Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ညီမျှခြင်းနှင့် တရားမျှတခြင်းဆိုရာဝယ်.....

$
0
0




                   ယနေ့ခေတ်အချိန်အခါသည် လူ့အခွင့်အရေးကို ရှေ့တန်းတင်လာသောခေတ်ဖြစ်ပါသည်။

                   လူ့အခွင့်အရေးကို ဆိုလိုရင်းထက် လိုရာဆွဲ၍ ဖွင့်ဆိုနေကြသည်.... လိုတာမရလျှင် ဒီမိုက

ရေစီကျင့်စဉ်ဟု အမည်တတ်ထားသော ဆန္ဒ ဖော်ထုတ်ခြင်းကို လှိုင်လှိုင်ကြီး အသုံးပြုလာကြသည်။

                   မြန်မာမှု နယ်ပယ်တွင် လူ့အခွင့်အရေးထက် ပို၍ သာလွန်သော လောကပါလတရားသည်

ရှေးပဝေသဏီကပင် ထွန်းကားခဲ့ပြီး ဖြစ်ပါသည်။

                   လောကပါလတရား ဆိုသည်မှာ.လွတ်လပ်ခြင်း၊ ညီမျှခြင်းနှင့် တရား မျှတခြင်း ဖြစ်ပါသည်။

                   လွတ်လပ်ခြင်း ဆိုသည်မှာ... တစ်စုံတစ်ယောက်ကိုမျှ ထိခိုက်မှု မရှိပဲ ကိုယ့် အကျိုးစီးပွါးအ

တွက် သင့်တင့်မျှတစွာ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

                   ညီမျှခြင်းဆိုသည်မှာ.... အ၀န်းအ၀ိုင်း တစ်ခုအတွင်း  လူစေ့တန်းစေ့ ပါဝင် ဆောင်ရွက်ကာ

သင့်တင့်သော အကျိုးကို အတန်းအစားအလိုက် ခံစား စံစားကြရခြင်းဖြစ်ပါသည်။

                   တရားမျှတခြင်း ဆိုသည်မှာကား... အနစ်နာခံသင့်သူသည် အနစ်နာခံခြင်းနှင့် အခွင့်အရေး

ပိုမို ခံစားရရှိသင့်သူက ပိုမိုခံစားရရှိခြင်းပင်ဖြစ်ပါသည်။

                   မိသားစုတစ်စုအတွင်း အဘိုး၊ အဖေ၊ အစ်ကိုနှင့် ညီတို့ရှိကြသည်ဆိုပါစို့....

                   အဘိုးသည် လိုအပ်သည့် အခက်အခဲများ အခြေအနေများအား တွေ့ကြုံ ဖြတ်သန်းခဲ့ရသော

အတွေ့အကြုံဖြင့် လုပ်ဆောင်သင့်သည်များကို အကြုံပေးပါမည်....၊  ငါနှင့်မဆိုင် ငါ့သား (အဖေဖြစ်သူ)က

ဆောင်ရွက်မည်ဟု ရှောင်၍ မနေသာ...  တတ်နိုင်သမျှ ထိန်းကျောင်းနေရမည်သာဖြစ်ပါသည်။  ဤသည်

ပင်လျှင် ညီမျှခြင်းသဘောဖြစ်ပါသည်။

                      အိမ်တွင် ပက်လက်ကုလားထိုင်တစ်လုံး ရှိသည် ဆိုပါစို့....

                      ဤကုလားထိုင်တွင် သာမန်အားဖြင့် အဘိုးဖြစ်သူ ထိုင်ပါမည်....။   လူ့အခွင့်အရေးအရ

မြေးဖြစ်သူက တက်ထိုင်နေရန် မသင့်ပါ...  အဘိုးထိုင်နေသဖြင့် ကျွန်တော်လည်း ထိုင်မည်ဟု တောင်းဆို

ရန်လည်း မသင့်ပါ။

                      မြန်မာမှု နယ်ပယ်တွင် လူ့အခွင့်အရေးထက် ဂါရ၀တရားနှင့် ယဉ်ကျေးမှုအစဉ်အလာဖြင့်

လောကပါလတရားကို စောင့်စည်းကာ  နိုင်ငံနှင့် နိုင်ငံ့သမိုင်းကို ထိန်းကျောင်းခဲ့ပါသည်။

                      မြေးဖြစ်သူနေထိုင်မကောင်းလျှင် အဘိုးဖြစ်သူက ကုလားထိုင်တွင်  ထိုင်ခွင့်ပေးပါမည်...

တောင်းဆိုရန်ပင် မလိုပါ.....

                      ထို့အတူ မြေးအငယ်လေးများ ကျောင်းသွားနေပြီး   ၀င်ငွေမရှာသဖြင့်  ကျောင်းပြီးသဖြင့်

အလုပ်ဝင်နေသော  မြေးအကြီးက ရန်ရှာရန် မလိုပါ... မဖြစ်နိုင်ပါ...  ဤသို့ ငြူစူခဲ့သော်  တရားမျှတမှုနှင့်

ကင်းဝေးမည်ဖြစ်ပါသည်....။

                       ထို့အတူ အိမ်၏ စီမံခန့်ခွဲမှုကို မိခင်ဖြစ်သူက ဆောင်ရွက်ပြီးဝင်ငွေရှာခြင်းနှင့်သင့်လျော်

ရာ စည်းကမ်း သတ်မှတ်ခြင်း၊  လမ်းပြခြင်းကိုတော့ဖြင့် အဘိုးနှင့် တိုင်ပင်ကာ အဖေက ဆောင်ရွက်ပါလိမ့်

မည်...။

                       လူ့အခွင့်အရေး၊ ဒီမိုကရေစီကျင့်စဉ်နှင့် လောကပါလတရားတို့အား ကောင်းစွာနားလည်

ခြင်းဖြင့် သာယာသော အသိုက်အ၀န်းအား ထူထောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း......


                                                                                             (ကွန်ဆူးမား)(၁၃-၁-၂၀၁၂)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>