Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တစ်ဝက်တစ်ပျက်လုပ်တတ်သည့်အကျင့်ဆိုး

$
0
0
ဟိုကိစ္စနည်းနည်း၊ သည်ကိစ္စနည်းနည်း တစ်ဝက်တစ်ပျက် မစို့မပို့လုပ်တတ်သောသူသည် အတိုအစတွေ လိုက်ကောက်သိမ်းရင်း နိဂုံးချုပ်ရမြဲ ဖြစ်၏။ အလုပ်တစ်ခုသည် လုပ်သင့်လုပ်ထိုက်သောအရာ ဖြစ်ရိုးမှန်က ၎င်းအား ကောင်းစွာလုပ်သင့်၏။
ထို့ပြင် ပို၍အရေးကြီးသည်က စ,မိသည့်အလုပ်ကို ပြီးစီးအောင် ဆောင်ရွက်ဖို့ ဖြစ်၏။ သည်နေရာ၌ “စိတ်ဓာတ်” က စကားပြောလေသည်။ အောင်မြင်ပေါက်မြောက်သောလူတွေကိုကြည့်လျှင် ကိုယ်လုပ်မိသမျှကို လက်စသတ်တတ်သော အလေ့အကျင့်ရှိသူတွေချည်းဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ အမှတ်တမဲ့ဆိုလျှင်တော့ သည်အကျင့်လေးလောက်က ဘာအထူးပြောစရာရှိသလဲ အောက်မေ့စရာ ဖြစ်၏။ သို့သော် မဟုတ်။ ဒီဟာသည် သေးသေးမွှားမွှားအမူအကျင့် မဟုတ်။ အောင်မြင်မှုအတွက် မရှိမဖြစ် အမူအကျင့် ဖြစ်၏။
တစ်ဝက်တစ်ပျက်အလုပ်နှင့် အောင်မြင်မှုသည် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်၏။ တချို့လူတွေသည် ကြီးကြီးကျယ်ကျယ် ကြံစည်တတ်၏။ မိမိအကြံအစည်ကို ကြီးကျယ်သထက် ကြီးကျယ်အောင် ကြော်ငြာတတ်၏။ သို့သော် ၎င်းအကြံအစည်အပေါ် သူတို့၏စိတ်ဝင်စားမှုနှင့် ၎င်းအတွက် သူတို့၏အားထုတ်မှုတို့သည် ကြာရှည်မနေ။ တစ်ဝက်တစ်ပျက်မျှနှင့်ပင် အရှိန်သေသွားတတ်ကြ၏။ တကယ် အကောင်အထည်ဖော်သည့်အပိုင်း၌ အင်အားစိုက်ထုတ်မှု ပြည့်ပြည့်၀၀ မပြုလုပ်သောအခါ ကြီးကျယ်ခဲ့သော ထိုအကြံအစည်မှ ဘာအကျိုးရလဒ်မျှ မဖြစ်ပေါ်တော့။ တစ်ဝက်တစ်ပျက်သမားတို့သည် အသီးအပွင့်ကို မခံစားရဘဲ အချိန်နှင့်စွမ်းအားတို့သာ လွင့်စဉ် ပြန့်ကျဲ ကုန်ဆုံးရမြဲ ဖြစ်သည်။
ထူးချွန်ထက်မြက်ပါလျက် ဘယ်သောအခါမျှ မအောင်မြင်သောသူတွေကိုကြည့်လျှင် ဘာလုပ်လုပ် တစ်ဝက်တစ်ပျက်လုပ်တတ်သည့် အကျင့်ဆိုးကြီး စွဲနေသူများဖြစ်ကြောင်း တွေ့ရလိမ့်မည်။ အောင်မြင်မှု ဟူသည်က စိတ်ရှည်စွဲမြဲမှုအပေါ်တွင် အဓိက မူတည်သည်။ စိတ်ရှည်စွဲမြဲမှုကြောင့် သူ၌ အခက်အခဲကို နောက်မတွန့်သည့်ဇွဲသတ္တိ ရှိရသည်။ ဇွဲသတ္တိရှိမှသာ ခရီးပန်းတိုင်သို့ ဖြောင့်ဖြောင့်တန်းတန်း လှမ်းနိုင်လေသည်။

ဇွဲသတ္တိနည်းသူ၏လမ်းကြောင်းသည် မြစ်များ၊ ချောင်းများကဲ့သို့ ကောက်ကွေ့၏ ဟူသော စကားတစ်ခု ရှိသည်။ မြစ်ချောင်းတို့မည်သည် ရေတိုက်စားလွယ်သောနေရာများအတိုင်းသာ တိုးဝှေ့ တိုက်စားသွားမြဲ ဖြစ်၏။ ကျောက်ဆောင်နှင့်ကြုံသော် သူကွေ့သွားလေသည်။ သူ၌ ဘယ်ဆီသို့ ငါသွားမည် ဟူသော ဦးတည်ချက်၊ ရည်မှန်းချက် မရှိ။ ပန်းတိုင် ဟူ၍ မရှိ။ အလားတူပင် ဇွဲသတ္တိနည်းသူသည်လည်း သက်သာရာကို လိုက်ရင်း ရည်မှန်းချက်ပန်းတိုင်ကင်းမဲ့သောဘ၀သို့ ရောက်ရမြဲ ဖြစ်၏။
လွယ်သည့်အပိုင်းကိုလုပ်ကာ ခက်သည့်အပိုင်းကိုချန်ထားရင်း ဘ၀ကို အချည်းနှီး ဖြုန်းတီးနေကြသူတွေ များစွာရှိ၏။ သည်လူတွေ၏အကြောင်းကို “အောင်မြင်မှု” အား မေးကြည့်လျှင် အားကိုးမရသူတွေ၊ ဘာကိစ္စမျှ  ယုံကြည်၍  လွှဲအပ်၍မရသူတွေ၊ တာဝန်ယူထားသည့်အလုပ်ကို ဘယ်တော့မှ ပြီးပြတ်အောင် မလုပ်သူတွေ ဟူ၍ မှတ်ချက်ချတာ ကြားရမည် ဖြစ်သည်။
တစ်ဝက်တစ်ပျက်သမားကား “အောင်မြင်မှု” က လုံးဝ ခေါင်းခါထားသောသူသာ ဖြစ်ချေသည်။

ကိုးကား................အားပြင်းတဲ့မြားတစ်စင်း (ဖေမြင့်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>