ငါငိုတယ် တိတ်ဆိတ်စွာပဲ
ကြေကွဲနေတဲ့ အသဲနှလုံးတစ်ခုလုံး
မင်းဆီမှာ စုတ်ပြတ်နေအောင်ဒူးထောက်ပေးပြီးသားပါ...
မင်းရယ်နေနိုင်တရ် မောင်...
မိန်းမတစ်ယောက်ရဲ့ အရှုံးဆိုတာကိုမင်းမြင်ချင်နေတာလား...
ငါချစ်ပါတရ်မောင်...ဒါပေမရ့်
မင်းရဲ့ ညတိုင်းမှာ ပြုတ်ကျနေခဲ့တဲ့
ငါ့ရဲ့ ဂုဏ်သိက္ခာအတွက်...
ထားခဲ့ပြီးသားသူတစ်ယောက်အနေနဲ့
မောင်...နင်ငါ့ဆီပြန်လှည့်လာစရာမလိုတော့ဘူး...
ဒီအတွက်...
ငါ့ကိုမာနတရားနဲ့တော့ရှင်သန်ခွင့်ပေးပါ...
ငါ့ဘ၀၊ငါ့အချစ်၊ငါ့အရှက်အတွက်
ငါ...ရှင်သန်နေနိုင်ဖို့
မာနတစ်ခုတော့ချန်ခဲ့ပေးပါ...
ဒါပေမယ့် ...
ငါမင်းကိုသိပ်ချစ်ခဲ့ပါတရ် မောင်...
နှစ်တွေအများကြီးအကြာမှာ ငါအလိုလိုသိလာတာ
ငါတို့ အတူပြန်နေဖို့ မဖြစ်နိုင်တော့ဘူး လေ...
↧
မာန်
↧