မောင်ရယ် နှစ်တွေ လတွေ ရက်တွေ လည်းကြာခဲ့ပြီနော် ပြောင်းလဲခြင်းတွေ လဲအများကြီးပါ ဒို့လဲ အများကြီးပြောင်းလဲ သွားခဲ့တယ်မောင် ဒါပေမဲ့ မပြောင်းလဲတဲ့ အရာတခုကြောင့် တိုက်ဆိုင်မှုတွေရှိလာခဲ့တိုင်း နာကျင်ခြင်းရဲ့ဝေဒနာ ကို မျက်ရည်နဲ့အဖော်လုပ်ခဲ့ရ သူဘာမောင်ရယ်.......
မောင်အပေါ်ဒို့ ဘာအမှားများလုပ်မိလို့လည်း မောင်ရယ်… သူများတွေ မောင်ကို မကောင်းပြော တာတောင် မောင်ဘက်ကရပ်ခဲ့ သူဘာမောင်…..
မောင်ဒို့ရှိနေ ရက်နဲ့မိန်းကလေး တယောက် ပြီးတယောက်တွဲနေတယ်ဆိုတာကို ပတ်ဝန်းကျုင် ကပြောခဲ့သတိပေးခဲ့တာတောင် မောင်ကို ရန်တွေခဲဖူးလို့လားမောင် စိတ်မကောင်း ဖြစ်ခဲ့ပေမယ့် တယောက်ထဲငိုခဲ့ရသူဘာ… ချစ်တဲ့စိတ်နဲ့မောင်ကိုအပြစ် မမြင်ဘာဘူးမောင်ရယ် မောင်ပြောတာ ဘဲယုံခဲ့တယ် အချစ်ကံမကောင်းကံခေမှုကြောင့် လို့ဘဲမှတ်ယူခဲ့သူဘာမောင်.......
မောင်ရယ် (ရ) နှစ်ကြာချစ်ခဲတဲ့ ချစ်ဦးသူမောင့်ကို လွယ်လွယ်နဲ့ မေ့နိုင်တဲ့ အင်အားမရှိဘူးလေ… ဒါပေမဲ့မောင်ရယ် မေ့ကောင်ကြိုးစားခဲ့ဘာတယ်။ မောင်ပေးခဲ့တဲ့ ဒဏ်ရာ ကို ပျောက်အောင် ကုနိုင်တဲ့နည်းအမျိုးမျိုး ကိုဒို့ကြိုးစား ပြီးလုပ်ခဲ့တယ်… မေ့နိုင် ပြီးလို့ ထင်ခဲ့တယ် ဒါပေမဲ့ တိုက်ဆိုင်မှု ရှိလာတိုင်း ရင်မှာစူးပြီး အောက်လာ ပြန်တယ်မောင် ဒို့ရဲ့ ပျော့ညံ့တဲ့ အားနည်းချက် ကြောင့် ပျောက်ချိန်တန်ပြီ ဖြစ်တဲ့ဝေဒနာ မပျောက်ဘဲနာတာရှည် ရောဂါသည် ဖြစ်နေသူပေါ့…..
လူအများက ဒို့ဘ၀ကို လေးစား အားကျဂုဏ်ယူ နေတဲ့ အချိန်မှာ ဒို့ပျော်နေ ရမယ် မဟုတ် ဘူးလား မောင် ရယ်.... ဒါပေမယ့် ဘယ်သူမှာ့မသိတဲ့ ဒို့ဝေဒနာကြောင့် ပျော်ရွှင်မှု မရခဲ့ဘာဘူး ပျော်ရွှင် ခြင်းဆိုတာဒို့ဘ၀မှာပျောက်ဆုံးနေတာ ကြာဘာပြီမောင်။ ဒို့ဘ၀ဟာ အထီးကျန် လွန်ဘာတယ်မောင်.... ဒါပေမဲ့ ဒို့မောင် ကိုမမုန်းခဲ့ဘာဘူး။ မတင့်တော်တော့လို့ မောင်နဲ့ပတ်သက်တဲ့ အရာအားလုံးကို blocked လုပ်ခဲ့ပေမယ့် …....
နွေထွေးပြီးပျော်ရွှင်မှုအပေါင်းနဲ့ ပြည်စုံတဲ့ မိသားစုဘ၀လေး ကိုထာဝရပိုင်ဆိုင်နိုင်ဖို့ ဒို့ရှိတဲ့နေရာက အမြဲဆုတောင်းပေး လျှက်ဘာမောင်……
စပယ်လွမ်းသူ