ဟိုင်း
နေကောင်းလား
ဘာလို့ပြန်မဖြေတာလဲ
ကျွန်မကွန်ပျူတာကို ဖွင့် G-talk ဖွင့် ၊ G-mail ဖွင့်ပြီး mailတွေကို စစ်နေတဲ့အချိန်မှာ စတတ်လာတယ်။ ဘယ်သူပါလိမ့် မြန်မာလိုရေးထားတာ။ ဒါနဲ့ကမန်းကတန်း ကြည့်လိုက်တော့ ကျွန်မG-talk ထဲကကောင်းလေးဘည်း။ ကောင်လေးက မြန်မာလိုရေးပြီး Chat နေတာ။ ခက်ပြီ……… ကျွန်မကလည်း မြန်မာလို ကျွမ်းကျွမ်းကျင်ကျင် မရေးတတ် ဘာလုပ်ရမလဲ။ ကျွန်မG-talk ထဲမှာ ကျွန်မနဲ့ အတွင်းသိအစင်းသိ ပြောမနာဆိုမနာမိသားစု နဲ့သူငယ်ချင်းတွေသာ ရှိတာ။ ကောင်လေးကိုတော့ အကြောင်းတစ်စုံတရာဆက်စပ် မှုနဲ့ထည့်ထားလိုက်တာ ဒါနဲ့ကျွန်မလည်း ကျွန်မတတ်တဲ့ မြန်ဂလိပ်နဲ့စာပြန်ရေးရတယ်……..။
Nay kaung tal
သူသဘောကျသွားတယ်… နောက်ကျွန်မမအားတာနဲ့ သူ့ကိုနှုတ်ဆက်လိုက်တယ်။
See you again
သူတန်းလန်းလေး ကျန်ခဲ့ရှာမယ်။
တကယ်မအားတာ ကောင်လေးမှမသိတာ…………။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
နေကောင်းလား
ဘာလုပ်နေလဲ
ဟော…. ကောင်လေးလာနှုတ်ဆက်ပြန်ပြီ။ ဒါနဲ့ကျွန်မလည်း သူ့ကိုစချင်တာနဲ့ သူ့စိတ်ကိုဇယ်တောက်ပြီး သူ့ကိုနောက်ဖို့ကြံလိုက်တယ်။
Nay kaung tal
I am 50year old.
You mother same too.
ကောင်လေးလန့်သွားတယ်
“ဟွန့်” ဆိုပြီး တစ်ခွန်းသာပြောပြီးလစ်ပါလေရော။ ခါးတောင်းကျိုက်ပြီးကို လစ်တာ ဖိနပ်တောင်ပါရဲ့လား မသိဘူး။ အဲ့ဒါဒုတိယ တွေ့ဆုံခြင်းဘည်။
နောက်တော့ ကောင်လေးဟာ ကျွန်မG-talk ထဲမှာအမြဲ မီးနီ (busy)ပြပါလေရော။
ကောင်းပါတယ် ကောင်လေးရေ ၊ ဟိုကြူ ဒီကြူ ကြူစရာတစ်ယောက် ကောင်လေးလျော့သွားတာပေါ့ ဦးနှောက်ပေါ့သွားတာပေါ့နော်။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
မီးနီ(busy) ပြထားတာ မစိမ်းရဲတော့ဘူး။ ရီဖို့တော့ကောင်းသား။ဟောဒီတစ်ခါစိမ်းတာတွေ့ပြီ ဒါပေမဲ့ သူကျွန်မကို လန့်နေတယ်။ Online မှာကလေထဲ ဒန်းစီးသလိုဖြစ်နေတာလေ။ သူမကြူရဲတော့ဘူး။ ဒါနဲ့ကျွန်မကဘည်း စပြီးသူနှုတ်ဆက်တဲ့ ထုံးစံအတိုင်းနှုတ်ဆက်လိုက်ပါတယ်။
“ nay kaung lar ”
ကျွန်မနှုတ်ဆက်တော့ သူကလည်း ပြန်ရေးတယ်
“ နေကောင်းတယ် u n ”
“ what u n ” လို့မေးတော့ သူ့ကိုအဂ်လိပ်လိုတွေ တအား မရေးပါနဲ့ သူကအင်္ဂလိပ်လို နားမလည်ဘူးတဲ့ မြန်ဂလိ လိုရေးပါတဲ့။ u n ဆိုတာ သူကကျွန်မကို အန်တီလို့ခေါ်လိုက်တာ…….။ ကျွန်မသိတာပေါ့ ။ ကောင်လေးရေ…..
