တက္ကသိုလ်ကျောင်းသားကြိုပို့ ၊ဂိတ်နဲ့ တည့်တည့်မှာ၊အလုပ်စခန်းချပါတယ်။များသော
အားဖြင့် ဒီကျောင်းကြို၊ပို့ -ကားတွေကိုစီးတာက၊ကျောင်းသူတွေများပါတယ်။
အုပ်လိုက်၊အဖွဲ့ လိုက်၊ လာကြ၊သွားကြ ပေါ့။အရွယ်စုံ၊အသွေးစုံ၊အလှစုံ၊ပန်းရောင်စုံ
တောကြီးထဲ၊ရောက်နေသလိုပါဘဲ။
သူတို့ အရွယ်လေးတွေဟာ၊အနာဂါတ်ရဲ့ ပန်းပွင့်လေးတွေပါ။ငယ်တယ်။လှတယ်။
တက်ကြွတယ်။ကြည့်နေရင်းမှာဘဲ၊တစ်ခုခုလိုနေသလို၊စိတ်မှာခံစားမိတယ်။
စေ့စေ့ ငုငု အကဲခတ်ကြည့်မှ တွေ့ ပါတယ်။(၁၀)ယောက်လာလျှင်။အားလုံးနီးပါး
ရယ်မောပျော်ပါးနေတာမတွေ့ ရပါ။တစ်ခုခုကို စိုးရိမ်နေသလို၊အနှောင်အဖွဲ့ တစ်
ခုခုကိုခံစားနေရသလို၊သံပါတ်ပေးထားတဲ့စက်ရုပ်တစ်ရုပ်လို။ဟိုလိုလို။ဒီလိုလို ပုံ
လေးတွေဖြစ်နေတယ်။
ဘာဖြစ်လို့ လဲ....ကလေးတို့ ရယ်။တဆက်တည်း။အရင်ကကျောင်းသားဘ၀ကို
ဖြတ်ကနဲ...တွေးမိတယ်။ဘာဆို၊ဘာမှ၊အပူအပင်မရှိပါ။ပျော်ကြတယ်။နောက်
ဟယ်၊ပြောင်ဟယ်နဲ့ ။ဒီလိုနဲ့ ဘဲ၊တစ်နှစ်ပြီး၊တစ်နှစ်ဖြတ်သန်းပြီး၊ကျောင်းပြီးပါတယ်။
ချစ်သူဒွိယံတို့ ကတော့၊ချွင်းချက်ပေါ့နော်။သူ့ အကန့် နဲ့ သူပါ။တော်တော်ပျော်
စရာကောင်းပါတယ်။အခု-သူတို့ လေးတွေကြည့်ရတာ၊အေးစက်စက်နိုင်လွန်းပါတယ်။
ဝတ္တရားတခုကို ဆောင်ရွက်နေရသလို၊သမ္မာကျမ်းစာအုပ်ကို၊ဂရုတစိုက်နဲ့ သယ်လာ
ပုံမျိုး၊မြင်ရတာ၊ရင်ထဲမှာ၊မကောင်းပါ။တစ်ချို့ က၊ဒီကိစ္စကို မြန်မြန်အဆုံးသတ်ပေး
နေချင်ပုံ။
သူတို့ လေးတွေ၊ပျော်နေတာဘဲ မြင်ချင်ပါတယ်။အပူအပင်ကင်းမဲ့စွာနဲ့ ၊စာပေသင်
ကြားရင်း၊ဘ၀ကိုဖြတ်သန်းသွားတာဘဲ၊မြင်လိုတယ်လေ။
ကလေးတို့ ...ပျော်ကြပါစေ..။အခက်အခဲတွေ နည်းပါးစွာနဲ့  တတန်းပြီး၊တတန်း
ကျော်ဖြတ်နိုင်ကြပါစေ......။လို့ ...ဆုတောင်းရင်း။
ကျောင်းဆင်း၊ကျောင်းတက်ကလေးတို့ ကို ၊ငေးကြည့်နေမိတယ်လေ...။
ခရီးသွားစာစု။(ကေတုမတီရောက်)