မင်္ဂလာပါ ရှင် ..
အေး ချမ်း သာယာ ပါစေ လို့ ပဏာမ ဆုမွန်ကောင်းတောင်း ပေး ချင်ပါတယ် ။
ပြာသို့လပြည့်နေ့ မှာ ကျရောက်တဲ့ အမေများနေ့ကို ဂုဏ်ပြုသော အားဖြင့် “ အမေ ” ခေါင်းစဉ်ဖြင့် ကဗျာ လေးတွေ ရေးသားပေး ဖို့ တောင်းဆို ချင်ပါတယ် ။
အမေ ဆိုတာ လူသား တိုင်းအတွက် အနှိုင်းမဲ့ပါ။ အနှိုင်းမဲ့ မေတ္တာရှင် များကို ဂုဏ်ပြုတဲ့ အနေနဲ အမေ့များနေ့မှာ “ အမေ” ကဗျာလေးတွေ ကို စုပေါင်းပြီး ပိုစ်လေး တင်ဖို့ ရည် ရွယ်ထားပါတယ် ရှင် ။
လူသားတိုင်း၇ဲ့ အမေ ၊ ထာဝရ ကျေးဇူးရှင်အမေ များ အတွက် မှုံ အကြိုက်ဆုံး ကဗျာလေး တစ်ပုဒ်ကို
တင်ပြပေးလိုက်ပါတယ် ။
( အမေ )
ဇမ္ဘူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ
လူတိုင်းဟာ အမေရှိကြတယ်။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေဆိုတာတော့ ရှိပါတယ်။
ချစ်သဒ္ဒါဝေကဲ ပြည့်တန်ဆာအမေလည် အမေ
အကြွေးကြွယ်လှ ဈေးသည်အမေလည် အမေ
အကြောင်းတရားအခြေမွဲ သူတောင်းစားအမေလည် အမေ
တကယ်တော့ အမေဟာ အမေပါပဲ ။
(မေတ္တာရှင်ရွှေပြည်သာ )
ကျမ ရင်ထဲက အမေ ၊ အားလုံး ရင်ထဲကအမေ...
အမေကို ချစ်တဲ့ လူတိုင်းရဲ့ ခံစားချက်လေးတွေကို အားပေးကြရအောင်ပါနော် ။
ရေးတတ်သူရော ၊ မရေးတတ်သူရော ခံစားချက်တွေ ဖွင့်အန်နိုင်ပါတယ် ရှင် ။
ပုံမှန်ကဗျာ တင်တဲ့ နေရာလေးမှာပဲ “ အမေ” လို ခေါင်းစဉ်လေးနဲ တင်ပေးရင်ရပါပြီ ။
ပြိုင်ပွဲ မဟုတ်ပါ ၊ ဂုဏ်ပြုတဲ့ အနေနဲ ချစ်တဲ့ အမေတွေကို ဂုဏ်ပြု လိုက်ကြရအောင်ပါနော် ။
ရွေမြို့တော်သူ ၊ ရွှေမြို့တော်သား အားလုံးကို လေးစားစွာ တောင်းဆိုပါတယ် ရှင် ။
ခင်မင်လေးစား လျှက် ..
အက်မင်အဖွဲ့ ကိုယ်စား
မှုံနံ.သာဖြူ