မိတ္ထီလာ ကညန မှ ငါးခုံးမများအကြောင်း (သို့ ) ရွှေ့ဖျင်းညီနောင်-၂
ကျွန်တော်တို့ မြန်မာပြည်မှာ ဆိုင်ကယ်ဝစ်သောက် တွေကို 1999/2004/2008/2010/2012 ခုနှစ်တွေမှာ တရားဝင်အောင် လိုင်စင် လုပ်ပေးကြတာကို သတိထားမိပါတယ်။ 2015 (သို့  ) 2016 လောက်မှာလည်း တကြိမ်ထပ်ပေးဦးမယ်လို့  ကလန်ဒါ ကျနေပြန်ပါတယ်။
ကျွန်တော်သိသလောက် မြဝတီ၊မူဆယ်၊ကော့သောင်း၊ တာချီလိတ် စတဲ့  နယ်စပ်ဝင်ပေါက်တိုင်းမှာ ကညန နဲ့  ကပ်စတန် ဌာနတွေ ရှိနေပါတယ်။ အဲဒီမှာကတည်းက လိုင်စင်လုပ်ခိုင်းပြီး မှ မြန်မာပြည်တွင်းကို သွင်းခံမယ်ဆိုရင် ပိုမကောင်းနိုင်ဘူးလားဆိုတာ တာဝန်ရှိသူတွေ စဉ်းစားမိကြမယ်ထင်ပါတယ်။ အကြောင်းတခုခုကြောင့်သာ လို့ ပဲယူဆကြရမှာပါ။
အဲဒီလို ဝစ်သောက်ဆိုင်ကယ်တွေကို စီမံချက်ဆိုပြီး လိုင်စင်ချပေးတဲ့  တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားထဲမှာ ဆိုင်ကယ်ဝစ်သောက်တွေကို နည်းအမျိုးမျိုးနဲ့  ပြည်တွင်းကို သွင်းလာကြတာတွေ ရှိကြသလို၊ နယ်စပ်သွင်းကုန်လိုင်စင်ယူပြီး၊ ကပ်စတန်ဂျူတီဆောင်ပြီး မှ ဆိုင်ကယ်တွေကို သွင်းလာကြတာ တွေလည်း ရှိပါတယ်။ အဲဒီဆိုင်ကယ်တွေကို အထောက်အထား စာရွက်စာတမ်းစုံ အောင်လုပ်ပြီးရင် ကညန မှာလိုင်စင်လျှောက်လို့ ရပါတယ်။ သွင်းလာကြတဲ့ ကုန်သည်တွေက လိုင်စင် တကယ် ဝင်လိုက်တဲ့  ဆိုင်ကယ်တွေလည်းရှိသလို လိုင်စင်မဝင်ပဲနဲ့  ဝစ်သောက်အတိုင်း ရောင်းလိုက် ရတာတွေ လည်းရှိပါတယ်။ ကိုယ့် မှာရှိပြီးသား ဆိုင်ကယ်က ဟောင်းနေပြီဆိုရင် ကပ်ခွာ လုပ်လို့  ရအောင်ပေါ့ ။
ကျွန်တော်ပြောချင်တာက ကပ်စတန်ဂျူတီဆောင်ပြီး သွင်းလာတဲ့  ဆိုင်ကယ်တွေကို ဆပ်ပရိုက်ချက် လုပ်တဲ့ အချိန်မှာ ဖမ်းယူသိမ်းဆည်းသွားကြခြင်းပါပဲ။ ဂျူတီစလစ်တွေကို အထောက်အထားနဲ့  ပြပေမယ့်  မိတ္ထီလာ ကညန က အင်ဂျင်နီယာ ဦးမျိုးမြင့်အောင် ဆိုသူက သူ၏ ဆရာဖြစ်သော ဦးဂျိုက်ကူးမား၏ အမိန့် အရ ဖမ်းရမည်ဟုဇွတ်ပြောဆိုကာ ရဲစခန်းသို့  ပို့ ဆောင်ပြီး အမှုဖွင့်စေခဲ့  ပါတယ်။ စာဖတ်သူများ သိရှိပြီးကြသလိုပါပဲ။ ရဲစခန်းကို