အလွမ်းတဲ့ ရေးတော့သာလွယ်တာ ခံရတာခက်လွန်းပါတယ်ချစ်သူ...
အများကြီးမဟုတ်တောင် အနည်းအကျဉ်းလောက်တော့ ငါ့အပေါ်မင်းနားလည်မယ်လို့
ငါထင်ခဲ့တာပါ..... မမျှော်လင့်သင့်ဘူးဆိုတာ ငါသိရက်နဲ့ ငါမျှော်လင့်ခဲ့မိတယ်....
လက်လှမ်းမမှီတဲ့ပန်းကို မခူးဆွတ်ရက်ပေမယ့် ကြွေကျလာတဲ့အခါမှတော့ သီကုံးတန်ဖိုးထားချင်တာ
ငါမှားသလားချစ်သူ.....
ဘယ်သူဘာပြောပြောပေါ့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပြီး ငါလဲလက်မထောင်ပြချင်တာပေါ့
ရပ်မတည်ပေးချင်တာမဟုတ်ဘူးချစ်သူ....
ချစ်သူမျက်နှာတစ်ခုတည်းနဲ့တော့ အရာအားလုံးကို မျက်ကွယ်ပြုမထားနိုင်ဘူး...
ဘ၀ဆိုတဲ့ ခရီးတစ်ခုကို အတူရင်ဆိုင်ကြမယ်လို့ ငါတို့ဆုံးဖြတ်ခဲ့တာပဲချစ်သူရယ်...
အချစ်ထက် နားလည်မှုကို ငါပိုလိုချင်ခဲ့တာပါ.....
ဂရုမစိုက်ချင်နေ မျက်ကွယ်ပြုထားတာကိုတော့ မခံမရပ်နိုင်အောင်ဖြစ်ခဲ့ရတယ်..
နောင်ခါလာနောင်ခါဈေးတဲ့ သက်ပြင်းမောချရုံကလွဲလို့
ငါဘာမှ မတတ်နိုင်ခဲ့ဘူး မိန်းကလေးတစ်ယောက် boy friendထားတယ်ဆိုတာ
ကိုယ့်ချစ်သူနဲ့ တည်ပေးသလိုဖြစ်တတ်တယ်ဆိုတာ မင်းသဘောမပေါက်သေးတာကို
ငါဝမ်းနည်းစွာလက်ခံလိုက်ရတယ်....ကလေးဆန်တာကို မြတ်နိုးတာမှန်ပေမယ့်
ကလေးဆန်လွန်းသွားရင် ရွဲ့နေစောင်းနေတဲ့အတိုင်းပါပဲချစ်သူ....
ချစ်သူဘယ်လိုနေနေ ချစ်သူပျော်ရင်ပြီးတာပဲ
ဆိုတဲ့အတွေးနဲ့ လိုက်လျောပေးသမျှကိုတော့
ဥပေက္ခာပြုမထားပါနဲ့ချစ်သူ..... အများအမြင်မှာ
မတင့်တယ်တာတွေ မဖြစ်ရအောင် ကိုယ်ကြိုးစားနေတဲ့အခိုက်မှာ
ကိုယ့်အတွက်ပါ လို့ခေါင်းစဉ်တပ်ပြီးထွက်သွားချင်တဲ့ချစ်သူ...
ကိုယ်ပြောခဲ့သလိုပေါ့ ကောင်းမယ်ထင်ရင်လုပ်ပါ.... မင်းအတွက်ကိုယ်ဟာ အတားအဆီးတစ်ခုဖြစ်ခဲ့ရင်
သတ်ချင်လဲသတ်သွားပါ..... မင်းသဘောကျ နေပေးမယ်လို့ အစကတည်းကဆုံးဖြတ်ပြီးမှတော့ချစ်သူရယ်
မင်းမချစ်လဲ ငါချစ်မှာပါ.... မင်းမရှိလဲ ဖြစ်အောင် ကြိုးစားနေရတော့မှာပေါ့....