၁။ “ဟိတ်ယောင် သော်တာ ခဏနေအုန်းလေကွာ” သူငယ်ချင်း စွမ်းထက်ကနေ နောက်ကနေပြီး သူ့ကိုစောင့်ဖို့ လိုက်တားရင်းပြောနေသည်။ သော်တာက သူစိတ်ဆိုးတာပဲဖြစ်ဖြစ် အရမ်းပျော်လို့ပဲဖြစ်ဖြစ် အဲလိုဖြစ်လာပြီဆိုရင် သူက သူအမြဲသွားနေကျနေရာကိုပဲ သွားတက်လေ့ရှိတယ်။ ဘယ်သူဘာပြောပြော သူနားမထောင်တော့ဘူး ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်ဖြစ်တဲ့ စွမ်းထက်က လိုက်တောင်းပန် လိုက်ချော့ လိုက်ဖြောင့်ဖျသော်လည်း နားမထောင်ဘဲ သူသွားနေကျ မြို့အပြင်ဘတ်မှာရှိတဲ့ ကန်ရေပြင်လေးမှာ ရေတွေကိုကြည့်ရင်း စိတ်ပြေလက်လောက် လာထိုင်တက်တဲ့အကျင့်လေးရှိတယ် အဲ .. သူ့ကို တွေ့ချင်တယ်ဆိုရင်တော့ အဲမှာ လာရှာရတယ် အခုလည်း အိမ်နဲ့စိတ်ဆိုးစိတ်ညစ်ပြီး ဆိုင်ကယ်တစ်စီးနဲ့ထွက်သွားတယ် ရေကန်ဆီကိုပေါ့ သူငယ်ချင်းစွမ်းထက်က တားနေတာတောင်မစောင့်ဘဲ ထွက်သွားခဲ့တယ်။ “ ဟူး…. အခုမပဲ ပေါ့ပါးလန်းဆန်းသွားတော့တယ်ကွာ အိမ်မှာကလည်း အခုတလော ဘာတွေဖြစ်နေတယ်မသိဘူး တစ်ချိန်လုံး ပေါက်ကွဲသံတွေပဲကြားနေရတယ်” သော်တာတစ်ယောက်ထဲ ရေရွတ်နေ၏ ။ သူ့နောက်မှာ သူငယ်ချင်း စွမ်းထက်ရောက်နေတာကို သတိမထားမိဘဲတစ်ယောက်တည်း ပြောနေသည်။ “ ဟိတ်ယောင် ..ငါရောက်နေတာမင်း မသိတာလား မသိချင်ယောင်ဆောင်နေတာလား….” “ sorry ကွာ ငါမင်းရောက်နေတာမသိဘူး” “ ရပါတယ်ကွာ…ခုမင်းဘာဖြစ်လာပြန်ပီလဲ ငါမင်းအိမ်ကိုလာတာ အိမ်ရှေ့ ခြံဝမရောက်ခင်လေးမှာ မင်းဆိုင်ကယ်နဲ့ထွက်သွားတာမြင်လိုက်လို့ လှမ်းခေါ်နေတာ မင်းမကြားဘဲ မောင်းထွက်သွားလို့ မင်နောက်ကနေလိုက်လာတာ ကဲပြောစမ်းပါအုန်း” “ အေးကွာ အိမ်မှာဘာတွေဖြစ်နေလဲကို မသိဘူး” “ အင်းပြောစမ်းပါအုန်း” “ ဖေဖေနဲ့မေမေ စိတ်ဆိုးရန်ဖြစ်တယ်ထင်တယ်ကွာ ကွဲမယ်လို့ ပြောနေကြကို ငါကြားလိုက်လို့ ငါလည်းစိတ်ညစ်ပြီးဒီကိုထွက်လာတာ” “ ဒါနဲ့နေစမ်းပါအုန်း မင်းမေမေဆိုတာက မင်းအဖေရဲ့ နောက်မိန်းမ ဒေါ်ခင်သော်တာကိုပြောတာမို့လား” “ ဟုတ်တယ်လေကွာ” “မင်းကလည်းကွာ မိထွေးနဲ့ကွဲသွားတော့ မင်းအတွက်ကောင်းတာပေါ့ကွ မင်းအဖေပိုင်ဆိုင်သမျှကို မင်းတစ်ယောက်တည်းပိုင်သွားတာပေါ့ကွ” “ မင်းကလည်းကွာ အဲလိုတော့မပြောပါနဲ့ မေမေက ငါ့ကို ငယ်ငယ်လေးကတည်းက ပြုစုစောင့်ရှောက်လာခဲ့တာလေ အမေရင်းတစ်ယောက်လိုတောင် ကောင်းခဲ့တယ်လေကွာ ” “ အေးကွ ဟုတ်တယ် မင်းအမေက မိထွေးနဲ့မတူဘူး အမေရင်းလိုပဲ မင်းပေါ်တော်တော်တော့ကောင်းတယ်ကွ” “ အေးကွာ အဲဒါကြောင့် ငါစိတ်ညစ်နေရတာပေါ့ တကယ်လို့များ ကွဲသွားရင် ငါက ဖေဖေနဲ့ပဲနေခဲ့ရမှာလေ ငါ မေမေနဲ့လည်းမခွဲနိုင်ဘူး လိုက်သွားလို့ကလည်းမဖြစ်ပြန်ဘူးလေ” “ အင်းအဲဒါလည်းဟုတ်တာပဲ” “ ဟူး...ငါဘယ်လိုလုပ်ရမလဲကွာ အကြံလေးဘာလေးပေးစမ်းပါအုန်း” “ အေးကွာ..ငါလည်းစိတ်မကောင်းပါဘူး” သော်တာပခုံးလေးကို ပုတ်ရင်း…။
၂။ “ မေမေ…မေမေ…” ခင်သော်တာ အိမ်ပေါ်ထက်နေအပြေးဆင်းလာကာ သူ့မေမေ ဒေါ်မြင့်သော်တာကို လှမ်းခေါ်နေခြင်းဖြစ်ပါတယ်။ မီးဖိုးခန်း လက်မလည်အောင် ချက်ပြုတ်နေတဲ့ ဒေါ်မြင့်သော်တာက “ ဘာလဲ သမီးလေး” “ မေမေ ဒီနေ့သမီးကျောင်းသွားရင် ထမင်းဗူးကို နှစ်ထုပ်ထုပ်ပေးပါနော်” “ ဟင်..ဘာဖြစ်လို့လဲသမီး..မ၀လို့လား မေမေသိပ်ထည့်ပေးထားတယ်လေ” “ မဟုတ်ပါဘူးမေမေ ဒီနေ့သမီးသူငယ်ချင်းကို ထမင်းမထည့်ခဲ့နဲ့လို့ပြောထားလို့ပါ” “ ဟင်..ဘာလို့လဲ” “ ဒီနေ့သမီးနားမလည်တဲ့စာတစ်ပုဒ်ကို ရှင်းပြခိုင်းချင်လို့ လက်ထိုးမလို့လေ..ဟီး……..” “ ဟင်းးးးငါ့သမီးကတော့လုပ်ပြီ” “ ဟုတ်တယ်မေမေရဲ့ ဒါမှ သမီးခုလပတ် စာမေးပွဲမှာပထမရမှာလေ သူနဲ့သမီးနဲ့ပဲ ပထမရရမယ်လို့ ဆုံးဖြတ်ထားတယ် ဒါကြောင့်သမီးက နားမလည်တဲ့စာတစ်ပုဒ်ကို သူ့ကို ရှင်းခိုင်းရမယ်လေ.. သူကစာတော်တယ်လေမေမေရဲ့ ” “ အေးပါကွယ် ကြိုးစားနော်သမီး ဒီနှစ်ဆယ်တန်းမှာ ဂုဏ်ထူးမပါရင်တောင်မှ နှစ်ချင်းပေါက် အောင်ရအောင် ကြိုးစားနော်သမီး ” “ ဟုတ်ကဲ့ပါမေမေရဲ့ သမီးကြိုးစားနေပါတယ်” ခင်သော်တာ သူ့အမေ ဒေါ်မြင့်သော်တာယုံကြည်အောင် ပြောလိုက်ခြင်းပဲဖြစ်ပါတယ် အမှန်တကယ်ဆိုရင် သူဟာ အရမ်းစာတော်တဲ့သူတစ်ယောက်တော့မဟုတ်ပါ၊ ထမင်းဗူးကလည်း သူမရဲ့ချစ်သူ ထက်ရဲအောင်ကို ကျွေးချင်လို့ပဲဖြစ်ပါတယ်။ ထက်ရဲအောင်တို့မှာ သားအမိနှစ်ယောက်ပဲရှိတယ် အရမ်းဆင်းရဲတဲ့သားအမိနှစ်ယောက်ပါ။ ဒါကြောင့်လဲ ခင်သော်တာက သူမရဲ့ချစ်သူအတွက်ပါထမင်းဗူးကို နေ့တိုင်း အပြည့်အသိပ်ထည့်လေ့ရှိပါတယ်။ ဒီနေ့ကတော့ ထမင်းဗူးကို နှစ်ဗူးထည့်ရတဲ့အကြောင်းကတော့ သူငယ်ချင်းတွေစုပြီး သူမတို့နေထိုင်တဲ့ မြို့ရဲ့ အပြင်မှာရှိတဲ့ ရေလှောင်ကန်လုပ်ထားတဲ့ ကန်ဘောင်လေးမှာ ၀ိုင်းဖွဲ့ပြီး စာဖတ်ရင်း ထမင်းအတူစားရအောင်လို့ အစီစဉ်ရှိတဲ့အတွက် သူမရဲ့ချစ်သူအတွက်ပါ ထမင်းဗူးတစ်ဘူးသက်သက်ထုပ်ခဲ့ခြင်းဖြစ်ပါတယ်။ “ မေမေ သမီးကျောင်းသွားဖို့ပြင်လိုက်အုန်းမယ်နော် သမီးမှာတာမမေ့နဲ့နော်မေမေ” “ အေးပါကွယ် ထုပ်ထားလိုက်ပမယ် သွားပါကျောင်းသွားဖို့ပြင်ခဲ့ စာအုပ်တွေလည်းမေ့ကျန်ခဲ့အုန်းမယ်နော် သေချာဂရုစိုက်ထည့်နော်သမီး” “ ဟုတ်ကဲ့ပါမေမေ …သြော်..မေမေ ဖေဖေရော” “ ဘာလုပ်မလို့လဲ မုန့်ဖိုးတောင်းမလို့မေးတာမို့လား ရော့ ..ဒီမှာပါရှင်” “ ဟင်…ဖေဖေက ဘယ်သွားတာလဲ ရုံးကလည်း အစောကြီးပဲရှိသေးတယ်လေမေမေရဲ့” “ ဟုတ်တယ်သမီး ဒီနေ့ သမီးဖေဖေ ရုံးကို အစောကြီးကတည်းက ထွက်သွားတယ် အမှုတစ်ခုက အရမ်းအရေးကြီးလို့ဆိုလားပဲ” “ သြော်..သမီးအတွက်မုန့်ဖိုးလေးတောင်မပေးခဲ့ချင်ဘူး ဖေဖေကလည်း တကယ်ပဲ” ခင်သော်တာ သူမရဲ့အဖေကိုစိတ်ကောက်ပြီး ပြောသွားရင်းကျောင်းကို ထမင်းနှစ်ထုပ်နဲ့ ထွက်လာခဲ့တော့၏ ။
