မင်္ဂလာပါရှင့် ခရေ ခု တင်ပြချင်တဲ့  ပိုစ်လေးကတော့ ယနေ့  မြန်မာလူမျိုး မိဘတွေမှာ စွဲနေတယ့်
အစွဲတွေပါ။ ကလေးတွေ လမ်းလျှောက်တတ်ကာ အရွယ် ၊ စတင်ပြီ လှုပ်ရှား အသုံးပြုတတ်ကာစ
အရွယ်တွေမှာ ဖြစ်တတ်တဲ့ သဘာဝလေးပါ။
ကလေးတွေကို ဘယ်လက် နဲ့  မကိုင်ရဘူး ၊ ညာလက် နဲ့ ကိုင်ခိုင်းတာ၊ စာရေး ပြီဆို ဘယ်လက် နဲ့ ရေးမှာ
ဆိုးလို့  ညာလက်နဲ့  အရေးကျင်တာ တွေပါ။ တကယ်တော့ ကလေးတွေ ရဲ့  မှတ်ဥာဏ်က ဖြစ်ပေါ်လာတဲ့
အာရုံကြော အားသန်မှုလေးတွေပါ။
သူတို့ တွေ ရဲ့  သန်ရာ သန်ရာ လေးတွေကို ပဲ ကြည့်နေပြီး တည့် မတ်ပေးသင့်တယ်လို့  ခရေတော့ ထင်ပါတယ်။
ငယ်ငယ် က ကိုယ့်စိတ်ထဲမှာ ဘယ်သန်၊ ညာသန်ဟာ မွေးရာပါ သဘာဝလို့ မထင်တာပါ။
ငယ် ငယ်တည်းက ညာဘက်နဲ့လုပ်လာတာ အကျင့်ပါနေလို့ ထင်ခဲ့တယ်။
ကလေးတွေ ရဲ့  စိတ်ကို အတင်း ပြုပြင်မယ် ဆို ကလေးတွေ ဥာဏ်ရည် ဥာဏ်သွေးတွေ
မှတ်ဥာဏ်တွေကို ပိတ်ပင်သလို ဖြစ်နေတယ် လို့ ခံစားမိပါတယ်။
ကိန်းဂဏန်း အရဆိုရင် လူဦးရေ ရဲ့  ၁၀ % ( ဆယ်ယောက်တွင် တယောက်က ဘယ်ကျော်တွေ ပါတတ်ပါတယ်)
ခရေ ဆိုလည်း တကယ်တော့ ဘယ်သုံးတာပါ။ ခရေ စာရေးတာနဲ့  ထမင်း လက်နဲ့ စားတာက လွဲ ရင် အားလုံး ဘယ် နဲ့ ပဲ သုံးတာပါ။ ငယ်ငယ်က မေကြီး တို့ က စာရေးရင် ညာနဲ့ မရေးရင် လက်ဆစ်လေးတွေ ခေါက်ခံရတော့ စာရေးတာပဲ သင်လို့ ရတယ်လေ။
ခရေ အရာတခုကို ကိုင်တော့မယ်။ ကိစ္စတခုကို လုပ်တော့မယ်ဆို ဘယ်လက်က အရင်ရောက်ခဲ့တာပါ။
မြန်မာ စကားပုံရှိပါတယ်။
မိန်းမ ဘယ်ကိုင် မဆယ်နိုင် ၊ ယောက်ကျား ဘယ်သုံး အိမ်ထောင်ဖြုံး
ဆိုပြီးတော့ပါ။ ခရေ ထင်ပါတယ်။ အဒိစကားပုံ လေးဟာ ကလေးတွေကို ဘယ်လက်နဲ့  မသုံးစေချင်လို့ 
လူကြီးတွေ တမင် ပြောခဲ့တာဖြစ်ပါလိမ့်မယ်။
ခရေ ကလေးကျန်းမာ ရေးစာအုပ်တွေ မှာ ဖတ်ဖူးရတော့မှ ကလေးတွေ အတွက် စတင် သင်ကာစ
အရွယ်မှာ ဘယ်လက် ကိုင်မှ ညာလက် ကိုင်မှ ရယ်လို့  အတင်း မသင်ပဲ သူတို့ ဥာဏ်လေးတွေ
အားသန်ရာကို လိုက်လျောတာ အကောင်းဆုံးလို့ ဖတ်ဖူးပါတယ်။
နောက် စာရေးဆရာ ( ဆရာ မင်းခိုက်စိုးစန် ) ရဲ့  ဆောင်းပါလေး တပုဒ် ဖတ်ဖူးခဲ့လို့ ၊
ဆရာ က ဘယ်သန်တွေရဲ့  စိတ်သဘောထားတွေ ရေးထားတာပါ။
