မဟာစည် ဆရာတော် ဘုရားကြီး ဟောကြားသော သံယောဇဉ် ( ၁၀ ) ပါး
အာရုံငါးဝ၊ တပ်စွဲက....
ကာမ သံယောဇဉ်။
သုံးပါးဘ၀၊ တပ်စွဲက....
ဘ၀ သံယောဇဉ်။
အမျက်ဒေါသ၊ စိတ်ဆိုးက...
ပဋ္ဋိဃ သံယောဇဉ်။
ကိုယ်သာတော်လှ၊ ထင်မှတ်က..
မာန သံယောဇဉ်။
ရုပ်နာမ်ကိုပဲ၊ ငါ ကောင်းစွဲ၊ ယူလွဲ
ဒိဌိ ပင်။
တရားမှန်တွင်၊ မယုံချင်၍၊ ဆင်ခြင်နှိုင်းညှိ၊ ဝေဖန်ကြည့်၊
ဝိစိကိစ္ဆာ ပင်။
နွားခွေးတူစွာ၊ ကျင့်တာကောင်းမြတ်၊ ယူစွဲမှတ်၊
သီလဗ္ဗတ ပင်။
ပူဇော်-ပသ၊ လေ့ကျင့်မျှဖြင့်၊ ဘ၀နောင်ခါ၊ မြဲချမ်းသာ၊ ယူတာလဲပဲ ၎င်းပင်။
ကိုယ့်ထက်သူများ၊ ကောင်းစားသည်ကို၊ မနာလို၊
ခေါ်ဆို ဣဿာ ပင်။
ကိုယ်လိုသူများ၊ ကောင်းစားမည်မှ၊ ၀န်တိုက၊
မစ္ဆရိယ ပင်။
သစ္စာလေးတန်၊ ပြောင်းပြန်ထင်ကာ၊ မသိတာ၊
အ၀ိဇ္ဇာ သံယောဇဉ်။
ဝဋ္ဋ်ဆင်းရဲမှ၊ မလွတ်ရအောင်၊ ချည်နှောင်တတ်စွာ၊
ဤဆယ်ဖြာ၊ အဘိဓမ္မာ သံယောဇဉ်။