Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

'''''''''''''' သရဏဂုံ စွမ်းအား အကျိုးများ ....''''''''''''

$
0
0

                                       သရဏဂုံ စွမ်းအားထုံ

ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊

ဓမ္မံသရဏံ ဂစ္ဆာမိ၊

သံဃံသရဏံဂစ္ဆာမိ၊

      *တရားလုံးစုံ၊ အကုန်သိမြင်၊ ဘုရားရှင်ကို၊ ကြည်လင်လေးမြတ်၊ ရိုသေညွတ်၊ ဆည်းကပ်ပါ၏ ဘုရား။
 
*ဆင်းရဲကင်းပျောက်၊ ချမ်းသာရောက်အောင်၊ စွမ်းဆောင်တတ်ငြား၊ မြတ်တရားကို၊ လေးစားချစ်ခင်၊ ကြည်လင် လေးမြတ် ရိုသေညွတ်၊ ဆည်းကပ်ပါ၏ ဘုရား။
 
*ကောင်းစွာကျင့်ငြား၊ ရှစ်ပါးသံဃာ၊ အရိယာကို၊ကောင်းစွာလေးမြတ်၊ ရိုသေညွတ် ၊ဆည်းကပ်ပါ၏ ဘုရား။


                သရဏဂုံ သုံးပါးဆိုတာ သာသနာနဲ့ တွေ့ကြုံတုန်းသာ သုံးခွင့်ရတဲ့ အထက်တန်းစား ပုဂ္ဂိုလ်များရဲ့ သီးခြားစွမ်းအင် ရတနာကောင်းဖြစ်ပါတယ်။

                      သရဏဂုံဟာ မအားပေမယ့် ပစ္စည်းဥစ္စာ မရှိပေမယ့် သဒ္ဓါပညာရှိသူတိုင်း နေ့စဉ်ရယူနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။

                 ဘုရားလက်ထက်တော်က တိသရဏဂမနိယ ဆိုတဲ့အရှင်မြတ်တစ်ပါး ရှိတယ်။ သူဟာလွန်ခဲ့တဲ့ ၉၁ ကမ္ဘာအထက် အမျိုးသားတစ်ဦးဖြစ်စဉ် အရှင်နိသဘ အမည်ရှိတဲ့ အဂ္ဂသာဝကကြီးထံ သရဏဂုံ ဆောက်တည်ခဲ့တယ်။

                 အပါယ် ဒုဂ္ဂတိ ကြောက်လွန်းလို့ သဒ္ဓါပညာလဲ ထက်သန်တာမို့ သရဏဂုံ ရာသက်ပန်မြဲခဲ့တယ်။ အပါယ်ကို လုံးဝမရောက်ခဲ့တော့ဘူး။ သရဏဂုံစွမ်းအားကြောင့်ပေါ့။

                    သမာဓိအား ကောင်းကောင်း ဥာဏ်ထက်ထက် နဲ့အများလေးစားသူ တင့်တယ်လှပသူဖြစ်ခဲ့ ပြီး သုဂတိဘ၀ကောင်းမှာ အထက်တန်းက ချည်းပဲ ကျင်လည်ခဲ့ရတယ်တဲ့။ယခု ဂေါတမမြတ်စွာဘုရား သာသနာမှာ ၇နှစ်သားအရွယ်ကလေးနဲ့ ရဟန္တာဖြစ်ခဲ့ရတယ်။
 
              မြတ်စွာဘုရား သာသနာ့လမ်းစဉ်ဆိုတာ ကိုးကွယ်ရုံသက်သက်မဟုတ်ဘူး။ လက်တွေ့ကျင့်သုံးရတဲ့ လက်တွေ့လမ်းစဉ်ပါ။ ဇွတ်မှိတ်ပြီးတော့လဲ အယုံမခိုင်းပါဘူး၊ ပညာနဲ့လဲ ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ် စီစစ်နိုင်ခွင့်ရှိပါတယ်။

