှမ်းနေပါတယ်…
ခရေတို့  အဝေးရောက် အဖွဲ့ လေးရယ့်  တစ်လ တစ်ခါတွေ့ ဆုံပွဲလေးကတော့ ရောက်ရှိလို့ လာပြန်ပါပြိ…
ခရေ အဝေးရောက် သူငယ်ချင်းများ တွေ့ ဆုံပွဲကို ဖိတ်ကြားတဲ့ ပိုစ်လေး ရေးဖို့  နောက်ကျခဲ့ရပါတယ် ။ ခရေ ရဲ့ အကြောင်းကြောင်း သော ကိစ္စလေးတွေ ကြောင့်ပါ။
ခရေ တောင်းပန်ပါတယ်လို့  အဝေးရောက် က မောင်လေးတွေ ညီမလေးတွေ အားလုံးကိုလည်း။
ခုလ ဇန်နဝါရီလ အတွက် အဝေးရောက် သူငယ်ချင်းများ အဖွဲ့ ရဲ့ တွေ့ ဆုံပွဲကို ပထမက လဆန်းပိုင်း ပထမ အပါတ် တွင် လုပ်မယ် လို့ စီစဉ်ထားပေမယ့် ရက် အပြောင်းအလဲလေးကြောင့် နောက်ဆုတ်ခဲ့ပါတယ်။
ယခုတစ်ကြိမ် ကိုလည်း ပုံမှန်အတိုင်း ပါပဲ မလေးရှားနိုင်ငံမှာ ပြုလုပ်မှာဖြစ်ပါတယ်…
အဝေးရောက် သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင် စကားပြောပါရစေ။ ခရေတို့  တွေ သူငယ်ချင်းများ ထဲမှ မြန်မာပြည် ရောက်သွားတဲ့ သူတွေကလည်း အချိန်ပေးနိုင် တဲ့အခါတိုင်း ပါတီချက်ခန်းကို လာရောက် စကားပြောတဲ့ အတွက် ဝမ်းမြောက်မိပါတယ်။
အဝေးရောက်တွေ မအားလပ်တဲ့ ကြားထဲကနေ သူငယ်ချင်းများတွေ့ ဆုံပွဲကို လာရောက်ခဲ့တဲ့ အတွက် ပျော်ရွှင်မိပါတယ်။
ရွှေမြို့ တော်ထဲက သူငယ်ချင်း တွေလဲ အဝေးရောက်အဖွဲ့  ကို ဝင်ချင်တယ် ဆိုရင် ဝမ်းမြောက်စွာ ဖိတ်ခေါ်ပါတယ်။။
ခရေတို့  ရဲ့  အဝေးရောက် သူငယ်ချင်းများ တွေ့ ဆုံပွဲ အစီ အစဉ်ကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်..
နေ့ ရက် … ဇန်နဝါရီလ ( ၁၃ ) ရက်နေ့  ၂၀၁၃ခုနှစ်
( တနင်္ဂနွေနေ့ )
နေရာ…. မဟာနန်း စားသောက်ဆိုင်. ( ကေအယ်)
မလေးရှားနိုင်ငံ
အချိန်… နေ့ လည် ၁၁ နာရီ တိတိ…
အဝေးရောက်သူငယ်ချင်း များ တွေ့ ဆုံပွဲ ပျော်ရွှင်စွာ ဆင်နွှဲပါစို့ လေး ...
မမကြီး ( စုစုလှိုင်)
ခရေ
( ကြိုးစားပါအုံးမည်)