ကျွန်မကိုအန်တီခေါ်လို့ ကပ္ပလီမနဲ့ ရပါစေ………. ကုလားမကြီးနဲ့ ရပါစေ။
ကြည့်စမ်းပါဦး ရက်ရက်စက်စက် ရှေးခေတ်မင်းသမီးကြီး ခင်သန်းနုလို ချောတဲ့ကျွန်မကို ….. သူကျတော့ မင်းသားကြီး နေအောင် ၊ ရန်အောင် ၊ ရဲအောင် ၊ တို့လောက် လှရဲ့လားမသိဘည်း အန်တီတဲ့။ ကျွန်မကသာ သူ့ကိုကောင်လေး လို့တင်စားခေါ်တာ သူကျတော့ အဖေအရွယ်လား၊ အကိုအရွယ်လား၊ မောင်အရွယ်လား၊ အန်ကယ်ကြီးလား ၊ ဦးဦးလားမသိဘည်းနဲ့ ဒဿဂီရိလောက် ရုပ်ဆိုးပြီး ခေါင်းဆယ်လုံးလောက်ရှိပြီး ဦးနှောက်တွေ များပြီးဥာဏ်တွေများနေမဲ့သူကများ။
ကျွန်မကောင်းကောင်းလေး မေတ္တာပို့နေတာကို ကျွန်မအမတွေက ရီနေကြတယ်။ ဒါကြောင့် ကျွန်မတို့ပြောတာ ယောကျာ်းတွေဟာ
(၁) cat ကြောင်
ဟိုကြောင် ဒီကြောင် ကြောင်တဲ့နေရာမှာ နံပါတ်တစ်ပါ
(၂) rat ကြွက်
အနံရရင် ဟိုတွင်းဒီတွင်း လိုက်ဖောက်နေတာ
(၃) cow နွား
သူ့တို့စိတ်ကို အလိုလိုက်လို့ကတော့ ကောင်းကောင်းနွားကျခံနိုင်တာ
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ကျွန်မတို့ကိုကျတော့ သွားမပါရင်နေ တိုက်ပါရင် ကားပါရင်ပြီးရော လို့နှိပ်ကွပ်ပြောကြတယ် သူတို့ကျတော့ တိုက်ပါရင် ကားပါရင်ပြီးရော ဗိုက်ပါလည်း ဂရုမစိုက်ဘူး ဆိုတဲ့စာလေးတောင် ကျွန်မတို့သူငယ်ချင်း ဆုံတိုင်းပြောမိတယ်။ အခုခေတ်က ကျွန်မတို့ထက် သူတို့ကပိုပြီး အတွက်အချက်ကောင်းနေတာ။ မဟုတ်ဘူးလား။ ကောင်လေးရေ တစ်ခါထဲ busy ပြပြီးနေတော့တာ။ ကောင်လေးရေ ……. မင်းပညာနုပါသေးတယ်။
သုံးခါမြောက်တွေ့ဆုံပြီးတော့ 2012 Happy New Year ကနီးလာပြီလေ။ ထုံးစံအတိုင်း ခင်မင်တဲ့သူတွေဆီ www.123greeting.com ကနေ e-card လေးတွေ နှစ်တိုင်းပို့နေကြပေါ့။ ဒါနဲ့သူငယ်ချင်းတွေဆီ ပို့ရင်းနဲ့ကောင်လေးဆီလည်း ပို့လိုက်ပါတယ်။ ကောင်လေး2012မှာ စိတ်ချမ်းသာ ကိုယ်ချမ်းသာပါစေဆိုတဲ့ စေတနာအမှန်နဲ့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်မပို့ပြီး ဒီဇင်ဘာ(၃၁)ရက်နေ့မှာ ကောင်လေးကလည်း www.123greeting.com ကနေပြန်ပို့ရှာတယ်။ View မှာကြည့်တော့ moemaka အတွက်တဲ့ အောက်မှာတော့ သူ့နံမည်လေးထိုးပေးရှာတယ်။ ကောင်လေးမှာ စိတ်ကောင်းရှိတဲ့ ဗီဇရှိပါလား! ဒါဟာလူပီသတဲ့ စိတ်ဆိုတာထက် မြန်မာပီသတဲ့ စိတ်လို့ပြောရမယ်။ ကျွန်မတိုမြန်မာတွေဟာ အတုံ့အလှည့်မေတ္တာ တရားသိပ်ကြီးမားတာ စိတ်ပြေလွယ်တယ် နှလုံးသားလည်း နုကြတယ် ကောင်လေး…. သူ့ကို2012 အတွက်ဆုတောင်းပေးလို့ ပျော်နေရဲ့လား မသိပါဘူး။ အားနာလို့ပို့တာဘည်း ဖြစ်ဖြစ် ၊ တကယ့်စေတနာနဲ့ ပို့တာဘည်းဖြစ်ဖြစ် ကျေးဇူးဘည်းကောင်လေးရေ……..