Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ချောကလက်ဗြူတီ(ဒါကတော့အသားညိုတဲ့သူအတွက်တဲ့ကျွန်တော်လည်းတင်စရာမရှိလို့သူငယ်ချင်းတို့တွေအဆင်ပြေမယ်ထင်တာလေးတွေရှာကြံတင်ပေးတာပါမကောင်းဘူးလို့ထင်လည်းမကောင်းဘူးလို့ပဲသတ်မှတ်လိုက်ကြပါနော်)

$
0
0

အသားမည်း၊ အသားညိုတာ ဟာ အားနည်းချက်တစ်ခု မဟုတ် ပါဘူး။ အသားအရောင် တိုင်းမှာ အားသာချက် တစ်မျိုးစီ ရှိစမြဲပါ။ ဒါကြောင့် အသားမည်းလို့ စိတ် ညစ်စရာ ငြိုငြင် အားငယ်စရာ မလို ကြောင်း ဦးစွာပဏမ တင်ပြလိုပါ တယ်။

အသားမည်းတဲ့ သူတွေဟာ ဝက်ခြံအထွက် နည်းလေ့ရှိကြပြီး မှဲ့ခြောက်၊တင်းတိပ်တို့ အထွက်လည်း နည်းတတ်ပါတယ်။ ဒါကြောင့် အ သားမည်းတဲ့ ပျိုမေများအနေနဲ့ မိ မိ အသားအရည်ကို ပိုပြီး ရွှန်းစို တောက်ပြောင်အောင် လုပ်ဖို့ ပိုပြီး လွယ်ကူလှပါတယ်။ နောက်ထပ် အားသာချက်ကတော့ အသား မည်း၊ ညိုတဲ့သူတွေဟာ အရည်ပြား ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်း အတော် လေးနည်းပါတယ်။ ဒီတစ်ပတ်မှာ တော့ အသားညိုတော့ ပတ္တမြားခဲ ဆိုတဲ့ ပတ္တမြား ပျိုမေများအတွက် ဆောင်ရန် ၊ရှောင်ရန် လေးတွေဝေ မျှလိုက်ရပါ တယ်။

အလှကုန်များ နှင့် မိတ်ကပ် သုံးစွဲနည်း

အရည်ဖောင်ဒေးရှင်းဟာ အ သားမည်းတဲ့သူများ သုံးစွဲသင့်တဲ့ အ ကောင်းဆုံး အလှကုန်ပဲဖြစ်ပါတယ်။ အသားမည်းတဲ့သူတွေ အတွက်ဖောင် ဒေးရှင်းလိမ်းတဲ့ အခါ ပိုပြီး အသား ညက်ဖို့ အခွင့်အလမ်းသာတဲ့ အတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။

ဖောင်ဒေးရှင်းလိမ်းပြီးတဲ့ အခါ ပေါင်ဒါလေးဖို့ပြီး မျက်နှာဝင်းလက် လာအောင် လုပ်ရပါမယ်။ ပေါင်ဒါ အလှည့်ပြီးသွားရင် အိုင်းရှဲဒိုး ကဏ္ဍ လာပါမယ်။ ရွှေရောင် အိုင်းရှဲဒိုး ဟာ အသားမည်းတဲ့သူတွေ အတွက် အကောင်းဆုံး အရောင်ဖြစ်ပါတယ်။ ငွေရောင်၊ အဖြူရောင်များကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ပါးပြင်နေ ရာကို အနီရောင်၊ သံချေးရောင်တို့ ခြယ်သပေးပါ။

မာစကာရာဆွဲတဲ့ အခါ အညို ရောင် သို့မဟုတ် အနက်ရောင် လေးဆွဲပေးပါ။ အိုင်းလိုင်နာကတော့ မဆွဲချင်လည်း အိုင်းရှဲဒိုးနဲ့ လိုက်ဖက်တဲ့အ ရောင်၊ ကိုယ့်အသား အရောင်နဲ့လိုက်ဖက်တဲ့ အရောင် လည်း ဆွဲပေးပါ။ မျက်လုံး အတွင်း ထောင့်နေရာကိုလည်း ခြယ်သပေး ပါ။ နှုတ်ခမ်းနီကတော့ ရာသီအခါ အ လိုက်လိမ်းခြယ်သင့်တဲ့ အလှကုန် တစ်မျိုး ဖြစ်ပါတယ်။ နှုတ်ခမ်းနီကို မိမိရဲ့ အကြိုက် ထက် ပွဲလမ်းသဘင်နဲ့နေရာတို့ကို ရွေးချယ် ပြီး လိမ်းခြယ်သင့်ပါတယ်။ မရမ်းရောင်၊ အညို ရောင်၊ ရွှေရောင်တို့ ဆိုးပေးသင့်ပါ တယ်။ အနက်ရောင် မဆွဲပါနဲ့။ နှုတ် ခမ်းတောက်စေ ဖို့အတွက်gloss လေး ထပ်ဆိုးပေးပါ။ lip liner အတွက် နှုတ်ခမ်းနီတို့ဟာ အရောင်အသွေး လိုက်ဖက်ညီဖို့ သတိပြုရပါမယ်။ နောက်ပြီး နှုတ်ခမ်းနီနဲ့လက်သည်း ပြီးတော့ ဆွဲဆောင်မှု ရှိပါတယ်။ ဥပမာ- နှုတ်ခမ်းနီကို အနီရောင် လေးဆိုးတဲ့ အခါ လက်သည်းကိုပါ အနီရောင်လေး ဆိုးပေးရင်ပိုပြီးတော့ ဆွဲဆောင်မှု ရှိလာပါတယ်။

