စနစ်တကျအသည်းခွဲနည်း
ပညာရေးကောလိပ်များအတွက်သာ
မိန်းကလေးတစ်ယောက်အနေဖြင့်ယောင်္ကျားလေးတစ်ယောက်ကိုအသည်းခွဲမည်ဆိုပါက စနစ်တကျ
အသည်းခွဲရန်လိုအပ်ပါသည်။ထိုမှသာအသည်းခွဲသူနှင့်အသည်းခွဲခံရသူနှစ်ဦးနှစ်ဖက် သဟဇာတကျမည်ဖြစ်
သည်။အဆိုပါနည်းကိုအသုံးမပြုပါကအသည်းခွဲခံရသူသည် မလိုလားအပ်သောပြသနာများကိုပြုလုပ်လာခြင်း၊
ခံစားမူပြင်းထန်သူများသည်မိမိ၏အသက်ကို စွန့်လွတ်သည်အထိ ရူးသွပ်သွားခြင်း၊ ဆိုက်ကိုဖောက် ခြင်း၊
ယဉ်ယဉ်လေးရူးသွားခြင်းစသည့်မလိုလားအပ်သောဘေးထွက်ဆိုးကျိုး အခြေအနေများ ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့်တစ်စုံတယောက်ကိုအသည်းခွဲမည်ဆိုပါက အောက်ပါအတိုင်းပြုလုပ်ကြပါရန် တိုက်တွန်း
လိုက်ရပါသည်။
သ တိ ပြု ရန် အ ချက် များ
(1) အသည်းခွဲသူမိန်းကလေးသည်ယောင်္ကျားလေးကိုအမှန်တကယ်ချစ်မြတ်နိုးသော်လည်းကျီစယ်ချင်သော
စိတ်ဖြင့်အသုံးပြုမည်ဆိုပါက ယခုနည်းကို အသုံးမပြုပါရန်။
(2)
စနစ်တကျအသည်းခွဲနည်းကိုတစ်ကြိမ်တည်းသာ သုံးခွင့်ပြုမည်။ သို့သော် အသည်းခွဲခံရသူအနေဖြင့်ထပ်မံ
ဆက်လက်တိုးလာပါကပြန်လည်သုံးခွင့်ရှိသည်။
(3)
အသည်းခွဲခံရမည့်သူအနေဖြင့် တိကျသေချာသောပြစ်မူ အနည်းဆုံး (3) ခုရှိမှသာ အသုံးပြုရမည်ဖြစ်သည်။
ပညာရေးကောလိပ်များမှ ချစ်ခွင့်ပန်ကြားခြင်းစာဖြင့် အချစ်တောင်းခံပါက အောက်ပါအတိုင်း
စနစ်တကျအသည်းခွဲနည်းကို အသုံးပြုရပါမည်။
သို့/
မောင်နှင်းခက်
ကျောက်ဖြူပညာရေးကောလိပ်
ကျောက်ဖြူမြို့
မှတဆင့်
မောင်နှင်းခက်၏အုပ်ထိန်းသူ
15.1.2013
အကြောင်းအရာ။ ။မောင်နှင်းခက်၏ချစ်ခွင့်ပန်ခြင်းအကြောင်းအရာကိုပြန်လည်အကြောင်းပြန်ခြင်း။
အထက်ပါအကြောင်းအရာနှင့်ပတ်သက်ပြီးသံတွဲမြို့တွင်နေထိုင်သောမောင်နှင်းခက်
(ဘ-ဦးသိန်းဇော်၊မိ-ဒေါ်ခင်နှင်းတို့၏သား) အချစ်တောင်းခံလွာအရ ကျွှန်မအနေနှင့်
လက်ခံပေးနိုင်ပါသော်လည်း မောင်နှင်းခက်အပေါ်တွင် ကျွှန်မ မကြိုက်သောအကြောင်း
အရာများရှိနေသည်ကတစ်ကြောင်း ၊ကျွှန်မတွင်လည်း တရားဝင်ချစ်သူကရှိ နေပါသဖြင့် မောင်နှင်းခက်၏အချစ်ကိုလက်မခံနိုင်ပါကြောင်းအကြောင်းကြားအပ်ပါသည်။
အဆောင်မှူး လေ့ကျင့်ရေးမှူး မိမိ၏ချစ်သူ ပြန်ကြားသူ
လက်မှတ် လက်မှတ် လက်မှတ် လက်မှတ်
အကြောင်းအရာအားလုံး၏အဓိကမှာအသည်းခွဲသူအနေဖြင့်စကားကိုပါးနပ်စွာပြောတတ်ရန်သာလိုအပ်ပါသည်။
ကျန်သည့်အပိုင်းများမှာမိမိတို့၏အရည်အချင်းပေါ်တွင်မူတည်ပါသည်။
ကျွန်တော်တို့ရဲ့blog ကို ဝေဖန်အကြံပြုချင်ရင်ဘဲဖြစ်ဖြစ် ကဗျာများ စာမူများပေးပို့ချင်တယ်ဆိုရင်
chitchinyetalingar@gmail.com နှင့် 22songslover@gmail.com သို့ပေးပို့၍ သော်လည်းကောင်း
DTEd (16/11) section (B) မှ ဘုန်းမြင့်မြတ်အောင်သို့ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
dwyartharlay