။ဒါနဲ့2012ကူးသွားပါရော ဇန်နဝါရီ (၂) ရက်နေ့ည ကျွန်မကွန်ပျူတာပိတ်မယ် အလုပ်မှာ ကောင်လေးကို လေးကြိမ်မြောက် တွေ့ရပြန်ရော ဒီတစ်ခါထူးထူးခြားခြား စိမ်းနေပါလား အံမယ်….. Aviailable ဆိုပါလား သူ့ကိုe-card ပို့လို့စိတ်ဆိုးပြေသွားတာလား ကြူမဲ့သူမရှိလို့ ကြူဖို့ဘယ်သူလာမလဲစောင့်နေတာလားတော့ ကာယကံရှင် ကောင်လေးအသိဘည်းနော် ဒါနဲ့ ကျွန်မကဘည်း စပြီးနှုတ်ဆက်လိုက်တယ်
Nay Kaung Lar
Nay Kaung Tal Sister
တဲ့ ကျွန်မမေတ္တာပို့လို့ အန်တီကနေ sister ဖြစ်သွားပြီ။ အသက်တစ်ထစ်လျော့လိုက်တယ်။ ကောင်လေးရေ နောက်တစ်ခါ ညီမလေး………… နောက်တစ်ခါ baby လေးတော့ မဖြစ်စေနဲ့ baby လေးဖြစ်ရင် နို့ဗူးလေးပါ ပါမှဖြစ်မှာ။ တစ်ခါတွေ့တစ်ခါ တစ်မျိုးဖြစ်နဲ့ ကောင်းလေးစိတ်က စန္ဒယား ဆရာရဲ့လက်ကြနေတာဘည်း တော်တော်စိတ်ကစားတဲ့ ကောင်လေးဘည်း။ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားစမ်းပါ။ ဒါနဲ့ကျွန်မ သူ့စိတ်ကိုဇယ်တောက်လိုက်တယ်။
Malay aye lar
Malay aye tal sis
တဲ့သူကောင်းကောင်းမွန်မွန် တော့ဖြေတယ်။ အဲ့ဒီလို လေးလေးစားစား ဖြေတဲ့သူ့စတိုင်လေးကို တော့ကျွန်မလေးစားပါတယ်။ နောက်သူကပြောတယ်
Myanmar see lar
မြန်မာလိုမြင်ရလား မေးတာနေမှာပေါ့ ကျွန်မလည်း မြန်ဂလိပ်လို ပြန်ဖြေလိုက်တယ်
Mynamr lo see par tal
ဒီလိုပြောတော့ သူ့ခဗျာ မြန်မာလိုရိုက်ပါလေရော မြန်မာလို သင်ထားပါလား လွယ်ပါတယ် မခက်ဘူးတဲ့။
ကျွန်မက
Ma arr buu
လို့ပြောတော့ သူ့ထုံးစံအတိုင်း ဟွန့် တဲ့
ဒါနဲ့ကျွန်မလည်း
Good night ……. See u again
Bye bye
လို့နှုတ်ဆက်လိုက်တယ်
သူ့ကလည်း ယဉ်ကျေးစွာ
Ok…… bye လို့ပြန်ပြောတယ်လေ။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ကောင်ကြီးလား ကောင်လေးလား တာတေကြီးလား မင်းသားလေးလားတော့ မသိဘူး online ထုံးစံမိန်းမဖြစ်ချင်ဖြစ်မယ် ယောကျာ်းဖြစ်ချင်ဖြစ်မယ် ဘယ်သိပါ့မလဲ။ ကျွန်မသိတာကတော့ ကောင်လေးဟာ Malay မှာအလုပ်သွားလုပ်တဲ့ ဘဝသမားဘည်း ထင်တယ်…… ထင်တာနော် သိတာမဟုတ်ဘူး ကြိုးစားကောင်လေးရေ မြန်မာပြည်ကထွက်သွား ကတည်းက ဘာရည်ရွယ်ချက်နဲ့သွားတာလည်း