လေးနွေယ်ရေ........ မင်္ဂလာပါနော် ... ကျန်းမာပျော်ရွှင်လို့  ဘဝခရီးကို ပန်းတိုင်ရောက်လျှောက်လှမ်းနိုင်ပါစေလို့  ဆုတောင်းရင်း ငါသိထားခံစားချက်တွေနဲ့ စိတ်ကူးလေးတွေကို လေးနွယ် သိဖို့  ပြောပြလိုက်ပါတယ်......။ လေးနွယ် ဘဝဆိုတာ ကွန်ပျူတာ တစ်လုံးဆိုရင် ကိုယ်ရဲ့  အောင်မြင်မူတွေ ကြိုးပမ်းအားထုတ်မှုတွေကိုကို save လုပ်ပြီး မှတ်တမ်းတင်ထားမယ်။ စိတ်ပျက်အားငယ်စရာ ကြေကွဲဝမ်းနည်းစရာ ပူဆွေး သောက တွေကိုတော့ delete ဖျက်ပစ်မယ် ။ အတိတ်က မေ့ရက်စရာမရှိတဲ့ လွမ်းဆွတ်တသမှုတွေကိုတော့ fileတစ်ခုထဲမှာ အသေအချာသိမ်းထားမယ် ။ အဲဒီ file ကို အလွယ်တကူ ပြန်ကြည့်နိုင်အောင် desktop ရဲ့  ထိပ်ဆုံးထောင့်နေရာမှာ တင်ထားမယ် ။ သူတပါးရဲ့  နှိမ့်ချစော်ကားမှု အပြစ်တင်ကဲ့ရဲ့ မှုတွေကိုတော့ mouseနဲ့ ဖျောက်ပစ်မယ် ။ သူတပါးရဲ့  ဘဝဖြတ်သန်းမှု အောင်မြင်မှု ကြိုးကမ်းအားထုတ်မူတွေကို အားကျအတုယူနိုင်ဖို့  copy လုပ်ထားမယ်။ ကိုယ့်ဘကွန်ပျူတာထဲကို ထုံထိုင်း ပျင်းရိ ညံ့ ဖျင်း စိတ်ပျက်အားငယ်စေတတ်တဲ့ virus ပိုးမဝင်အောင် ကာကွယ်တားဆီးရမယ်။ ငါ့အကြံ မကောင်းဘူးလား လေးနွယ်...................။ ။
အားငယ် စိတ်ပျော့လွယ်တဲ့ သူငယ်ချင်းမလေး လေးနွယ်ရေ.............. ဘယ်လိုအကြောင်းအရာအတွက်ပဲဖြစ်ဖြစ် စိတ်ခံစားမှုမလွယ်စေဖို့  ငါ့စကား ခွန်အား နှစ်သမ့်မှုလေးပေးချင်တယ်.....။ လေးနွယ် ..... လူလောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ မှန်သမျှဟာ အချိန်ကာလ ဒဏ်ကို မခံနိုင်ဘူး ဘယ်လောက်ပဲကြီးကျယ်တဲ့ အကြောင်းအရာ ဖြစ်ပါစေ အချိန်ကာလ ကြာမြင့်လာတာနဲ့ အမျှ သေးငယ် မှေးမှိန် သွားစမြဲပါပဲ...။ ဒါကြောင့် ကံမကေင်းလို့  ရှုံးနိမ့် ကြေကွဲဝမ်းနည်းရတာတွေ မှားခဲ့မိတဲ့ အမှားတွေအတွက် မျက်ရည်စက်လတ်နဲ့ စိတ်ပျက်ပြီး မအိပ်နိုင် မစားနိုင် ဖြေမဆည်နိုင် ဖြစ်မနေနဲ့  အချိန်တော့လည်း ပြီးသွားတာပဲ ။ ဝမ်းနည်းမနေနဲ့တော့............ နော်..။ အားငယ် စိတ်ပျော့လွယ်တဲ့ သူငယ်ချင်းမလေး လေးနွယ်ရေ.............. ဘယ်လိုအကြောင်းအရာအတွက်ပဲဖြစ်ဖြစ် စိတ်ခံစားမှုမလွယ်စေဖို့  ငါ့စကား ခွန်အား နှစ်သမ့်မှုလေးပေးချင်တယ်.....။ လေးနွယ် ..... လူလောကမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာ မှန်သမျှဟာ အချိန်ကာလ ဒဏ်ကို မခံနိုင်ဘူး ဘယ်လောက်ပဲကြီးကျယ်တဲ့ အကြောင်းအရာ ဖြစ်ပါစေ အချိန်ကာလ ကြာမြင့်လာတာနဲ့ အမျှ သေးငယ် မှေးမှိန် သွားစမြဲပါပဲ...။ ဒါကြောင့် ကံမကေင်းလို့  ရှုံးနိမ့် ကြေကွဲဝမ်းနည်းရတာတွေ မှားခဲ့မိတဲ့ အမှားတွေအတွက် မျက်ရည်စက်လတ်နဲ့ စိတ်ပျက်ပြီး မအိပ်နိုင် မစားနိုင် ဖြေမဆည်နိုင် ဖြစ်မနေနဲ့  အချိန်တော့လည်း ပြီးသွားတာပဲ ။ ဝမ်းနည်းမနေနဲ့တော့............ နော်..။
