(14.1.2013)မှာ ကျရောက်သည့် ညီမငယ် ရွှေမြို့သူ၏ မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်သော လမ်းခရီးကို အောင်မြင်မှုလှေခါးထစ်တွေ တစ်ထစ်ပြီးတစ်ထစ် လျှောက်နင်း ကျော်ဖြတ်နိုင်ပါစေ။
လက်ဆောင်တွေ အများကြီး ရထားပြီးပြီးဆိုတော့ လက်ဆောင်ထပ်မပေးတော့ဘူး။ လက်ဆောင် ကဗျာတွေ ထပ်နေရင် ငြီးငွေ့သွားမှာစိုးလို့။
မေ ကိုယ်တိုင် လုပ်ထားတဲ့ ကိတ်မုန့်လေးကို မြို့သူလေးမွေးနေ့မှာ ဧည့်ခံပါမယ်။
မြို့တော်က လူများတယ်။ လာတဲ့ ပရိတ်သတ်ကို Cup cake တစ်ခုချင်းဆီ ဝေမယ်။
ဒါလေးက ချော့ကလက်ကိတ်ကို အပေါ်က အလှဆင်ထားတာက ချယ်ရီသီးတွေနဲ့ ချော့ကလက်အမှုံလေးတွေ ရောပြီးအလှဆင်ထားတာပါ။ မှန်တာဝန်ခံရရင် တတ်လွန်းလို့တော့ မဟုတ်ဘူး။ ငတ်လွန်းလို့ လုပ်တာ။ အယ်လေ..မေ့ညီမ ရာရာလေး မွေးနေ့အမှတ်တရမို့ ကြိုးစားပြီးလုပ်တာလို့။
အသိပညာ ၊ဥာဏ်အလိမ္မာနှင့် ပြည့်စုံသော သူ တစ်ယောက် ဖြစ်ပါစေ။ စိတ်ကောင်းစေတနာကောင်းနှင့် ပရဟိတ စိတ်ထားအပြည့် ကူညီရိုင်းပင်တတ်သူတစ်ယောက် ဖြစ်ပါစေလို့ ။ နိုင်ငံသားကောင်း သမီးအလိမ္မာ ရတနာအဖြစ် ထာဝရ ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။