၃။ သူမကျောင်းထဲကိုရောက်တဲ့အချိန်မှာ သူငယ်ချင်းတွေအားလုံးလဲရောက်နှင့်နေကြပါပြီ “ ဟဲ့..နင်ကကြာလိုက်တာဟယ် ဘာတွေအလုပ်ရှုပ်နေလို့ နောက်ကျနေတာလဲ ပြောစမ်းပါအုန်း” သူငယ်ချင်းတွေထဲက အရမ်းစပ်ဆုတက်သော စုမွန်လတ်ကနေမေးလိုက်ခြင်းဖြစ်ပါ၏ ၊ “ ဟဲ….ငါလား မေမေ့ကို ထမင်းနှစ်ထုပ်ထည့်မယ့်အကြောင်း ရှင်းပြနေလို့နဲနဲနောက်ကျသွားတာပါဟယ်နင်တို့ကလည်း” “ အေး ဒီနေ့တို့အဖွဲ့ နေလည်ထမင်းစားကျောင်းဆင်းတာလဲ လစ်ကြမယ်လေ နေ့လယ်ကျောင်းမတက်နဲ့တော့ သွားကြမယ်” သူငယ်ချင်းတွေထဲက အောင်အောင်ကနေ ၀င်ပြောလိုက်ခြင်းဖြစ်ပါ၏၊ ” သူတို့တွေ နေလည်ထမင်းစားချိန်ဆင်းတာလဲ တစ်ဖွဲ့လုံး သူတို့မြို့လေးရဲ့အပြင် ကန်ဘောင်လေးဆီသို့ ဆိုင်ကယ်ကိုနှစ်ယောက်တစ်တွဲစီစီးကာ ထွက်လာခဲ့ကြပါတော့၏ ။ သူတို့အဖွဲ့က မိန်းကလေးသုံးယောက်၊ ယောင်္ကျားလေးသုံးယောက်ပါ၊ အဲဒီအထဲမှာ အားလုံးဟာ အတွဲကိုယ်စီတော့ မဟုတ်ကြပါ ခင်သော်တာနဲ့ ထက်ရဲအောင်ကသာ ချစ်သူတွေပါ ကျန်တဲ့လေးယောက်ကတော့ သူငယ်ချင်းတွေပါပဲ သူတို့အတွဲကို သူငယ်ချင်းတွေကလည်း ချစ်ကြတယ် အားလုံးကလည်းသဘောတူကြတယ် “ ရှုး…….ဟား.......အခုမှဘဲ လေကောင်းလေသန့်နဲ့ထိတွေ့ရတော့တယ်ကွာ ..ဟားးးးးးးးးးးးးး ” “ ကဲတို့တွေ ထမင်းစားကြမယ် လာ…ဒီနေရာလေးမှာ ထိုင်ကြမယ်” သူတို့သူငယ်ချင်းတွေ ကန်ဘောင်ဘေးမှာ ပေါက်နေတဲ့ ရှားပင်ကြီးရဲ့အောက်မှာ ၀ိုင်းဖွဲ့ထိုင်ကာ ထမင်းစားသောက်ပြီး အဲဒီအပင်အောက်မှာပဲ စာတွေဖတ် စာတွေကျက်ကြရင်းနဲ့ ညနေ(၃)နာရီ ကျောင်းဆင်းချိန်ရောက်တာနဲ့ ပြန်လာခဲ့ကြပါတော့၏ ။ အားလုံးပျော်ရွှင်စွာပြန်ခဲ့ကြသော်လည်း ခင်သော်တာတော့ မပျော်ခဲ့ပါ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှစ်ဆယ်တန်းစာမေးပွဲဖြေပြီးရင် သူမတို့မိသားစုတွေ သူ့မရဲ့ဖခင်တာဝန်ကျရာ မြို့ကြီးကို သွားရတော့မှာဖြစ်တဲ့အတွက် သူမရဲ့ချစ်သူကို သနားမိနေ၏ ။ ဆိုင်ကယ်ကိုယ်စီ စီးလာကြရင်က ခင်သော်တာက “ ထက်ရဲအောင်” “ ဟင်..