ထမင်းဦးပေါင်းလေး ဦးချလှူရအောင် ( မြန်မာဓလေ့ ယဉ်ကျေးမှု)
စာဦးစားဖျား ဦးချခြင်း
မြန်မာလူမျိုးတို့သည် မိဘဘိုးဘွားတို့၏ အလျင်စားသောက်သည့်အခါတိုင်း ဦးချသည့်အလေ့အထသည် ရှိခဲ့ကြပါတယ်။
ဤဓလေ့သည် ပြုသင့်ပြုထိုက်သည့် ဘာသာသာသနာ ယဉ်ကျေးမှု ဓလေ့ထုံးစံကောင်းလေးတရပ်သာလျှင် ဖြစ်ပါတယ်။
ဒီဓလေ့လေးသည် မြန်မာတို့၏ ယဉ်ကျေးမှုနယ်ပယ်ထဲသို့ အနည်းဆုံး “အင်းဝခေတ်“ (ဒုတိယမင်းခေါင် သက္ကရာဇ် ၈၄၂-၈၆၃)တွင်
ရောက်ရှိ၍ ကျင့်သုံးနေပြီဟု ယုံကြည်ရပါတယ်။
ရှင်မဟာသီလ၀ံသ၏ “တိလောကဟု၊ မရနှိုင်းတူ၊ ဘက်မပြုသား“ အစချီသောဆုံးမစာ စာပိုဒ် ၁၅ ၌...
““ မိဦးဖဦး ဆရာဦးကို
ခူး၍အလျင် မစားနှင့်”” ဟု ဆုံးမထားသည်ကိုလည်း တွေရပါတယ်။
ထမင်းဦးချသည်ဆိုသည်မှာ သားသမီးများသည် မိဘထက် အကြောင်းကြောင်းတို့ကြောင့် အလျင်ထမင်းစားရမည်ဆိုပါက
ဦးချပြီးစားခြင်းဖြစ်ပါသည်။ ဦးချပုံမှာ ထမင်းအိုးကိုဖွင့်ပြိးနောက် ဦးစွာတွေ့ရသော ထိပ်မှ ထမင်းပုံပုံကလေးကို ခူးပြီးဖယ်ထားလျက်
အောက်ကထမင်းကိုခူးယူခြင်းဖြစ်ပါတယ်။ပြိးလျှင် ခူးဖယ်ထားသော ထမင်းကိုအိုးထဲပြန်ထည့်ထားခဲ့ရပါတယ်။
ရွှေတို့ အညာဖက်က တောဘုန်းတော်ကြီးကျောင်းကလေးတခုမှာတော့ ဇကောအကြီးစား(သို့)လင်ပန်းကြီးထဲတွင် ထမင်းတွေကို
စားမည့်လူဦးရေအလိုက်ထမင်းပုံလေးတွေခွဲပြီးထားလျက် ကြီးသူကိုအရင် ဟင်းများဦးချ ပုံကာပေးပြီးအစဉ်လိုက်ထည့်ပေး
စားသောက်ကြတာ မြင်ခဲ့ဘူးပါတယ်။ဟင်းရည်များဆိုရင် တဦးနဲတဦးထိစပ်လျက် ရှိတတ်ကြပါတယ်။
ဒါဟာ လူသားအချင်းချင်း စည်းလုံးခြင်း ချစ်ခင်ခြင်း ရိုးသားခြင်း ဆိုတဲ့ ပြယုတ်လေးပဲဖြစ်ပါတယ်။
အခုခေတ်တွင် အချို့ချို့သောသူများသည် မိဘရိပ်မြုံ ဆွေမျိုးသားချင်းများနှင့် ခွဲခွာလျက် ဘ၀ရဲ့အောင်မြင်မှုတွေ
ဒါကြောင့်.......
ထမင်းဦးလေး...
ထူးစွာခူးထား...
ခင်ပွန်း ၁၀-ပါး...
ဦးတင်ငြားက...
သက်ရှည်နာကင်း...
ဘေးဘယာဝေးခြင်း...
လက်ငှင်းအကျိုးမှ...
နိဗ္ဖာနထိ....ပို့ဆောင် တတ်၏ ........ လို့ တင်စားချင်ပါတယ်။
ထမင်းဦးပေါင်းပုံ
အသုံးပြုခဲ့ကြရပါတယ်။ မြေအိုးကလေးများသည် ၀မ်းပူ၍အောက်ချေလုံးဝန်းသည့်ပြင်စလောင်းဖုံးကအဖုံးကလေးမှာ
့
ဤသည်မှာ ရှေးခတ်က မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လိုက်နာကျင့်သုံးခဲ့ကြသည့် ထမင်းဦးပေါင်းဓလေ့လေးဖြစ်ပါတယ်။
ခုအခါ အ၀ကျယ်သော ဒန်အိုးများ ပေါ်ပေါက်လာသည့်ခေတ်တွင် ထိုထမင်းဦးပေါင်းဓလေ့သည် ပျောက်ကွယ်ခဲ့ရပါတယ်။
သို့သော်လည်း ဂါရ၀တရား ရှိနေဆဲဖြစ်သည့် မြန်မာလူမျိုးတို့ အဖို့မှာမူ ဦးချသည့်ဓလေ့ကို ကျင့်သုံးနေကြဆဲပင်ဖြစ်ပါတယ်။့
ချစ်စရာကောင်းသော ကျက်သရေရှိသော မွန်မြတ်လှသော အမူအကျင့်အလေ့အထလေးတခုအဖြစ်အား ပိုမိုသိရှိနိုင်စေရန်
ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။။။
(သကျဝံသ၏ မြန်မာ့ယဉ်ကျေးမှုဓလေ့များထဲမှ သင့်တင့်အောင်ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။)
ရွှေပန်းချီ