ရောက်သွားပြီးအမှုဖွင့်ခံရပြီဆိုတာနဲ့  နောက်ဆက်တွဲ အချိန်နဲ့ ငွေတို့  မြောက်များစွာ ကုန်ကျ ကြရတော့မှာပါ။ ကုန်သည်များဘက်မှ အထောက်အထားဖြင့် ပြန်ရနိုင်သည်ဆိုသော်လည်း ကုန်ဆုံးသွားသော အချိန်နှင့် ငွေတို့ အပြင် စိတ်ပင်ပန်းဆင်းရဲမှုများ ခံစားကြရတော့မည်မှာ သေချာနေပါသည်။
ယခုကဲ့ သို့ ဖြစ်ရခြင်းနှင့်ပတ်သက်ပြီး သက်ဆိုင်သူများမှ ပြောကြားကြသည်မှာ ဆပ်ပရိုက်ချက်အဖွဲ့  ဖြင့် လာရောက် ဖမ်းဆီးစဉ်အချိန်က အဆိုပါ ဦးမျိုးမြင့်အောင်မှာ အရက်သောက်ထားပြီး မူးယစ်နေသည့် အတွက်ကြောင့် အဆိုးအကောင်းမဝေဖန်နိုင်ပဲ ဆရာ၏ အမိန့် အတိုင်း ဇွတ်အတင်း သိမ်းဆည်းစေခဲ့ ခြင်းဖြစ်ပါတယ်တဲ့ ။ အတူပါသည့် ယာဉ်ထိန်းနှင့်ရဲ အစရှိသည့် အဖွဲ့ ဝင်တို့ မှာလည်း တရားဝင်လိုင်စင်မရှိဟု ကညနမှာ တာဝန်ရှိသူတစ်ဦးက သတ်မှတ်သောကြောင့် ဖမ်းဆီးရပါသည် ဟုပြောကြောင်း သိရပါတယ်။
သိမ်းဆည်းခံရသည့် ကုန်သည်တို့ မှ ထပ်မံပြောကြားကြသည်မှာ ရုံးအလုပ်ဖြင့် ကညန ရုံးသို့  သွားရောက်စဉ်အချိန်က သူတို့ တောင်းသော ငွေမပေးသောကြောင့် အငြိုးထားကာ ယခုကဲ့ သို့  ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ပြောကြားပါတယ်။ နောက်ပြီး သူတို့ ကဲ့ သို့  တခြား သော အချို့ ကုန်သည်များ၏ ဂျူတီရှိသော ဆိုင်ကယ်များကိုတော့ ဖမ်းတာမရှိပါတဲ့ ။ ကွက်ကျားမိုးရွာခြင်းသာ ဖြစ်သည်ဟုလည်း ပြောပါသည်။
အရင်တခါကလည်းကျွန်တော်သူတို့ အကြောင်းကို တင်ပြခဲ့ ပြီးပါပြီ။ ယခုဖြစ်ရပ်မှာ ကျွန်တော်၏ တင်ပြချက်များအား သက်သေခံပေးသလိုဖြစ်နေပြန်ပါသည်။ ယခင်တင်ပြစဉ်အခါက စာဖတ်သူ အချို့  ၏ အကြံပြုချက်အတိုင်း အချက်အလက်ခိုင်လုံစွာနဲ့ သက်ဆိုင်ရာတွေကို တိုင်တန်းဖို့ ဆိုတာက ကျွန်တော်တို့ လို့ သူတို့ ရုံးနှင့်မကင်းနိုင်သော သူတို့ အဖို့  နာမည်ခံပြီးတိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ဘာလို့ လဲဆိုတော့ အထောက်အထားနဲ့ မို့  သူတို့ ကိုအရေးယူကောင်းယူမယ် ဒါပေမယ့်  တိုင်လိုက်တဲ့ သူကိုတော့ သူတို့ က အသေမှတ်ထားပြီး သူတို့ ဂွင်ထဲဝင်သည်နှင့် ရေရေလည်လည် ပညာပေးဖို့ အဆင်သင့်ဖြစ်နေမှာပါ။ အဲဒီလိုမျိုးအဖြစ်အပျက်တွေက ခဏခဏ ကြုံနေရတော့ နာမည်ခံပြီးတိုင်ဖို့ ဆိုတာ သူတို့ ရုံးနဲ့  လုံးဝ ကင်းအောင် နေနိုင်မှသာဖြစ်နိုင်မှာပါ။ မကင်းနိုင်သေးသည့်အတွက်ကြောင့်အခုလို အွန်လိုင်းမှတင်ပြခြင်းဖြစ်ပါတယ်။ သူတို့ သိရှိပြီး ပြုပြင်နိုင်ကောင်းပြုပြင်နိုင်ကြဖို့ ။ ဒါမှမဟုတ်သက်ဆိုင်သူတို့ သိရှီပြီး ထိန်းသိမ်းပေးနိုင်ဖို့  ရည်ရွယ်ပါတယ်။
သူတို့ နှင့်ပတ်သက်ပြီး ရုံးရှိ ဝန်ထမ်းတချို့ နှင့် ပွဲစား တချို့ အား ထပ်မံစုံစမ်းမိသော အချက်နဲ့  ကျွန်တော်ကိုယ်တိုင် တွေ့ ကြုံ ရတဲ့  အချက် တချို့ ကို ထပ်ပြီးတင်ပြချင်ပါတယ်။
၁- ဦးဂျိုက်ကူးမားသည် ဘီအီးဘွဲ့ ရတဦးမဟုတ်ပဲ အေဂျီတီအိုင်ဆင်းတဦးသာဖြစ်ပြီး မြန်မာစကားပြောဆိုရာတွင် ပိုက်ဆံတောင်းသည့်အချိန်မှလွဲပြီးကျန်သောအချိန်တွင်စကားမပီပါ။အံ့  သြစရာကောင်းသည်မှာ သူသည် အေအီး (လက်ထောက်အင်ဂျင်နီယာ)ရာထူးရထားသည်မှာ မကြာသေးဟုသိရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်တွင် တနှစ်လျှင် အနည်းဆုံး ဘီအီးဆင်း အင်ဂျင်နီယာ အယောက် (၂၀၀)ကျော် နှစ်စဉ်မွေးထုတ်ပေးနေသည်ဟု သိရှိရပါသည်။ အဆိုပါ အယောက်နှစ်ရာ အနက် ဘယ်နှစ်ယောက်များ အလုပ်လုပ်ခွင့် ၊ ဝန်ထမ်းဖြစ်ခွင့်ရနေပါပြီလဲ။ စဉ်းစားစ၇ာပါ။ ဦးဂျိုက်ကူးမားကဲ့ သို့  မူးယစ်သောက်စားတတ်ပြီး ဝန်ထမ်းကျင့်ဝတ်နှင့်မညီသော၊ ငွေတောင်းပက်စက်သော၊ ရစ်တတ်ညစ်တတ်သော သူမျိုးအား ထိုရာထူးမျိုး ပေးထိုက်ပါသလော။ ထိုရာထူးအားပေးအပ်သောသူတို့  သည် မိမိတို့ လိပ် ပြာအား လုံနိုင်ကြပါ၏လော။ နှစ်စဉ်ကျောင်းပြီးနေကြသော ဘီအီးဆင်းကလေးများအား အထူးပင် အားနာစရာကောင်းလှပါသည်။ ကည န မှ အကြီးအကဲများ မည်ကဲ့ သို့  တွေးခေါ်ဆုံးဖြတ် နေကြပါသနည်း။ ပြောင်းလည်းလာသော ခေတ်စနစ်တို့  အား မျက်ခြေမပြတ် သင့်ပါကြောင်း အကြံပြုချင်စိတ်ပေါ်လာမိစေပါသည်။