နှုတ်ခမ်းနီဆိုးတဲ့ အခါမှာအောက် နှုတ်ခမ်းရဲ့ အလယ်တည့်တည့်နေ ရာကို Gloss လေး ထပ်ဆိုးပေးပါ။ LipGloss ဟာ အသားညိုတဲ့သူ တွေအတွက် အကောင်းဆုံးအလှ ကုန်တစ်မျိုး ဖြစ်ပါတယ်။

ရှောင်ကြဉ်ရမယ့်အချက်တွေက တော့ ဖောင်ဒေးရှင်းကို အရောင် တောက်တောက်တွေ မသုံးပါနဲ့။ နှုတ်ခမ်းနီအရောင်ကို ခရမ်းရောင် တို့ အနက်ရောင်တို့ မသုံးမိစေပါနဲ့။

အသားအရေ ထိန်းသိမ်းနည်း

အသားအရေနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖို့ အတွက် ရေဓာတ်ကို မခြောက်ခန်းစေဖို့ သတိပြုရပါ မယ်။ အသားမည်း၊ ညိုတဲ့သူ တွေအနေနဲ့ ရေဓာတ်ခြောက် ခမ်းပါက၊မပြည့်ဝ မလုံလောက် ပါက အသားအရေဟာ ခြောက်သွေ့ပြီး ညှိုး ရော်နေတတ် ပါတယ်။ဒါကြောင့် Moisturi- zer လိမ်းသလို ရေဓာတ် အတွက်လည်း ကောင်းစွာ ဖြည့်တင်းထား သင့်ပါတယ်။ နေရောင်ကာ ခရင်မ်ဟာလည်း အသားမည်းတဲ့ သူတွေအတွက် လိမ်းသင့်တဲ့ အလှကုန်တစ်မျိုးဖြစ် ပါတယ်။

နေရောင်ကာခရမ်ဟာ အသားမည်းတဲ့သူတွေ အတွက် အ သားကို ညက်ညောပြီး ရွှန်းစိုဖို့ အ ထောက်အကူပြုစေပါတယ်။အ နည်းဆုံး SPF13 ပါတဲ့ဟာ သုံး သင့်ပါတယ်။

ဘာဝတ်မလဲ ပျိုချောဆိုပေမယ့် အဆင်မတတ် က အမြင်ခက်နေမှာ စိုးရတဲ့အတွက် အသားညိုတဲ့ ပျိုချောများအတွက် ရှောင်ကြဉ်ရမယ့် အဝတ်အစား တွေရှိပါတယ်။ အနက်ရောင်၊ ပန်းရောင်၊ မိုးပြာရောင် အဝတ် အစားတွေကို မဝတ်ပါနဲ့၊မလိုက် ပါဘူး။ အနက်ရောင် အရမ်း ကျပ်တဲ့ အဝတ်အစားတွေလည်း မဝတ်ပါနဲ့။ ဒေါင်လိုက် အစင်း ကြောင်းတွေ ဝတ်ပေးပါ။စကတ် ဝတ်ရင် လိမ္မော်ရောင်၊ အနီရောင်၊ အဖြူရောင်နဲ့ အဝါရောင်တို့ ဝတ် ပေးပါ။

တကယ်လို့ ကိုယ်ဟာ အညို၊ အနက်ရောင်တို့ ဝတ်မယ်ဆိုရင် တော့ ဖိနပ်နဲ့ တခြားဖက်ရှင်ပစ္စည်း တွေကိုပါ ပေါင်းစပ်ပြီး လိုက်ဖက် ညီအောင်လေး ဝတ်ပေးပါ။ အညို ရောင်ဝတ်မယ် ဆိုရင် တခြားဖက် ရှင် ပစ္စည်းတွေကို အညိုဖျော့ဖျော့ လေး ဝတ်ပေးပါ။

လက်ဝတ်ရတနာနဲ့ ပတ်သက် ပြီး ပလက်တီနီယမ်၊ ငွေထည်တို့ ဝတ်ဆင်နိုင်ပါတယ်။

အသားညိုလို့ မျက်နှာညိုနေ တဲ့ ပျိုမေတွေ ပြုံးပျော်နိုင်ကြပါ စေသား . . .။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>