တစ်နေ့က တိုင်းပြည်ကို ချစ်တယ်ဆိုတဲ့ စိတ်ကိုဘာနဲ့ တိုင်းမှာလဲဆိုတဲ့လူငယ်တစ်ယောက်ရဲ့အမေးစကားလေးကို
ကြားလိုက်ရပါတယ်။
တိုင်းပြည်ကို ချစ်တဲ့ စိတ်ကို ဘာနဲ့ တိုင်းသလဲ ဆိုတာကို ကျွန်တော် မဖြေတတ်ပါဘူး.. ဘာကြောင့်လဲဆိုတော့...
တိုင်းပြည်ကို ချစ်တာ ဘယ်လိုလဲလို့ ကျွန်တော် သေသေချာချာ မသိလို့ပါ...။
ကျွန်တော်တို့ တစ်တွေဟာ ကိုယ့်မိသားစုကို ကိုယ်ချစ်ကြပါတယ်၊ နောက်ပြီး သူများနဲ့ယှဉ်လာရင်ကိုယ့်အသိတွေ
ဘက်ကလိုက်ကြပါတယ်..၊ သူများနဲ့ယှဉ်လာရင်ကိုယ့်လူမျိုးဘက်ကလိုက်ကြပါတယ်၊သူများနဲ့ယှဉ်လာရင်ကိုယ့်ဘာသာဘက်ကလိုက်
ကြပါတယ်...။ ဒီစိတ်ကလေးကလည်း သမဂ္ဂစိတ်ဖြစ်မှာပါ..... သို့သော်.....
တခြားသော တိုင်းပြည်များနဲ့ ယှဉ်လာတဲ့အခါတိုင်းမှာတော့ကျွန်တော်တို့တိုင်းပြည်ကိုအထင်ကြီးလေးစားတဲ့နိုင်ငံ
သားတွေကိုတော့ မရှိသလောက် ရှားပါးနေတယ်လို့ မြင်မိပါတယ်။ ဒါကလည်းလူ့သဘာဝအရ ပိုပြီးသာလွန်တဲ့အခြေအနေတစ်ရပ်ကို
မျှော်လင့်နေကြတာ သဘာဝပဲလို့ တွေးမိခဲ့ပါတယ်။
ဒါ့အပြင်တိုင်းတစ်ပါးအစိုးရတွေနဲ့ယှဉ်ပြိုင်လာတဲ့အခါတွေမှာလဲကိုယ့်အစိုးရကိုအထင်ကြီးလေးစားနေသူများကို
အလွန်ရှားပါးစွာ တွေ့မြင်နေရပါတယ်..။ ဒါကလည်း လူ့သဘာဝအရပုံရိပ်ဟောင်းများချုပ်နှောင်ထားခဲ့လို့ဆိုတာကိုဖြေသိမ့်နိုင်ပါသေး
တယ်...။
ကျွန်တော် ဆက်ပြီးစဉ်းစားမိပါတယ်။တိုင်းပြည်ကို ချစ်တယ်ဆိုတာ ဘယ်လိုလဲလို့... မကွဲမပြားတဲ့ အခြေအနေ
အရပ်ရပ်ကိုတော့ တွေ့မြင်ခဲ့ရပါတယ်...။ တစ်ချို့လည်း လ္ဘက်ရည်ဆိုင်မှာ ချစ်နေကြတယ်၊တစ်ချို့လည်းစကားဝိုင်းဆုံတိုင်းမှာ ချစ်နေ
ကြတယ်...၊ တစ်ချို့လည်း ပါတီတွေဖွဲ့ပြီး ချစ်နေကြပါတယ်...၊ တစ်ချို့လည်း ပရဟိတအဖွဲ့ ဖွဲ့စည်းပြီး ချစ်နေကြပါတယ်။ မှန်ကန်
ကောင်းမွန်သော ရည်ရွယ်ချက်နှင့် ဤသို့ ဆောင်ရွက်ချက်များအတွက် အမှန်တကယ်လည်း လေးစားမိပါတယ်။
တကယ်တမ်း တိုင်းပြည်ကို ချစ်သည်ဆိုလျှင် အနည်းဆုံး နိုင်ငံသားတာဝန်ကျေဖို့တော့လိုအပ်တယ်လို့ မြင်မိပါ
တယ်...၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘာတွေကို တာဝန်ကျေရမလဲဆိုတာကိုတော့ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက်လှပတဲ့
ခန့်ငြားတဲ့ စကားလုံးတွေနဲ့ မသီဖွဲ့နိုင်ပေမဲ့... ကျွန်တော်နားလည်တာလေးကို ထည့်သွင်း စဉ်းစားကြည့်မိတော့ နိုင်ငံသားတာဝန်ကျေ
ပွန်နိုင်ဖို့အတွက်....
- နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေများကို လေးစားလိုက်နာရပါမယ်။
- လုပ်ငန်းရပ်အလိုက် သတ်မှတ်အခွန်အခများကို ပြည့်စုံမှန်ကန်စွာပေးဆောင်နိုင်ရပါမယ်။
- သင်ကြားထားသော ပညာရပ်များ ၊ ရယူစုဆောင်းထားရှိသော အသိဥာဏ် ဗဟုသုတများဖြင့် နိုင်ငံနှင့် လူမျိုး
အတွက် ဘာသာ သာသနာအတွက် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ၊ ဥစ္စာဓနဖြင့် ဖြစ်စေ...၊ ပူးပေါင်းပါဝင်ခြင်းဖြင့်
ဖြစ်စေ တတ်စွမ်းသမျှ အားဖြည့် ကူညီနိုင်ရပါမယ်...။
- ရှုထောင့်အမျိုးမျိုးမှ ရောက်ရှိလာနိုင်သော တိုးတက်မှုကို ဆုတ်ယုတ်စေမည့် အန္တရာယ်များကိုလည်း ကြိုတင်
မြင်တွေ့ပြီး ကိုယ်တိုင်ပင်ဖြစ်စေ... တဆင့်ပင်ဖြစ်စေ တစ်တပ်တစ်အား ပါဝင် တားဆီးနိုင်ရပါမယ်...။
- တိုင်းပြည်၏ အညွန့်အဖူးလေးများဖြစ်သော လူငယ်များကို စာရိတ္တခိုင်မာစေရေး၊ အသိအမြင် မှန်ကန်စေရေးနဲ့
ခေတ်နှင့်လျော်ညီသော အတတ်ပညာများကိုသင်ကြားပေးနိုင်ဖို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ပြုစုပျိုးထောင်ပေး
ရမယ်လို့ လို့ မြင်တွေ့ခဲ့ပါတယ်...။
ကျွန်တော့်ရဲ့ အမြင်လေးမှာတော့ နိုင်ငံသားတစ်ဦးချင်းအနေဖြင့် အထက်ပါ နိုင်ငံသားတာဝန်လေးများကိုကျေပွန်
ခဲ့လျှင် တိုင်းပြည်ကို ချစ်သောသူ၊ နိုင်ငံတော်ကို လေးစားသောသူအဖြစ် သတ်မှတ်ထားလိုက်ပြီ ဖြစ်ပါတယ်။
ရှေးရှေးဘ၀ ဘ၀များက ကုသိုလ်ကံ အကျိုးနည်းခဲ့သဖြင့် တန်းတူပါဝင်နိုင်ခြင်း မရှိပါပဲ... လက်ခံလိုက်နာချင်သူ
နိုင်ငံသားများ၊ ကိုယ်တိုင် မပါဝင်နိုင်သော်လည်း အကျိုးရှိသော လုပ်ငန်းများကို အပြုသဘောဖြင့် ကြည့်မြင်ပေးနိုင်သူများကိုလည်း
တိုင်းပြည်ကို ချစ်သောသူများအဖြစ် သတ်မှတ်ပါတယ်။
ဒီအမြင်လေးတွေနဲ့ ပတ်သက်လို့ ကျန်ရှိနေသေးလျှင်သော်လည်းကောင်း၊ မှားယွင်းနေလျှင်သော်လည်းကောင်း
ထောက်ပြနိုင်ပါကြောင်း ခင်ဗျာ.....
လေးစားစွာဖြင့်.....
(ကွန်ဆူးမား)(၁၃-၁-၂၀၁၃)