`` အေးချမ်းမှုတွေ ရောက်ရှိပါစေ...၊ ကွဲကွာနေရသူတွေနဲ့ အမြန်ဆုံး ဆုံစည်းရပါစေ...၊
မိသားစုတွေ ဘေးအန္တရာယ်ကင်းဝေးပါစေ...၊ စီးပွါးလာဘ်လာဘ တိုးတက်ပါစေ...၊ ကျန်းမာပါစေ..၊ အသက်
ရှည်ပါစေ၊ ချစ်သူနဲ့ အမြန်ဆုံး ပေါင်းဖက်ရပါစေ...၊ ခင်ပွန်းသည် လုပ်ငန်းအောင်မြင်ပါစေ..၊ မိဘနှစ်ပါးကျန်း
မာပါစေ..... စသည်ဖြင့်.... စသည်ဖြင့်....´´
ရည်ရွယ်ချက်များစွာ.. ဆန္ဒလေးများများစွာဖြင့် ဆီမီးလေးတွေကိုပူဇော်ရင်း ဆီမီးပူဇော်
ပွဲကို စုပေါင်းပြီးလည်း ပါဝင်ကျင်းပကြတယ်...၊ တစ်ယောက်ချင်းဖြစ်စေ...အုပ်စုလိုက်ဖြစ်စေပါဝင်ပူဇော်ကြ
တယ်...။
ဒီလိုပူဇော်နေတဲ့ အချိန်မှာတော့ အားလုံးသောစိတ်ထားလေးများမှာမျှော်လင့်ချက်များ၊
ယုံကြည်ချက်များဖြင့်သာ ပြည့်လျှံနေလိမ့်မယ်ဆိုတာကို တွေးမိခဲ့သေးတယ်...။
ငြိမ်းချမ်းတဲ့..... ဆန္ဒလေးတွေ... ကျေးဇူးတရားတွေ... မေတ္တာတွေနဲ့ ယုံကြည်မှု သဒ္ဒါ
တရားတွေ ထုံမွှန်းထားတဲ့ ဆီမီးပူဇော်ပွဲလေးမှာ... ကိုယ်တိုင်ရောက်ရှိနေပြီး ကိုယ်တိုင်လည်းတစ်စုံတစ်ခုကို
ရယူချင်ခဲ့မိပါတယ်...။
ဗုဒ္ဓသာသနာ မပေါ်ထွန်းခင်က ဒီလိုတန်ဆောင်မုန်းလပြည့်ညမှာ မီးနတ်ကိုပူဇော်ခဲ့ကြ
တယ်လို့လည်း သိခွင့်ရခဲ့ပြီး ကောင်းကင်မှာ မိုးသားကင်းစင်ကာ နက္ခအပေါင်းစုံတဲ့ တန်ဆောင်းမုန်းလအခါ
သမယမှာ လူသားတွေဟာ စိတ်နှလုံးကြည်လင်စွာဖြင့် မီးနက္ခပူဇော်ပွဲများ ကျင်းပပြီးတော့ ပိဿနိုး နတ်မင်း
ကြီးဟုခေါ်ဆိုသော မဟာဝိနာယကနတ်မင်းကြီးကို ပူဇော်ခဲ့ကြတယ်လို့လည်း ကြားခဲ့ဘူးပါတယ်။
ပိဿနိုး နတ်မင်းကြီးဟုခေါ်ဆိုသောမဟာဝိနာယကနတ်မင်းကြီးဟာသီတင်းကျွတ်ဆန်း
(၁၂)ရက်နေ့မှာ စပြီးအိပ်ပျော်သွားရာက တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့ကိုရောက်မှ နိုးထလာခဲ့တယ်
လို့ ဟိန္ဒူမှတ်တမ်းများမှာလည်း ဖော်ပြခဲ့တယ်လို့ ကြားခဲ့ဘူးပါတယ်၊ ဒါကြောင့် တန်ဆောင်မုန်းလကို နတ်နိုး
လလို့လည်း ခေါ်ဆိုခဲ့ကြတယ်တဲ့လေ....။
တကယ်တန်း တန်ဆောင်မုန်းလပြည့်နေ့ ဆိုတာကတော့ ဗုဒ္ဓဘာသာဝင်များအတွက်
အလွန်ထူးခြားတဲ့ နေ့တစ်နေ့ပါပဲ......။
