လေးစားပြီရင်း လေးစားပါတယ်အမေ...
အမေ.......
၁၉၄၇ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဘိုးကိုယ်တိုင်ရေးဆွဲခဲ့တယ်နော်....။
အဲဒီထဲမှာလေ ကျွန်တော်တို့ နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့
သွေးကြောလည်းဖြစ် ကြောရိုးလည်းဖြစ်တဲ့ ဥပဒေတစ်ခုပါခဲ့တယ်။
အဲဒီဥပဒေက ( အခြေခံဥပဒေ ပုဒ်မ-၅၉)တဲ့အမေ.......
ဒီဥပဒေရဲ့ ဖော်ပြချက်ကတော့......
`` မိမိကိုယ်တိုင်သော် လည်းကောင်း၊
မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ ဇနီး (သို့) ခင်ပွန်းသော်လည်းကောင်း၊
မိမိ၏ တရားဝင် သားသမီးတစ်ဦး ဦးသော်လည်းကောင်း၊
ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော်
လည်းကောင်း၊
နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ
သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ
သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူ များမဖြစ်စေရ။
ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်
လည်းကောင်း၊
တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း
ခံစားရသော အခွင့် အရေးများနှင့် ကျေးဇူးခံစားခွင့်များကို
ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ´´တဲ့။
အမေကအခုတစ်ခါ ``သားနှစ်ယောက်ကို နိုင်ငံသားပြုခွင့်ပြုမယ်ဆိုရင်
မူအရ လက်မခံပါဘူး´´ လို့ ပြတ်ပြတ်သားသား ပြောလိုက်ပြန်ပြီ
ကျေးဇူးတင်လိုက်တာ အမေရယ်... ကျွန်တော်တို့ ကံကောင်းကြပါတယ်။
အဘိုးတို့ အမေတို့ရဲ့ သားသမီး မြေးမြစ်တွေ ဖြစ်ရတာ ဂုဏ်ယူလို့ မဆုံးပါဘူး.....။
ဒီနိုင်ငံဟာ အမေ့ရဲ့ နိုင်ငံ၊ ဒီသားသမီးတွေဟာ အမေ့ရဲ့ သားသမီးတွေလေ
အမေ့မှာ သားနှစ်ယောက်ထဲ ရှိတာ မဟုတ်ဘူးဆိုတာကို အမေပြလိုက်ပြီ
အမေ့သတ္တိနဲ့ စိတ်ဓါတ်ကို ကျွန်တော် မအံ့သြပါဘူး၊ ဘာကြောင့်လဲသိလား
အမေက အဘိုးရဲ့ သမီးဖြစ်နေတာပဲ...နော်။
ဟုတ်တယ်အမေ ကျွန်တော် စဉ်းစားကြည့်မိတယ်...
အဘိုးရေးဆွဲခဲ့တဲ့ ဒီဥပဒေ ပုဒ်မ(၅၉)ဟာ တကယ်တော့ ကျွန်တော်တို့
နိုင်ငံကို ကာကွယ်ခဲ့တဲ့ အဓိက ဥပဒေပဲနော်.....
တကယ်လို့ အမေက ပုဒ်မ(၅၉)ကို ပြင်ဆင်မယ်ဆိုရင် ထောက်ခံမဲ့လူ
(၅)သန်းလောက် ရှိမလားပဲ....။
ဒါပေမဲ့ ကျန်တဲ့ သန်း(၆၀)လောက်က ကန့်ကွက်လိမ့်မယ်အမေ....
နိုင်ငံသားဖြစ်ချင်နေတဲ့သူတွေက (၂)သန်းလောက် အဆင်သင့်ရှိပြီး
ပြည်တွင်းက ထောက်ခံမဲ့ အမျိုးတွေက (၃)သန်းလောက်
ရှိတယ်နော်......။
ကျေးဇူးတင်ပါတယ် အမေရယ်...
လောကကြီးကိုလည်း ကျေးဇူးတင်ပါတယ်... ဘာကြောင့်လည်း သိလား?
ကျွန်တော်တို့အတွက် အဘိုးနဲ့ အမေ့ကို လက်ဆောင်ပေးခဲ့လို့ပေါ့...။
(ကွန်ဆူးမား)(၁၄-၁-၂၀၁၃)