               သရဏဂုံဟာ သဒ္ဓါပညာရှိသူတိုင်း နေ့စဉ်ရယူနိုင်တဲ့ စွမ်းအားဖြစ်ပါတယ်။အဲလို ရတနာသုံးပါးရဲ့ အားကိုးလောက်တဲ့ ဂုဏ်စွမ်းရည်တွေကို အာရုံယူပြီး ကိုးကွယ်ဆည်းကပ်ကြမှာဖြစ်ပါတယ်။

                           ခရေ သိသလောက် သရဏဂုံ အကြောင်းလေး မျှထားတာပါ။ ခရေ ကိုယ်တွေ့ လေး လည်း ရေးပြချင်လို့ ပါ။

                   ခရေက ဗုဒ္ဓဘာသာ မိဘက မွေးဖွားလာခဲ့တော့ ငယ်ငယ်ကတည်းက သရဏဂုံ ဘုရားရှိခိုး ဘုရားစာတွေကို လူကြိးတွေက သင်ပေးခဲ့ပါတယ်။ ကျောင်းနေ ရွယ်ကနေ ခရေတို့ေ တွကျောင်းရောက်တိုင်း ဘုရားရှိခိုးပြီးမှ စာသင်ရပါတယ်။

                ငယ်ငယ်တုန်းကတော့ အိပ်ယာဝင်ခါနီး လူကြီးတွေက ဆူမှာကြောက်တော့ ဘုရားရှိခိုးပြီးအိပ်ရပါတယ်။ အတန်းရလာတော့ ကျောင်းစာတွေ အမှတ်တက်အောင် စာမေးပွဲတွေ အောင် အောင် ဘုရားရှိခိုး ပတီးတွေ စိပ်ခဲ့ပါတယ်။

                 ဒါပေမယ့် သေသေချာချာ အနက်အဓိပ္ပါယ်တွေ မသိခဲ့ပါဘူး။ အသက်ကလေးရလာတော့ စာတွေဖတ်မိခဲ့တယ်။ အကျိုးကျေးဇူးတွေကို ပိုမိုသိရှိခဲ့တယ်။ ပိုမို သက်ဝင် ယုံကြည်မိခဲ့ပါတယ်။

                   ခရေ နေ့ တိုင်းတော့ ငါးပါးသီလခံ ဘုရားရှိခိုးဖြစ်ပါတယ်။ ပတီးစိတ် အဓိဌန်တော့ အချိန်ရမှ လုပ်ဖြစ်ပါတယ်။ အားတဲ့ အချိန်တိုင်း သတိရရင် သဗုဒ္ဓေ ဂါထာကို ရွက်ဖြစ်ပါတယ်။

                  သရဏဂုံ သုံးပါကိုတော့ မျက်နှာသစ်တိုင်း ရေခွက်ကို ကြည့်ပြီး သုံးကြိမ်ရွက်ပါတယ် ။ မှတ်မိသလောက်ဆို ပထမနှစ် ကျောင်းသူ ဘဝကတည်းကပါ။ ခုဆို ဆယ်နှစ်နီးပါး ရှိနေပါပြီ။

                  မျက်နှာသစ်တိုင်း သစ်နေတော့ တနေ့ ကို နှစ်ကြိမ် သုံးကြိမ်ထက် မနည်းပါဘူး။ တနေ့ မှလည်း မပြတ်ကွက်ခဲ့ပါဘူး။ ပထမ စဦး အကျင့်လုပ်ကာစကတော့ မေ့နေတတ်ပါတယ်။ နောက် အကျင့် ဖြစ်သွားတော့ ရေခွက် ကိုင်လိုက်တာနှင့် ဘုရားစာက ဆိုပြီးသားဖြစ်နေပါတယ်။

                 အဒိ အကျိုးတွေ ကြောင့်နေပါလိမ့်မယ်။ ခရေ ခုချိန်ထိ စိတ်ညစ်ခဲ့ရတယ်ဆိုတာ ရှားပါတယ်။ ခရေကို တွေ့ တဲ့ သူတိုင်းက ချစ်ခင်ကြပါတယ်။ ညီမလေးလို အမလို ဖော်ရွေကြပါတယ်။