မင်းခိုက်စိုးစန် ဆောင်းပါးတစ်ပုဒ်ကနေမှ ဘယ်သန် ညာသန်ဆိုတာ မွေးကတည်းက
အလိုလိုသန်လာကြတယ်ဆိုတာ သိတော့တယ်။
သူသာ မိဘဖြစ်ခဲ့ရင် ကလေး ဘယ်သန်ဖြစ်တာ ညာသန်ဖြစ်တာထက် ကလေးရဲ့ စိတ်မှာ အနာတရဖြစ်မသွားဖို့ကိုပဲ ဂရုစိုက်ပါမယ်တဲ့။
နောက်တစ်ခုက လူတွေမှာ လက်နဲ့ ခြေထောက်တင် မကဘဲ ဦးနှောက် မျက်စေ့စတဲ့ အစိတ်အပိုင်းတွေမှာပါ ဘယ်သန် ညာသန်ရှိတယ် ဆိုတာ စမ်းသပ်ချက်တစ်ခုနဲ့ ပြသွားပြီးတော့
တကယ်လို့များ နှလုံးသားမှာပါ ဘယ်သန် ညာသန် ရှိနေခဲ့မယ်ဆိုရင် အဲဒီအဖြစ်ကို မလိုလားပါဘူး။ ဘာဖြစ်လို့ဆိုတော့ သူ့အတွက် ကျွန်တော့်အချစ်တွေက နှလုံးသားရဲ့ အခြမ်းတစ်ခုခုမှာ လျော့နေတာမျိုး လက်မခံနိုင်လို့ပါ" ဆိုတာရယ်ပဲ။
ခရေ သိသလောက် ဘယ်သန်တွေ အကြောင်း ရေးထားတဲ့  ဆေးပညာ ဆောင်ပါးလေးကို မျှဝေပေးလိုက်ပါတယ်။
လူ့ အာရုံကြော အဖွဲ့အစည်းမှာ motor neuron ဆိုတာ ရှိပါတယ်။ sensory neurone ဆိုတာရှိပါတယ်။ sensory ဟာအာရုံခံစားမှု အတွက်ဖြစ်ပြီး motor ကတော့ movement အတွက်ပါ။ fine motor skills တွေဖြစ်တဲ့ စာရေးတာ လိုကိစ္စမျိုးမှာ motor neuron unequal distribution ဖြစ်နေလေတော့ ဘယ်သန် ညာသန် ဆိုတာ ပေါ်ပေါက်လာရတာပါဘဲ။
Ambidexterity ဆိုတဲ့ ဘယ်ရောညာပါ သန်တဲ့ အမျိုးအစားကတော့ အလွန် ရှားပါးပါသတဲ့။
သည်လိုဖြစ်ရတာဟာသန္ဓေသားဘ၀ ခန္ဓာကိုယ် တည်ဆောက်မှုဖြစ်စဉ်တွေကတည်းက
ဖြစ် ပျက်တယ်လို့ ဖတ်မိပါတယ်။
အချို့သော လေ့လာမှုတွေက မွေးဖွားစဉ်အချိန်မှာ သန္ဓေသားဟာ oxygen မလုံလောက်မှု ခနကြာ
ဖြစ်ပွားခဲ့မယ်ဆိုရင် ဘယ်သန် တယောက်ဖြစ်လာ စေဖို့အခွင့်အလမ်း များတယ် လို့ ဆိုထားပါတယ်။
ရာစုနှစ်ပေါင်းများစွာက ရှေးယခင် ဥရောပမှာ Sinistra ဆိုတဲ့ စကားလုံး ရှိခဲ့ဖူးပါတယ်။ ဒါဟာ "ဘယ်" ဆိုတဲ့
ပညတ် အတွက်"evil" ဒါမှမဟုတ် "unlucky" ဆိုတဲ့ ၀ိသေသ ကို ထပ်တူပြု ထားတာပါ။
အင်္ဂလိပ်လို"sinister" လို့ခေါ်တဲ့ စကားလုံးရှိပါသေးသတဲ့လက်တင်စကား sinus ကနေ
ဆင်းသက်လာတာဖြစ်ပြီးအဓိပ္ပါယ်ကတော့ အိပ်ကပ် "pocket" ပါတဲ့ ။
ရောမခေတ် toga ၀တ်ရုံ ဖားဖားကြီးတွေမှာ ဘယ်ဘက်မှာပဲ အိပ်ကပ်
တပ်ဆင် ချုပ်လုပ်လေ့ရှိပါတယ်။ ဒါဆို ညာလက်က ရော?
