စာရေးဆရာကြီးတစ်ဦးကို သူ့မိတ်ဆွေက မေးနေတာပါ။ “ခင်ဗျားရေးနေတဲ့ ‘သတ္တိကိုမွေးမြူခြင်း’ ဆိုတဲ့စာအုပ် ဘယ်နှယ်လဲ” “ခုထိ၊ ထုတ်ဝေသူကို သွားမပြ၀ံ့သေးဘူးဗျ”
သိပ္ပံဆရာမ။။ လျှပ်စီးလတ်တာနဲ့ လျှပ်စစ်ဓါတ်အားနဲ့ ဘာကွာခြားသလဲကွဲ့။
ကျောင်းသား။။ လျှပ်စီးလတ်တာက မီတာခ ဆောင်စရာမလိုပါဘူး ဆရာမ။
မစစ်ရပဲပေါ်
လူငယ် - ဦးသမီးနဲ့ ကျွန်တော် ချစ်သူတွေဖြစ်နေကြပါပြီ၊ ကျွန်တော် သူ့ကို
လက်ထပ်ချင်ပါတယ်။
ဖခင် - မင်းအရက်သောက်တတ်လား
လူငယ် - ဟာ....... ဦး၊ အရေးကြီးတဲ့ကိစ္စ အရင်ပြောပါဦး၊ ပြီးမှ သောက်ကြတာပေါ့။
ဘာကွ
ကောင်လေး - ကျွန်တော် ဦးသမီးကို လက်ထပ်ချင်ပါတယ်
မိန်းကလေးဖခင် - မင်း၊ ငါ့မိန်းမ နဲ့ တွေ့ပြီး ပြီလား
ကောင်လေး - ဟုတ်ကဲ့၊ တွေ့ပြီး ပါပြီ။ ဒါပေမယ့် ဦးသမီးကိုပဲ ကျွန်တော်
ပိုကြိုက်ပါတယ်။
သူ့ အမေ ရင်ကျိုးအောင်
မိဘ နှစ်ပါးက သမီးငယ်အား မြို့ကြီး သို့ သွားပြီး အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။
သမီးငယ် ထွက်မသွားခင် မှာ မိခင်ကြိးက
သမီး အခန်းထဲကို သမီး ချစ်သူ ခေါ်မလာပါ ဘူး .. ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ်
သမီး ရယ် ဟု ပြောပြီး ။
အေး.......သမီး အခန်းထဲ သမီးချစ်သူလာ တယ် ဆိုတဲ့ သတင်း သာ မေမေ ကြားရရင် မေမေ
ရင်ကျိုးမှာ အမှန်ပဲကွဲ့ ဟုလည်း စိုးရိမ် ပူပင်စိတ်ကို လှစ်ပြလိုက်ပါသေးသည်။
သမီး ငယ်ထွက်သွားပြီး တပတ် လောက် အကြာမှာ သားအမိ ဖုန်းပြောဖြစ်သည်။
သမီး ချစ်သူကို သမီး အခန်းထဲ ခေါ်မလာပါဘူးနော်၊ ဟုတ်တယ်မလား သမီးလေ.....
အို.............ခေါ်မလာပါဘူး မေမေရဲ့၊ မေမေ အတန်တန် မှာထားတဲ့ကိစ္စ ပဲ၊ သမီး သူ့
အခန်းကို ပဲ သွားပါတယ်၊ သူ့အမေပဲ ရင်ကျိုး ပါစေနော် အမေ ....