အဲ့ဒီရည်ရွယ် ချက်တွေမပျောက်စေနဲ့ ကောင်မေလေးတွေနဲ့လည်း သိပ်မကြူနဲ့ အသည်းနှလုံး ကွဲသွားမယ်နော် ။ ကျွန်မဆုတောင်းပေးပါတယ် ကောင်လေးရယ်။ ကောင်လေးချစ်တဲ့သူ ထက်ကောင်လေးကို ချစ်နိုင်မဲ့သူ တွေ့ပါစေလို့ပေါ့။ မြန်မာပြည်ပြန်လာရင် သားရွှေအိုးထမ်းလာနော်။ တစ်အိုးက မိဘအတွက် နောက်တစ်အိုးကကောင်လေးဘဝအတွက် ထာဝရနားခိုစရာ ကောင်လေးချစ်တဲ့ သူအတွက်ပေါ့။ ကျွန်မစိတ်ရင်း အမှန်နဲ့ ကောင်လေးကို ဆုတောင်းပေးတာပါ။ ဘာလဲ ! ကျွန်မစာဖတ်ပြီး ကောင်လေးတစ်ယောက်ထဲ ရီနေသလား…..။ သူငယ်ချင်းတွေနဲ့စုပြီး ရီနေသလား………… ကောင်လေးစိတ်မှာ တစ်ခုခုတော့ ခံစားရတယ်မဟုတ်လား ဘဝအတွက်ရုန်းကန်နေတဲ့ ကောင်လေးရေ ကောင်လေးအတွက် စာပေနဲ့ဖျော်ဖြေရတာ ကျွန်မကြိုက်ပါတယ်။ သဲကန္တာရထဲက အိုအေစစ်ရေလေးတစ်ခွက် ကောင်လေးကို ဘဝအမောပြေအောင် တိုက်ရတာ ကျွန်မကုသိုလ်ရတာပေါ့………… ဒါဘည်းနော် ကောင်လေးရေ နောက်တစ်ခါတွေ့ရင် ဘယ်လိုခေါ်မလဲ စဉ်းစားထား ကျွန်မကကြည့်နေမှာ busy လား Available လားဆိုတာ……..။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
မြန်မာပြည်ကထွက်တော့ လေယာဉ်ပေါ်မှာ ကောင်လေးရည်မှန်းချက်တွေ စိတ်ကူးယဉ်မှုတွေ တတ်ကြွမှုတွေ အိမ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ သူများနိုင်ငံမှာ မိမိဘဝတိုးတတ်ဖို့သွားတာ မဟုတ်လား။ မိမိရဲ့ရည်ရွယ်ချက်ကို မပျောက်အောင် ထိန်းလေ…….. ကောင်လေးရွာက ထွက်တဲ့စိတ် ကောင်လေးလေယာဉ် ပေါ်ရောက်တဲ့စိတ် ……… တစ်ထပ်တည်း ဖြစ်နေရမှာ သူများနိုင်ငံ ရောက်တော့ ကောင်လေးထင်သလို မဖြစ်တော့ ကောင်လေးထွက်ပေါက်ရှာပြီး မိန်းမကြူ ဘီယာသောက် စိတ်လေးက ယိုင်လာပြီမဟုတ်လား။ တစ်ခါတစ်လေဘောလုံးပွဲ နဲ့ မူးယစ်ဆေးဝါး တောင်လုပ်ကြတဲ့ လုလင်ပျိုတွေ နိုင်ငံခြားမှာ အများကြီးဘည်း။ ငွေတော့ရပါတယ် စာရိတ္တကို စတေးလိုက်ရတယ်ဆိုတာ ကောင်လေးသိရဲ့လား။ ကောင်လေးနဖူးပေါ်လက်တင် စဉ်းစားစမ်းပါ။ ရွာအတွက် အမေအတွက် အချိန်အတွက် ဘာတွေအမြတ်ရပြီလဲလို့။