၂-ဦးမျိုးမြင့်အောင်မှာ ဦးဂျိုက်ကူးမား၏ တပည့်တဦးဖြစ်ပြီး ဂျေအီး ရာထူးရထားသူဖြစ်ပါသည်။ ဆရာ့  ထက်တပည့် လက်စောင်းပိုထက်သူတစ်ဦးဖြစ်ပါသည်။ သူ၏ အမှုထမ်းသက် တလျှောက်တွင် အထက်အရာရှိအား ကားဖြင့်တိုက်ဘူးခြင်း။ မူးယစ်ရမ်းကားသောကြောင့် အကြိမ်ကြိမ် အရေးယူခံရခြင်း။ အကြောင်းမဲ့  အရက်ဖိုးတောင်းတတ်ခြင်း။ မရပါက အငြိုးထားကာ သူ၏ လုပ်ပိုင်ခွင့်အတွင်း ရောက်လာပါက ရက်ရက်စက်စက်တုန့် ပြန်တတ်ခြင်း။( အဆိုပါအချက်မှာ ဦးဂျိုက်ကူးမားနှင့်အလွန်တူပါသည်။) လုပ်ငန်းလာရောက်ဆောင်ရွက်သော ပြင်ပ မိန်းကလေးများ မဆိုထားနှင့် ရုံးရှိဝန်ထမ်းမိန်းကလေးများပင် သူရှိသော အခန်းသို့  သွားရောက်ရန်ကြောက်ရွံ့  နေကြခြင်း။ စသည် ဂုဏ်ထူးများ ရရှိထားသူဖြစ်ပါသည်။ သူသည်လည်း အက်စ် အေအီး ရာထူး ဖြစ်တော့မည်ဟုသိရပါသည်။ စိုးရိမ်မိပါသည်။ မိကျောင်းဖြစ်သွားသော ဖွတ်တို့ ကြောင့် မြစ်အတွင်းရှိ ငါးနှင့်တူသော ပြည်သူတို့  အတွက် ရင်လေးမိပါသည်။ သူကဲ့ သို့  သူမျိုးအားလည်း ယခုကဲ့ သို့  ရာထိုးမျိုး ပေးသင့်ပါသလော။ သူသည်လည်း ဘီအီးဆင်းမဟုတ်ပဲ အေဂျီတီအိုင်ဆင်း သာဖြစ်ပါသည်တဲ့ ။ ကညနမှ အကြီးအကဲများ ပြည်သူတို့ အား သနားကြပါလို့  ပြောချင်ပါသည်။
၃- ယခုစာတွင် နှစ်ယောက်ထပ်တိုးချင်ပါသည်။ ဦးစိန်လင်း ဆိုသူဖြစ်ပါသည်။ သူ့  ကွယ်ရာမှာ သူ့  ကို ပြောင်ကြီးဟု ခေါ်ကြပါသည်။ သူလည်းအေဂျီတီအိုင်ဆင်း တဦးဖြစ်ပါသည်။ မကြာမှီကမှ မိကျောင်းဖြစ်လာသောဖွတ်ဖြစ်ပါသည်။ ဝန်ထမ်းဖြစ်သည်မှာ လပိုင်းသာရှိပါသေးသည်။ ယခင်ဆယ်နှစ်လောက်က ဇေယျဝတီဘက်ရှိ သကြားစက်တွင် အစ်အေအီးအထိ ရာ ထူးဖြင့် အလုပ်လုပ်ခဲ့ ပြီး မည်သည့်ပြစ်မှုကြောင့်မသိရှီရပဲ အလုပ်ပြုတ်လာပြီး ကညနတွင် လုပ်အားပေး ဝင်လုပ်ရင်း ယခုရာထူးရသွားသူဖြစ်ပါသည်။ သူသည်လည်း ဆရာတူ တပည့်ပင်ဖြစ်ပါသည်။ ရုံးသို့  လုပ်ငန်း လာရောက်ဆောင်ရွက်သော သူတို့ အား မောက်မာစွာ ဆက်ဆံတတ်ပါသည်။ သူသည် နေ့  စဉ် ဂေါက်ရိုက်သောကြောင့် ဂေါက်တံ၊ ဖိနပ်၊ ဂေါက်သီး အစရှိသည်တို့ အား ဝယ်ယူရာတွင် ပွဲစားများအား ရစ်ပြီးညှစ်ပြီး ဆရာများအား ဗန်းပြခြိမ်ခြောက်ပြီး ပိုက်ဆံတောင်းယူကာ ဝယ်ယူတတ်သူ တဦးဖြစ်ပါသည်။ မပေးပါက ဆရာများကဲ့ သို့ ပင် အငြိုးထားတတ်သူ ဖြစ်သောကြောင့် မတတ်နိုင်သူတို့ သည်းခံကာ ပေးနေကြရပါသည်။
