ကံမပြီး ဟန်မကျဘူးဖြစ်နေတဲ့ လူအချို့ . . . . . .
ပြောဆို လုပ်ဆောင်မှု နည်းမကျလို့
ဇနီးအလှ အထင်အသေးခံရတဲ့ လူအချို့ . . . . . .
အပြင်က သိုးကလေးအသွင် တစ်မျိုးလေးအမြင်ဆန်းပါဘိ နှလုံးသားသဏ္ဍာန်မှာ အပြုံးများ မမှန်တဲ့ လူအချို့. . . .
ရံခါပေါင်း ရံခါကောင်း သံသရာအကြောင်း လူ့စိတ်ကိုက မျဉ်းပြိုင်ရယ်ပါ . . . . . .
အထက်ဖား အောက်ဖိ ကိုယ်မှား အနောက်မကြည့်တတ် လူအချို့ . . . .
စာနာစိတ်ကို အလွဲအမှားထင် သိမ်ငယ်တဲ့အသိဉာဏ်နဲ့ ပြန်လည်စော်ကားတတ်တဲ့ လူအချို့ . . . . . . .
စိတ်အကြံ(ယုတ်)နဲ့ ဟိတ်ဟန်ထုတ်လို့ ၊ အပြိုင်ပေါ်ရင် အနိုင်ဆော်ကြ ၊ အမောမခံနိုင်လို့ တောပြန်မှိုင်တဲ့လူတစ်ချို့ . . . .
အော် . . . . . . လောက နဲ့ ဓမ္မ အတူယှဉ်လျက်ခင်းထားတဲ့ မျဉ်းပြိုင်နှစ်ကြောင်းဆိုတာ
သိနားလည်ထားကြရင် ကိုယ်သွားလိုတဲ့ ဘူတာကိုတော့ ရောက်မှာအမှန်ပဲ . . . . ဒီအတွက် .. . . .
Hope for the best, but prepare for the worst
ဆန္ဒရှင်. . . .
ချက်ခန်းမှာ ထိုင်ကြည့်ရင်း ဘာရယ်မဟုတ် ရေးကြည့်တာပါ ”
ဘာ