ဘဝသမားဆိုတော့ ပညာရှင်တွေလောက် နိုင်ငံခြားသားတွေက ဦးစားမပေးဘူး ကောင်လေးကိုနှိမ်ကြမှာ ဘည်း။တစ်ခါတစ်လေကောင်လေး စိတ်ညစ်မှာသေမတတ် ခံစားရမှာ။ အသဲကွဲတာထက် ဘဝကွဲတာ ကပိုနာကျည်း ဖို့ကောင်းတယ် ကောင်လေးရေ…….. စိတ်ဓာတ်မကျနဲ့ “ ယောက်ျားတို့လုံ့လ သေခါမှလျော့ ” တဲ့ အားတင်းပြီး တော့ပြန်လာပါနော်။ နောက်တစ်ခါ ကောင်လေးပြန်လာရင် အသွားတုန်းကလို ခြေလှမ်းတွေသွက်ပါ။ လေယာဉ်ပျံကြီးကိုလည်း မမုန်းပါနဲ့ ရွာအထွက်စိတ်နဲ့ ရွာအဝင်စိတ် အမေ့အိမ်အထွက်နဲ့ အမေ့အိမ်အဝင် မြန်မာပြည်အထွက်နဲ့ မြန်မာပြည်အဝင် စိတ်ဟာတစ်သားတည်း ကျနေပြီ။ အသွားပန်းပန်သလို အပြန်လည်း ပန်းပန်နေပါစေ ကောင်လေးရယ်။ ဘဝတစ်ကွေ့ က သင်ခန်းစာတွေတော့ အများကြီးရတယ်မဟုတ်လား။ ကျွန်မပြောတာမှန်ရင် ကောင်လေးကောင်းတဲ့ ဘက်ကိုကောင်းတဲ့ စိတ်ပြောင်းပစ် စမ်းပါ။ အုတ်ရောရော ကျောက်ရောရော မနေစမ်းပါနဲ့ ကောင်လေးရယ်။ ဒီတစ်ခါ G-talk မှာဆုံရင်တော့ ကောင်လေးဆီက အားသစ်တွေရပြီ အမြင်မှန်တွေရပြီ စိတ်ဓာတ်ခွန်အားတွေ ကျွန်မကြောင့် ပြည့်ဝသွားတယ်ဆိုတဲ့ စာတမ်းလေးကို ကျွန်မမျော်နေမှာနော်။ အတတ်ပညာမပြည့်ဝဘည်း ဘဝပညာနဲ့သွားရင်းနေတဲ့ ကောင်လေးလို လုလင်ပျိုလေးတွေ အားလုံး အိမ်အပြန်လမ်းမှာ မိုးဆန်းပန်းလို လန်းစေချင်ပါတယ်။ ကောင်လေးရယ်……. ကျွန်မရဲ့မောင်လေးတွေ အကိုလေးတွေ တူလေးတွေ ဦးဦးတွေအားလုံး မြန်မာပြည်ပြန်အဝင်မှာ မြန်မာပြည်လောက် ကောင်းတဲ့နေရာ ဒီကမ္ဘာမှာ မရှိဘူးဆိုတာ တော့သိလာပြီ မဟုတ်လား……….။
♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥
ဝန်ခံစမ်းပါကောင်လေးရယ် အမိမြေဟာ ကမ္ဘာမှာ အလှပဆုံးမြေမဟုတ်လား…………။ အခုဒီစာကို ကောင်လေးဖတ်ခွင့်ရတာလည်း ရွှေမြို့တော်ကြောင့်ပေါ့………… ရွှေမြို့တော်ကို ကျွန်မချစ်တယ်…………. ရွှေမြို့တော်ကနေ ကျွန်မရဲ့အတွေးတွေကို လူသားအားလုံး ဖြန့်ဝေခွင့်ရလို့ ရွှေမြို့တော် လူကြီးတွေကို ကျွန်မအမြဲ အာရုံပြုမေတ္တာပို့နေပါတယ်။ ကောင်လေး…….. ကောင်လေးလည်း ကျွန်မကိုယ်စား ကျေးဇူးတင်ပေးဦးနော်။
အမိမြေကိုပြန်လာမဲ့ ကောင်လေးနဲ့တကွ လုလင်ပျိုတွေအားလုံး ကျွန်မတို့ အမိမြေက သစ္စာရှိရှိ ပုံစံမပြောင်းဘည်း နွေးထွေးစွာကြိုဆိုနေပါတယ် ကောင်လေးရယ်။ ကောင်လေးလိုချင်တဲ့ အတိုင်းအတာတစ်ခု ရရင်လောဘသတ်ပြီး အမိမြေကို ပြန်လာခဲ့ပါ။ ကျွန်မက G-talk , G-mail ထဲကကြိုဆိုနေမှာပါ ကောင်လေး……………….ရေ။
( ကိုယ်တိုင်ဝန်ခံချက် )
“ G-talk ထဲကကောင်လေး သားရွှေအိုးထမ်းလာပြီလား ” ဘလော့ပို့(စ်)သည် မိုးမခကိုယ်တိုင်ရေး အတွေးပုံရိပ်တစ်ခု ဖြစ်ပါသည်။ မည်သည့်နေရာတွင်မှ ပါဝင်ဖော်ပြခဲ့ခြင်း မရှိသော ဘလော့ပို့(စ်)ဖြစ်ပါသည်။