၎-နောက်တဦးမှာ ရုံးအတွင်းထဲရှိ ဦးဇင်ဇေယျာဝင်း ခေါ် ကိုသီဟ ဖြစ်ပါတယ်။ သူကတော့ လုပ်ငန်းဆောင်ရွက်သူတို့ ထံမှ ငွေတောင်းပြီး ညစဉ် စင်တင်ဘီယာဆိုင်များသို့  သွားရောက် ရမ်းကားနေသူဖြစ်ပါတယ်။ မနက်မိုးလင်းမှ ပြန်လာတတ်ပြီး စားပွဲထိုးများ အလွန် စိတ်ညစ်စေသော သူဟု သိရပါသည်။ လိုင်စင်များအား သူနှင့် အဆင်ပြေသူများအား လွယ်ကူစေပြီး အဆင်မပြေသူများအား အင်မတန်ခက်ခဲစေသောသူဖြစ်ပါသည်။ သူသည် မန္တလေး သား ဖြစ်ပြီး မန္တလေး က ပြောင်းလာသူပါ။ မန္တလေး မှာ သူ့ အိမ်လည်းရှိပါတယ်။
ဒီနေရာမှာတခုကြားဖြတ်ပြီးပြောချင်ပါသည်။ အပ်ကား တွေစီမံချက်နဲ့  မန္တလေး ကညန တိုင်းရုံးက ခရိုင်ရုံးတွေကနေ ဝန်ထမ်းတစ်ယောက်စီ ခေါ်တဲ့ အခါ အိမ်အဆင်သင့်ရှိသော သူ့ အတွက် များစွာ အဆင်ပြေပေမယ့်  သူက မိတ္ထီလာ မှာသာ နေလိုသည့်အတွက် တခြားဝန်ထမ်းများပါ အလှည့်ကျ သွားနေရပါသည်။ လူတိုင်း ကိုယ့် အိုးကိုယ့်  အိမ်တွင် နေချင်လှပေမယ့်  သူတစ်ယောက်သာ အိမ်ရှိရာတွင်မနေချင်ပဲ မိတ္ထီလာ မှာလာနေသည့်အတွက် စဉ်းစားစရာကောင်းလှပါသည်။ အိမ်ခံမရှိသူများအဖို့  သွားရေးလာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေး များစွာ ခက်ခဲနေပါသည်။ မိသားစုဖြင့်လည်းခွဲပြီးနေနေရပါသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး တလက်စတည်း ဆက်ပြောချင်သည်မှာ ဦးစိန်လင်းခေါ်ပြောင်ကြီးမှာ အပ်ကားများအတွက် မန္တလေး သို့ သူများနည်းတူ သွားရန်မလိုဟုသိရပါသည်။ မည်သို့  စည်းရုံးလိုက်သည် မသိရပါ။ ထူးခြားသည်မှာ တခြားသော တိုင်းနှင့်ပြည်နယ်ရုံးများမှာမူ ထိုကဲ့ သို့  လက်အောက်ရုံးမှ ဝန်းထမ်းခေါ်ယူသည်ဟု မရှိပဲ မန္တလေးတိုင်း ရုံးမှသာ ခေါ်ယူခြင်းဖြစ်နေခြင်းမှာ မည်သို့ သော ရွှေ့ဥဏ်တော်စူးရောက်စေသည့် စိတ်ကူးဟု ခန့် မှန်းရခက်နေပါသည်။ လက်အောက် ဝန်ထမ်းများအား ညှစ်ပတ်ပြီး ဒုက္ခ ရောက်စေလို ၍လောဟု စဉ်းစားစရာ ဖြစ်နေပြန်ပါသည်။