                     အလုပ်ထဲမှာလည်း ခရေကို လူတိုင်းက ခင်ကြတယ်။ ဧည့်သည်တွေတိုင်းက ချစ်ကြပါတယ်။ အပေါက်ဆိုးတဲ့  ဧည့်သည်တောင် ခရေက နေ ပြောဆို လိုက်ရင် စိတ်ပျော်သွားကြပါတယ်။

                         ခရေ စပြီး  နိုင်ငံခြားရောက်တော့လည်း အလုပ်နေရာကို သူများထက် ပိုကောင်းတဲ့ နေရာ ရခဲ့တယ်။ မိဘကို ပိုပြီး  သူများထက် ပိုက်ဆံပိုရတော့ လုပ်ကျွေးနိုင်ခဲ့တယ်။ 

                         စိတ်ညစ်စရာတွေ ကြုံခဲ့ရပါတယ်။ ဝဋ်ကြွေးက ပါလာတော့ ဆပ်ရတဲ့ ထုံးစံအတိုင်းပါ။ ဒါပေမယ့် ခရေ ကို ကူညီမဲ့သူ ။ခရေကို အားပေးမယ့် သူက အလိုလို ပေါ်လာပါတယ်။

                          ခရေ ယုံကြည်ပါတယ်။ ခရခုလို မျက်နှာ ပွင့်လမ်းပြီး လူချင်လူခင်ပေါတာ။ ခရေ ဘာလုပ်လုပ် သူများထက် အဆင်ပြေတာ။ ခရေ ကို နားလည်မယ့် သူ တွေ ရှိနေတာ ဒါတွေ အားလုံးဟာ မြတ်စွာဘုရားရှင်ကို မမေ့လို့ ။ မြတ်စွာဘုရားရှင် ဟောကြာပြသခဲ့တဲ့ တရားတော်တွေကို ယုံယုံကြည်ကြည့် နဲ့  မပြတ်ရွတ်ဖတ်တဲ့ အကျိုး...ကြောင့်ဆိုတာ မမှားပါဘူး ။

                           မြတ်စွာဘုရားရှင် ဟောကြားပြသခဲ့တဲ့  တရားတော်တွေဟာ အားလုံး သူဟာနဲ့ သူ တန်ခိုးအစွမ်းတွေ ရှိကြပါတယ်။ ခရေက ခရေ ကိုယ်တိုင် သတိထားမိတဲ့ အကြောင်းအရာလေးမို့ 

ရေးသားခဲ့ပါတယ်။

                         ခရေ အမြဲ သရဏဂုံတည်ပြီး မျက်နှာသစ်ခဲ့တဲ့ ကျေးဇူးတွေ ကြောင့် လို့ ယုံကြည်မိပါတယ်။

                       အားလုံးသော မောင်လေးညီမလေး သူငယ်ချင်းများ လည်း မြတ်စွာဘုရားကို ယုံကြည်ကိုးကွယ်လို့  ဘုရားရဲ့ ကျေးဇူး ၊ တရားတော့တွေ ရဲ့ ကျေးဇူး ၊ သံဃာတော်တွေ ရဲ့  ဂုဏ်တွေကို ယုံကြည်အားကိုးနိုင်ပါစေလို့ ...

                               ခရေ ကိုယ်တွေ့ လေးတွေကို လိုက်နာကျင့်သုံးပြီး အမြဲမပြတ် ကျင့်ဆောင်နိုင်ပါစေနော်။

                                         ကျေးဇူးတင်ပါတယ်။

                                                                                                              ခရေ

                                                                                                    ( ကြိုးစားပါအုံးမည်)

                                                                                               ၁၈ ရက် ၊ ဇန်နဝါရီလ ၊ ၂၀၁၃ ခု

။။ ကိုယ်ပိုင်ရေး ။။

http://khayae.blogspot.com/

ခရေ ဘလော့လေးကိုလည်း လာလည်ပါလို့ ..


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>