လေးနွယ်ရေ........ မိန်းကလေးဆိုတာ တစ်ချက်မှ အမှားမခံတဲ့ အတိမ်းအစောင်းမခံတဲ့ ကြိုးတန်းလမ်းလျှောက်သမားနဲ့တူတယ် ။ ဒါကြောင့် ဘဝကြိုးတန်းပေါ်ကို လမ်းလျှောက်ဖို့  သတိ ပညာ သိက္ခာ ဆိုတဲ့ အထိန်းရှိဖို့ လိုတယ်။ အဲဒီအထိန်းရှိမှ ကြိုးတန်းပေါ်က မကျအောင်လျှောက်နိုင်မှာပေါ့ အထိန်းရှပြီဆိုမှတော့ ရဲရဲလျှောက် ကြောက်မနေနဲ့  ...............နော်.........။
လေးနွယ်ရေ......... ကိုယ်ကကောင်းရင် ခေါင်းမရွေ့ ဘူးဆိုပြီး ပတ်ဝန်းကျင်ကို အလေးမထား မလေးမစား မလုပ်မိပါစေနဲ့ဟ.... လူတွေအကြောင်း ပေါင်းမှသိကြပေမယ့် မပေါင်းတဲ့ကြည့်တဲ့လူတွေက ပတ်ဝန်းကျင်ကို အရင်မေး အဆုံးအဖြတ်ပေးတတ်ကြတယ် ။(အဲဒီအခါ) ပတ်ဝန်းကျင်ရဲ့ သဘောထား အဆိုးတရားဖြစ်နေရင် မိန်းကလေးတို့ ဘဝ နစ်နာလှပ်ါဟာ..........။
လေးနွယ်ရယ်.........
လောကမှာ တစ်ယောက်မကောင်းလို့  တစ်ယောက်ပြောင်းရင် ပတ်ဝန်းကျင်က တစ်မျီုး ထင် အပြစ်တင်တက်တယ် (ဒီတော့) ...မကောင်းလို့ ပြောင်းမယ်ဆိုရင်တောင် အသေချာစဉ်းစားပြီးမှ ပြောင်းနော်.....။
နောင်တ ဆိုတာ မစရကောင်းသောအရာပါ ။ ပြန်ပြင်လို့ မရတဲ့ အကြောင်းအရာအထွေထွေမှာ ပြန်လည်ပူဆွေး လွမ်းချင်းတေးတွေတသ,သဆိုတငိုငိုနဲ့ မဖြစ်စေချင်ဘူး ... မလုပ်ခင်စဉ်းစားလုပ်ပြီးသွားမှအဲဒီနောင်တ မကြားပါရစေနဲ့ ဟာ..............နော်...........။
လေးနွယ်ရေ. .............. စိတ်ခံစားမှုတွေကိုသိမ်းဆည်းထားလို့ ရမယ့် ဗီဒိုတစ်လုံးလောက်ရှိရင် သိပ်ကောင်းမှာပဲနော်...... စိတ်ဆင်းရဲစရာ သောကတွေနဲ့ အတိတ်က အိပ်မက်ဆိုးတွေကိုအလုံပိတ်ပြီးသိမ်းထားချင်လိုပါ..။ ဖြစ်နိုင်ရင် ဆုံးရှုံးမှု သိမ်ငယ်မှု အားငယ်စိတ်ပျက်မှုတွေ ကိုယ်ကို ကိုယ်မယုံကြည်မှုတွေကိုပါ ထပ်ထည့်ထားချင်တယ်။
စိတ်ဓာတ်ကျလွယ်တဲ့ သူငယ်ချင်းမလေးရေ.............. ငါကောင်းကင်ကြီးကိုမော့ပြီး တိမ်တွေကို အကြာကြီး ထိုင်ကြည့်ဖူးတယ် .။ အရောင်အမျိုးမျိုးအသွင်သွင်အမျိုးမျိုး ပြောင်းနေလိုက်ပုံများ ကြည့်ကောင်းလိုက်တာ တိမ်တွေ တွေ့ ရွေ့ လွင့်မျောနေတာ ကြည့်ရင်း ကိုယ့်စိတ်တွေလည်း လွင့်မျောနေသလိုပဲ အဲဒီအချိန်လေးမှာ ငါဟာ...... စိတ်ပင်းပန်းမှုဆင်းရဲခြင်းနဲ့ ကင်းလွတ်နေတယ်လို့ သတိပြုခံစားမိခဲ့တယ်..။ ဒါကြောင့် စိတ်ညစ်တဲ့အချိန်တွေတိုင်း တိမ်တွေကို ထိုင်ကြည့်ဖူးခဲ့တယ်. လေးနွယ်လည်း စိတ်ညစ်ရင် ငါလို လုပ်ကြည့်ပါလား ...........။