(မှတ်ချက်- သူတို့ ၏အကြောင်းများအား အသေးစိတ်ဖေါ်ပြရလျှင် အတော်ပင် ရှည်လျားမည်ဖြစ်သောကြောင့် အတိုချုပ်ပြီးတင်ပြခြင်းသာဖြစ်ပါသည်။ နောက်ထပ် ယခုကဲ့ သို့  နည်းနည်းခြင်း ထပ်မံတင်ပြပါဦးမည်။)
နောက်ဆုံးတင်ပြလိုသည်မှာ သူတို့ ရုံး၏ ခရိုင်ဦးစီးမှူးအကြောင်းဖြစ်ပါသည်။ ခရိုင်ဦးစီးမှူးလုပ်သူသည် အများအပြောအရ အင်မတန်သဘောကောင်းသူတဦးဖြစ်ပြီး အောက်လက် ငယ်သားများအား အလွန်ညှာတာတတ်သူတဦးဖြစ်ပါသည်။ သူ၏ သဘောကောင်းခြင်း ညှာတာ တတ်ခြင်း မှာ အထက်ဖေါ်ပြခဲ့ သော ငါးခုံးမ များ အပေါ်သို့  သက်ရောက်သွားသောအခါ ငါးခုံးမများအဖို့  အတိုင်းထက်အလွန်ဖြစ်နေပါ၏။ ခရိုင်ဦးစီးမှုးအနေဖြင့် ငါးခုံးမများ၏ အကြောင်းအား မသိမဟုတ် အနည်းနှင့်အများ သိမည်သာဖြစ်ပါသည်။ သူ၏ တပည့်များဖြစ်နေသောကြောင့် ခွင့်လွတ်နေခြင်းသာဖြစ်မည်။ ထိုသူတို့ သည် ခွင့်လွတ်ပေးဖို့  ထိုက်တန်ပါ၏လော။
ကျွန်တော့နေဖြင့် အထူးတောင်းပန်လိုသည်မှာ ခရိုင်ဦးစီးမှူးအပါအဝင် ကညန ရှိ အကြီးအကဲတို့  အနေဖြင့် အထက်ပါ ငါးခုံးမများနှင့်ပါတ်သက်ပြီး မသိချင်ယောင် ဆောင်မနေကြပါနှင့် အချိန်ကြာလာသည်နှင့်အမျှ ကျွန်တော်တို့  မြို့ မှာ အင်မတန်နစ်နာ လှပါသည်။ တကယ်ပင် ဝန်ထမ်းဖြစ်သင့်သူတို့ ကွမ်းယာရောင်းနေချိန်တွင် ဝန်ထမ်း မဖြစ်သင့်သော၊ ဝန်ထမ်း အရည်အချင်းမရှီသော၊ အဆင့်အတန်းမဲ့ သော၊ ငွေမျက်နှာကိုသာကြည့်တတ်သော သူတို့  မှာ အများပြည်သူနှင့် နေ့ စဉ် ဆက်ဆံနေရသော ကညန လိုဌာနမျိုးတွင် မရသင့်သော ရာထူးများ ရနေကြသည်မှာ ကျွန်တော်တို့ မြို့ အတွက်ရော၊ ကညန ဌာန အတွက်ရော၊ တိုင်းပြည်အတွက်ပါ များစွာ နစ်နာလှပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်အတွက် ၊ သမ္မတကြီး ဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလည်းရေးမူဝါဒများအတွက် အနှောက်အယှက်များ ဖြစ်နေတာကို တွေးတော ဆင်ခြင် ပြီး မှန်ကန် စွာ ဆုံးဖြတ် နိုင်ကြစေရန်အတွက် အားလုံးကိုယ်စား ဆုတောင်းနေမိပါသည်ခင်ဗျား။
ဖတ်ရှုသူများမှ အဆင့်ဆင့်လက်ဆင့်ကမ်းပြီး ပြုပြင်ပေးနိုင်သူများသိရှိစေရန် ဆောင်ကျဉ်းပေးပါရန်လေးစားစွာတောင်းပန်အပ်ပါသည်။