တန်ဆောင်မုန်းလပြည့်ညရဲ့ ကြည်လင်ဝင်းပမှုကို ရှုမြင်ခဲ့ရပြီး အေးချမ်းမှု အရသာကို
မည်သို့ ခံစားရမည် မဝေခွဲတတ်ခဲ့တဲ့ အဇာတသတ် မင်းကြီးကို ဆရာဇီဝက က မြတ်စွာဘုရားရှင်ထံတော်
မှောက်ကို အရောက်ခေါ်ယူခဲ့ပြီး မြတ်စွာဘုရားရှင်က `` သာမည ဖလသုတ်တော်´´ ခေါ် ရဟန်းပြုရခြင်း
အကျိုးကို ဟောကြားတော် မူခဲ့တဲ့အတွက် ``အဇာတသတ်မင်း´´ ဟာဗုဒ္ဓကို အလွန်ကြည်ညိုသူဖြစ်ခဲ့ခြင်း
အကြောင်းကိုလည်း နာကြားခဲ့ဘူးပါတယ်...။
ဒီလို အလွန်ထူးခြားတဲ့ နေ့လေးမှာ ကျွန်တော်လည်း ဗုဒ္ဓဘာသာဝင်ပီပီ ပန်းကြာခွက်
လေးတစ်ခုကို ဆီမီးပူဇော်ပြီး ဘုရားရှင်အမှူးပြုသော ရတနာ(၃)ပါးရဲ့ ဂုဏ်ကျေးဇူးများကို ဆင်ခြင်ကာ.....
တစ်သက်တာ ကျေးဇူးပြုဘူးသူများကို ကျန်းမာချမ်းသာ စေကြောင်းနှင့် ငြိမ်းချမ်းသောတရားတော်မြတ်တို့
ကို ပွါးများအားထုတ်နိုင်ပါစေကြောင်း၊ ဆန္ဒပြုရင်း ဆီမီးလေးတစ်ခွက်ကို ပူဇော် မျှောချဖြစ်ခဲ့တယ်....။
ဆီမီးခွက်လေး တဖြည်းဖြည်းနဲ့ ဝေးရင်း ဝေးရင်း တအိအိနဲ့ စီးမျှောသွားတာလေးကို
အကြာကြီး ကြည့်နေရင်းက ဟိုးဝေးဝေးကို ရောက်သွားတော့လည်း ဘယ်ခွက်လေးက ကိုယ့်ရဲ့ ဆီမီးခွက်
လေးလည်းလို့ မဝေခွဲတတ်တော့ဘူး....။
ဒါပေမဲ့လည်း ကမ်းစပ်ကနေ ဝေးသွားတိုင်းမှာ ရောက်ရှိစေချင်နေတဲ့ ဆန္ဒနဲ့ မျှော်လင့်
ချက်လေး ရှင်သန်ရာ နေရာလေးနဲ့တော့ နီးသထက်နီးသွားပြီ... ဆုတောင်းလေးတွေပြည့်ဝတော့မယ်ဆိုတဲ့
ယုံကြည်ချက်လေးကတော့ ပိုမိုကြီးထွားလာခဲ့ပြီလို့ ခံစားရင်း အားအင်လေးတွေ ပြည့်ဝလာခဲ့သလိုပါပဲ...။
ယုံကြည်မှုတွေနဲ့ ဆုတောင်းလေး ပြည့်မပြည့် တတ်အပ် မပြောနိုင်ပေမဲ့.... ဘုရားရှင်
အမှူးပြုတဲ့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ဆင်ခြင်ရခြင်း....၊ မိဘများနှင့်ဆရာသမားများ၊
ကျေးဇူးပြုထားသူများကို ဆုတောင်းလေးတစ်ခုဖြင့် ကျေးဇူးဆပ်ခဲ့နိုင်ခဲ့တဲ့ ဒီညလေးမှာတော့.. ကျွန်တော်ရဲ့
စိတ်နှလုံးလေး အေးချမ်း တည်ငြိမ်နေခဲ့တယ်ဆိုတာကို......။
အားလုံးအေးချမ်းကြပါစေဗျာ.....။
(ကွန်ဆူးမား)(၁၂-၁-၂၀၁၂)
တန်ဆောင်မုန်းလပြည့်ည ဆီမီးပူဇော်ပွဲအမှတ်တရ ရေးဖွဲ့ပါသည်.....။