လက်တင်လိုတော့ dexter လို့ခေါ်ပြီး အင်္ဂလိပ်လို "dexterity" ပါ ။ Skill ဆိုတဲ့ ၀ိသေသ နဲ့ ပါ။
ညာ ကို "right"ဆိုပြီး ၀ိဂြိလ် ပြုထားလေတော့ မှန်ကန်မှုဖြောင့်မတ်တည်ကြည်မှု
တရားမျှတမှု "correct" , "proper", "authority", "justice" တွေရဲ့ လက္ခဏာ ရပ်လို့ ပြောပါတယ်။
ဘယ်ကျော် အကြောင်း ဆက်သွားပါ့မယ်။ ပြင်သစ်လို တော့ ဘယ် ဆိုတာကို"gauche" လို့ပြောပြီး
အိနြေ္ဒကင်းမဲ့မှု မတည်ငြိမ်မှုစတာတွေ ရဲ့လက္ခဏာပါ။ Portuguese တွေကတော့ မနက်အိပ်ရာထလို့
ညာခြေနဲ့ ထရင် "Good mood"နဲ့ ထတယ် ဆိုပြီးဘယ်ကတော့ "Bad mood" ပေါ့။
အရှေ့တိုင်းကို ကြည့်ပြန်တော့လည်းဘယ် ရဲ့ တရုတ်စာလုံး左 ကတော့ မလျော်ကန်မှု
မသင့်တော်မှု ရဲ့ ၀ိသေသ ဖြစ်ပါတယ်။(အခြား အဓိပ္ပါယ်ကွဲလည်း ရှိပါသေးတယ်)
ခြုံကြည့်လိုက်ရင်တော့ မကောင်းတဲ့ အဓိပ္ပါယ် ဘယ် ကို အများစု မကောင်းတဲ့ အဓိပ္ပါယ်
အနေနဲ့ပဲ သုံးကြတာ များပါတယ်။
မျှတအောင် ကောင်းတဲ့ အနေနဲ့ သုံးတဲ့အသုံး အချို့ ကိုလည်း ဖော်ပြလိုက်ရပါတယ်။
男左女右 ဆိုတဲ့ စာလုံးအရ ပြောရရင်တော့男左 ယောက်ျား ဟာ အလုပ် လုပ်ဖို့
(စိုက်ပျိုးထွန်ယက် ဖန်တီးပြုလုပ်) ဖြစ်ပြီး 女右 မိန်းမဟာ စားသောက်(ချက်ပြုတ် ကျွေးမွေး
ပြုစု စောင့်ရှောက်) ဖို့ ရယ်လို့ အဓိပ္ပါယ် ရပါတယ်။
သည်ထဲမှာ Taoism ရဲ့ Yin & Yang သဘောတရားလည်း
ကိန်းအောင်းနေပါတယ်။Incas တွေကတော့ ဘယ် ဆိုတဲ့ စာလုံးဟာ special spiritual abilities
ရှိတယ် လို့ ယူဆကြပါတယ်။ magic & healing လိုမျိုးပေါ့။
ခရေ ငယ်ငယ်က သူငယ်ချင်းတွေ လည်း ဘယ်သန်တွေ ရှိပါတယ်။ တကယ်တော့ ကျောင်းနေတဲ့ အရွယ်မှာဆို
ဘယ်သန်တွေကို ထောင့် မှာပဲ အမြဲထားရတယ်။ စာရေးရ အဆင်ပြေအောင်ပါ။ ဘယ်သန်တွေ ဆို ပဲ လူတွေက
အရာအဝင်သလို ၊ အလုပ် လုပ်ရင်ပဲ အဆင်မပြေသလို သတ်မှတ်ချင်ကြပါတယ်။
ခရေ ကိုဆို မေကြိးတို့ က ထမင်းစားရင် ဇွန်းကို ဘယ်နဲ့ ကိုင်ရင် ဆူပါတယ်။ ညာနဲ့ ပြောင်းကိုင်တော့
ထမင်းက စားမရတော့ဘူး။ လက်ကမသန်တော့ ကိုင်လို့ က မရတော့ဘူး။
အဒိလိုလေးတွေ ကြောင့် ခရေတို့  မွေးရာပါ ကလေးတွေ သန်ရာ သန်ရာလေးတွေကို
အတင်း လုပ်မယူပဲ သူတို့ လေးတွေ စိတ်အားသန်ရာကို ပဲ အသုံးပြုပေးကြပါစေလို့ ..
