အချိန်နဲ့ ဒီရေက လူကို မ စောင့်ဘူးဆိုတဲ့ အ ခြေ အ နေ နဲ့ အတိုင်းအတာက ဖန်တီးပစ်တတ်တယ်။ ဆုံခဲ့ရတဲ့အိမ်မက်နဲ့ ဘဝ နောင်ရေးအတွက် ဒါဒီလို ဖြစ် ရမယ် ဆိုပြီးမျော်လင့်ချက် မထားရဲတဲ့ငါ အခု ဘယ်လိုများ နေ နေ ရ ရင် ကောင်းမလဲ။ ငါ့ဘဝနဲ့ တသတ်မတ်ထဲ ဖြစ်နေတဲ့ အ တွေးဟာ ကောင်းကင် နဲ့ မြေကြီး လို ဝေးနေတဲ့ ဆုံမှတ်လိုပါပဲ။ ညံ့ဖျင်းလှတဲ့ ငါ့ ပညာရေးရဲ့ ဘွဲ့ရ ဥာဏ် က တော့ တိုးတက်ခေတ်မှီ အစပြုနေတဲ့ 'ဒီမိုကရေစီ' နိုင် ငံ မှာပဲပေါ့။ တကယ်ပဲ သက်ရောက်မှုတိုင်းဟာ တန်ပြန်သက်ရောက်မှု ရှိတယ်ဆိုရင် တန်ပြန်မှုကို ယုံကြည်ပါရ စေ လို့ မျော်လင့် လိုက်ချင် ရဲ့။ မင်းမဲ့ ဆန်ဆန် အ ခြေ အ နေ နဲ့ အတိုင်းအတာတွေက အခုလို ဖြစ်ပျက်နေ တော့ ငါ့ဘဝမှာ ငါဖြစ်စေချင် တာထက် ငါမဖြစ်စေချင် တာတွေကို တွေ့နေ၊ မြင်နေ၊ ကြားနေ၊ သိနေရပြန်တော့ မလိုချင် ပဲ ယူခဲ့ရ၊လက်ခံခဲ့ရ တာတွေ များနေပြီ။ အဲဒီအတိုင်းအတာကို ဘယ်လောက်ရှေ့ ဆက် လက်ခံရဦးမလဲ။ အရမ်းပင် ပန်းတယ် အတိုင်းအတာရယ်။ ရပ်လိုက်ပါတော့လို့ အော်ဟစ် လိုက်ချင်ပေမယ့်လည်း အ ခြေ အ နေ က ဘယ်တော့ ပြီးဆုံးမှာလဲ။ အချိန်တွေရှိနေ သ ရွှေ့  ကောင်းမွန်တဲ့
အ ခြေ အ နေ ပြောင်းလဲဖို့ အတွက် ငါမျော်လင့်စောင့်စား ဆဲပဲပေါ့။ ........
တိုင်းပြည်ကြီး အေးချမ်းသာယာပါစေ။ ခေတ်မီဖွံ့တိုးတက်ပါစေ။ ကချင်ပြည် စစ်ပွဲတွေလည်း ငြိမ်းအေးပါစေ။ ရခိုင် အ ရေး ပဋိပက္ခတွေလည်း ငြိမ်းချမ်း ပါစေ --- ဆန္ဒပြုလျှက်------
******************************************