နိုင်ငံတစ်ခုရဲ့ အစိုးရဖြစ်စေ၊ ပါတီတစ်ခုဖြစ်စေ၊ မည်သည့်အဖွဲ့စည်းဖြစ်စေမိမိကိုယ်မိမိ ပြန်လည်သုံးသပ်မှုရှိနေရပါမည်။
၁၉၈၈ခုနှစ် မဆလအစိုးရ ပြုတ်ကျခဲ့ရခြင်းမှာ ထိုအကြောင်းတရားသာဖြစ်ပါသည်။
ထိပ်ပိုင်း (Policy Maker)များသတင်းအမှန်မသိခြင်း တစ်နည်းအားဖြင့် အောက်လက်
ငယ်သားများအလိမ်အညာကိုခံနေရခြင်းကစပါသည်။
“ အခြေအနေမှန်ကို လူကြီးပိုင်းက မသိတော့ ဆုံးဖြတ်ချက်များမှားယွင်းလုပ်ဆောင်ခဲ့သဖြင့်
အစိုးရတစ်ရပ်လုံး ပြုတ်ကျခဲ့ရပါသည်..” ဟု တာဝန်ရှောင်လွှဲခဲ့ကြပါသည်။တစ်နည်းအားဖြင့်
(Subordinate Lieutenants) ဟုခေါ်ပါသည်။
မည်သည့်အဖွဲ့အစည်းမဆို အထက်အောက် ပွင့်လင်းမြင်သာမှုရှိရပါမည်။
အခါအားလျော်စွာ..ပြုပြင်ပြောင်းလဲရေး (Reform) လိုအပ်ပါသည် ။မြန်မာနိုင်ငံ၏ နိုင်ငံရေး
နယ်ပါယ်တွင် ထို(Reform)ဆိုသော စကားကို ယခုအခါကျယ်ကျယ်လောင်လောင်ကြားနေရပါသည် ။
ပြုပြင်ပြောင်းလဲဟုဆိုလိုက်လျှင် ထိပ်ပိုင်းခေါင်းဆောင်ပိုင်းကိုသာ ပြေးမြင်တတ်ကြပါသည်..။
မည်သို့ဆိုစေ..အဖွဲ့အစည်းဖြစ်နေသဖြင့် အားလုံးတွင်တာဝန်ရှိလာပါသည်။
မဖြစ်မနေလိုအပ်၍ ပြုပြင်ပြောင်းလဲရေးလုပ်ကြရာတွင်..အရေးအကြီးဆုံးလုပ်ငန်းမှာ
ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် အောက်ခြေမှပြန်လည်တင်ပြရဲစေရန် ပတ်ဝန်းကျင်တစ်ခု
ဖန်တီးပေးရပါမည်။ ထိုပတ်ဝန်းကျင်သစ်တွင်..
၁။ အဆင့်အလိုက် လုပ်ပိုင်ခွင့်များအား ဥပဒေနှင့်အညီ သတ်မှတ်ပေးခြင်း ။
၂။ အဆင့်(Level) တိုင်းတွင် စည်းမျဉ်းဥပဒေ( Principle) လွမ်းမိုးစေခြင်း ။
၃။ အလွှာအလိုက် အုပ်ချုပ်ခံဝန်ထမ်းများကို (Keeping of Dignity and honour)
လူ့ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်စေခြင်း နှင့်မိမိကိုယ်မိမိဂုဏ်ယူတတ်စေခြင်းအားဖြင့်
အာဏာအလွှဲသုံးစားမှုကို တားဆီးစေခြင်း။
၎။ အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံအကြား အကြောက်တရား လွမ်းမိုးမှုမရှိစေပဲ လေးစားမှုနှင့်
အပြန်အလှန် ဒွန်တွဲရပ်တည်စေခြင်း ။
မည်သည့်ပြုပြင်ပြောင်းလဲရေးမဆို ဤအဆင့်များကို ကြောက်ရွံ့ထိတ်လန့်စရာမလိုပေ။
တစ်နည်းအားဖြင့် Balance of Power ကိုကျင့်သုံးခြင်းမည်ပါသည်။
…………………………………………………………………………………………………………………
(အင်္ဂလိပ် စာလုံးများကို..ဝေါဟာရဖလှယ်မှု..ချွတ်ယွင်းမည်ကို
စိုးရိမ်မိသဖြင့်သုံးစွဲရခြင်းဖြစ်ပါသည်။)