ဘယ်သန်တွေ ထဲကလည်း ထူးချွန်တဲ့ သူ တွေ တော်တော်များ ရှိကြပါတယ်။
ခရေ သိသလောက် ဘယ်သန် ထူးချွန်တဲ့  ပုဂ္ဂိုလ် တွေ ကိုဖော်ပြပေးလိုက်ပါတယ်။
Rocky Balboa သည် ဘယ်ကျော် လက်ဝှေ့သမားဖြစ်သည်။ အချို့သော ညာသန်
တိုက်ခိုက်ရေးသမားများသင်ပင် SouthpawStrategy ကိုသုံးကြသည်။
Bruce Lee ( တရုတ် ဖိုက်တင် မင်းသား )သည် ထိုထဲမှ တယောက်ဖြစ်၏။
နိုင်ငံရေး အသိုင်းအ၀ိုင်း တွင်လည်း ထင်ရှားကျော်ကြား ဘယ်ကျော်များ မနည်းပေ။
တိုက်ဆိုင်၍ ဆိုရလျင်အယောက် ၄၀မြောက် အမေရိကန်သမ္မတ Ronald Reagan မှစ
လက်ရှိ၄၄ယောက်မြောက် သမ္မတBarack Obama အထိ (Junior Bush ၁ဦး မှလွဲ၍)
အားလုံး ဘယ်ကျော်တွေချည်း။
အမျိုးသမီး ထဲတွင် ထူးထူးခြားခြား ပြင်သစ်ပြည်၏
ဒဏ္ထာရီဆန်သော Joan of Arc သည် ဘယ်ကျော်ဟုဆိုသည်။
သမိုင်းထဲက အထင်ကရများ ပြပါဆိုလျင်Alexander the Grea, Julius Caesar နှင့်
Napoléon Bonaparteတို့ကို ပြရမည်ဖြစ်သည်။
ခရေ ပြောချင်တာကတော့ ကလေးငယ် တယောက်ရဲ့ လွတ်လပ်တဲ့ အတွေး ခေါ် ၊
စိတ်ဝင်စားမှု ၊ စိတ်ထက်သန်မှု၊တွေကို ငယ်ငယ်လေး ကတည်းကနေ ပြီး
မိဘတွေက နားလည်စွာ နဲ့  ပြုလုပ်စေမယ်ဆို ထို ကလေးတယောက်ရဲ့  တွေးခေါ်မှု၊ ဥာဏ်ပညာ၊
ထူးချွန်မှုတွေ ရရှိလာမှာ မလွဲပါဘူးလို့ ...
ကျန်းမာပျော်ရွှင်ကြပြီး စိတ်နှလုံး ကြည်လင်စွာ မိမိ ပတ်ဝန်းကျင်က
ကလေးများ ဥာဏ်ရည် ဥာဏ်သွေး တိုးတက်စေရန် အားပေး ဆောင်ရွက်နိုင်ကြပါစေလို့ ..
ခရေ
( ကြိုးစားပါအုံးမည်)
၂၁ ရက် ၊ ဇန်နဝါရီလ ၊ ၂၀၁၃ ခု
http://khayae.blogspot.com/