လေးနွယ်ရေ........... ဘဝဆိုတာတိုက်ပွဲတဲ့........ ငါစဉ်းစားမိတယ် . .... တွေ့ သမျှလိုက်ပြိုင်နိုင်ချင်လို့ တော့မဖြစ်ဘူး မတိုက်ခင်စဉ်းစား တိုက်မယ်ဆိုပြင်ဆင်ထား ဒါမှလည်းပွဲတိုင်ကျော်အခေါ်ခံရလိမ့်မယ် .။ မနိုင် နိုင်ရင်နောက်ဆုက် ဖာတ်လမ်းတွေမရှုပ်စေနဲ့..........။
သူငယ်ချင်းမလေး.......... တရားတစ်ဖက် ဒါးတစ်လက်တဲ့ ပြာသာနာတစ်ရပ်တွေ့ လာရင် တရားနဲ့ အရင်ရှင်း ရှင်းလို့ မရနိုင် ခပ်ပေပေရင်ဆိုင်မှ ရနိုင်မယ်ဆိုရင်ကိုင်ထားတဲ့ဒါး အားထားစရာဖြစ်ပါစေ .........။ (ငါ့သူငယ်ချင်းလဲ ပီသပါစေနော်.........................)။
ခက်ပေပေနေတက်တဲ့ ကောင်မလေးရေ................. အသက်ရှင်သမျှ ဘာိုမှ မဆုံးရှုံးသေးပါဘူးကွာ........ လောကကြီးမှာ မရနိုင်တာ မရှိပါဘူး မရသေးတာပဲရှိတယ်..။ လိုချင်တာကိုကြီုးစားရယူဖို့  အသက်ရှင်သန်နေဖို့ လိတယ်။ (အဲဒီတော့) ကျန်းမာရေးကိုဂရုစိုက် ခပ်မိုက်မိုက်မနေနဲ့ နော်.............။
လေးနွယ်ရေ............. ငါဟာ...... လူငယ်တစ်ယောက်ဖြစ်ပေမယ့် အချစ်ကြောင်းကိုတော့သိပ်မသိဘူးဟ.... (ဒါပေမယ့်)......... ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ကပြောဖူးတယ်...။ (Coffee and love are best when they hot. ) ကော်ဖီရယ် .. အချစ်ရယ် ... ပူနွေးတဲ့အချိန်တာကောင်းတယ်တဲ့ လေးနွယ်ရော ဘယ်လိုထင်လဲ.............?
လေးနွယ်ရေ......... အရေးကြီးရင်သွေးနီးတယ်........တဲ့ သွေးနီးပြီး လူမလာတာမျိုး လူတကာလုပ်တက်ကြပါတယ် ။ ငါတို့  သူငယ်ချင်းနှစ်ယောက်ကတော့ အရေးကြီးရင် သွေးစည်းလို့  မညဉ်းမညူလက်တွဲကူပြီး ဘဝခရီးကို အတူတူလျှောက်ကြမယ်။ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးကြပါစို့နော် လေးနွယ်ရော ဘယ်လိုလဲ..........?
လေးနွယ်................. ကိုယ်လုပ်ချင်တာ လုပခွင့်မရ ကိုယ်ဖြစ်ချင်တာမဖြစ်ရ ဘာပဲလုပ်လုပ် အဆင်မပြေ အခက်ခဲ အတားအဆီးတွေနဲ့  စိတ်ဆင်းရဲပင်ပန်းနေတဲ့အချိန်ါ့ရဲ့  စာစုလေးတွေကိုဖက်မိပြီး စိတ်သက်သာရပါစေ...... အကြံကောင်းတစ်ချက်လင်းလက်ပြီး တိုးတက်မှုလမ်းစ ရှာတွေ့ ပါစေ မိဘနဲ့ ရပ်ဝေးတစ်နေရာမှာ ခွဲခွာနေရလို့ လွမ်းဆွတ်တမ်းတနေရမယ်ဆိုလည်း ငါ စာစုလေး ဖက်ပြီး အလွမ်းပြေနိုင်ပါစေ ......... လေးနွယ်ဘဝ တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းအောင်ဖန်တီး တည်ဆောက်နိုင်ပါစေလို့  တောင်းဆုခြွေရင်း ဒီစာေးကို အဆုံးသတ်လိုက်ပါတယ် လေးနွယ်............။