ဘာလဲသော်တာ” “ တကယ်လို့ သော်တာတို့ ဝေးသွားကြရင် သော်တာကို အမှတ်ရအုန်းမှာလားဟင်..” “ အဲလိုမပြောပါနဲ့ သော်တာရယ် ငါလေ ဆင်းရဲနေလို့သာ အခုနေငါသာချမ်းသာတဲ့သူဆိုရင် သော်တာကို အခုတစ်ခါတည်းလက်ထပ်ယူတယ်သိလား” “ နင်တကယ်ပြောတာလား” “ တကယ်ပေါ့ဟ..ဟားးးးးးးး” “ ဟာ..သော်တာက တကယ်ပြောနေတာကို လာနောက်မနေနဲ့နော်” “ မနောက်ပါဘူးဟာ ငါတကယ်ပြောတာပါ ” “ အင်းပါပီးတာပါပဲ” “ ဘာလို့အဲဒါတွေ မေးနေရတာလဲသော်တာ ငါ့ကိုမယုံလို့လား” “မဟုတ်ပါဘူး ယုံပါတယ်ရှင်…” “ ဟားးးးးးးးးးးးးးးးး” နှစ်ယောက်သားရယ်မောရင်း ထက်ရဲအောင်က ခင်သော်တာတို့အိမ်ထိလိုက်မပို့တော့ပါ လမ်းမှာပဲ သူမရဲ့သူငယ်ချင်းနဲ့ တဆင့် ဆက်သွားတော့၏ ။ သူမအိမ်ကိုရောက်သွားတဲ့အချိန်မှာ “ ကဲ…ငါသမီးလေးပြန်လာပြီလား” “ ဟုတ်ကဲ့ပါ မေမေ ” “ ကဲလာပါအုန်း ဖေဖေနဲ့မေမေ သမီးကိုပြောစရာရှိတယ်” “ ဟုတ်ကဲ့ပြောပါဖေဖေ ” “ ဒီလိုသမီးရေ ဖေဖေ ရှေ့အပတ်ဆိုရင် ပြောင်းရတော့မယ် အစကတော့ သမီးဆယ်တန်းဖြေပြီးလောက်ထင်ထားတာလေ ခုချက်ချင်းကြီးဆိုတော့ သမီးတို့သားအမိကတော့ ဒီမှာပဲနေခဲ့ပေါ့ သမီးဆယ်တန်းဖြေပြီးတာနဲ့ ဖေဖေဆီကိုလိုက်ခဲ့ကြပေါ့နော်သမီး” “ ဟာ…ဖေဖေကလည်း မြန်လိုက်တာနော်” “ အင်းဟုတ်တယ်သမီး သမီးဖေဖေမရှိတုန်းမှာ အလိမ်လိမ်မာမာနေနော် ဖေဖေဘာမှမကြားချင်ဘူးဟုတ်ပီလား” “ဟုတ်ကဲ့ပါဖေဖေရဲ့ သမီးလိမ္မာပါတယ်” “ ဟုတ်ပါတယ်ရှင် ရှင်ကလည်း သမီးလေးက လိမ္မာပါတယ်” ဒေါ်မြင့်သော်တာ သမီးဘတ်ကနေ ၀င်ပြောလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သူမအဖေကလည်း တာဝန်ကျရာမြို့ကြီးကိုပြောင်း သူမလည်းဆယ်တန်းဖြေပြီးတာနဲ့ သူမအဖေရှိရာသို့ လိုက်သွားခဲ့ပါတော့၏ ။
၎။ “ သူငယ်ချင်း နင်ဆယ်တန်းအောင်ပြီဆိုတော့ဘာလုပ်ဖို့စိတ်ကူးထားလဲ” ထက်ရဲအောင်တို့အဖွဲ့ရဲ့ ဆက်စုတက်တဲ့ ဆုမွန်လက်ကပဲစပြီးမေးလိုက်ခြင်းဖြစ်ပါ၏ “ ငါကျောင်းဆက်မတက်တော့ဘဲ နိုင်ငံခြားသင်္ဘောတက်မလို့စိတ်ကူးထားတယ်ဟာ ငါ့မှာ မေမေကလည်းမရှိတော့ဘူးဆိုတော့ ငါဒီမှာလည်းမနေချင်တော့ဘူး စိတ်လည်းမပျော်တော့ဘူးဟာ” “ ဒါဆိုတို့သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက် ကွဲကွာကြတော့မှာပေါ့ အင်းပေါ့လေ လောကကြီးက ဒီလိုပဲဖန်တီးလာလေသလားဟယ်” “ အေးဟာ ဘာတွေဖြစ်ကုန်လဲတောင်မသိတော့ပါဘူးဟာ” “ နင်ကောဘာလုပ်ဖို့စိတ်ကူးထားလဲပြောစမ်းပါအုန်း” “ ငါကတော့ ကျောင်းဆက်တက်မယ် ပြီးရင် တို့မြို့လေးရဲ့ကျောင်းမှာပဲ ကျောင်းဆရာမ၀င်လုပ်မယ်လို့စိတ်ကူးထားတယ်” “ အေးဟာ ကောင်းပါတယ် နင်တို့က ကျောင်းဆက်တက်ဖို့ ဘာမှပူစရာမလိုဘူးလေ တက်ဟာ ငါအားပေးတယ် တို့သူငယ်ချင်းတွေထဲက တစ်ယောက်ယောက် ၀န်ထန်းဖြစ်တော့ ကောင်းတာပေါ့ဟ” “ အေး ဟုတ်တယ်နော် ထက်ရဲအောင်” “ အေးပေါ့ဟ ငါအခုသင်္ဘောတက်ဖို့ကိစ္စသွားလုပ်ရအုန်းမယ် သွားအုန်းမယ်သူငယ်ချင်း” “အေးအေး နင်လည်းသူဌေးကြီးဖြစ်အောင်ကြိုးစားနော်” “ ကျေးဇူးတင်တယ်ဟာ ကဲဒါဆို ငါသွားတော့မယ်နော်” “ အေးအေး” ထက်ရဲအောင် သူငယ်ချင်းဖြစ်တဲ့ ဆုမွန်လက်ကို နှုတ်ဆက်ပြီးထွက်လာခဲ့၏ အဲဒီအချိန်ကစပြီး ထက်ရဲအောင်တစ်ယောက်မြို့လေးကနေ ပျောက်သွားလိုက်တာ (၂)နှစ်လောက်ကြားသွားခဲ့ပါ၏ ပြန်ရောက်မယ့်ရောက်လာပြန်တော့ တစ်ယောက်တည်းမဟုတ်ဘဲ သူနဲ့အတူ တစ်နှစ်သားအရွယ်ကလေးတစ်ယောက်ပါလာခဲ့၏ “ ဟာတို့သူငယ်ချင်းတစ်ယောက် ပြန်ရောက်လာပြီဆိုလို့ မင်ဆီကိုလိုက်လာတာ” “ အေးကွာ သူငယ်ချင်းတွေ လာတက်ကွာအိမ်ပေါ်” အိမ်ပေါ်ရောက်တော့ ကလေးကိုတွေ့တာနဲ့ ဆုမွန်လက်ကပဲဝင်မေးလိုက်၏ “ ဟင်…ထက်ရဲအောင် နင်ကလေးတစ်ယောက်တောင်ရလာခဲ့တယ်ဟုတ်လား ဘယ်မှာလဲ နင့်မိန်းမက” “ ဟာနင်ကလည်းဟာ မေးတာတွေများလိုက်တာဟာ” “ အင်းလေ ဒါဆိုနင်ပဲငါတို့ကိုရှင်းပြပါအုန်း နင်အိမ်ထောင်ကွဲလာရတာလား” “ မဟုတ်ပါဘူးဟာ ငါသင်္ဘောကို နှစ်နှစ်တက်ပြီး ရလာတဲ့ငွေလေးနဲ့ ကိုယ့်မြို့မှာပဲ ပြန်အချေပြီး သော်တာကိုလည်း အဆက်အသွယ်လုပ်မယ်ဆိုပြီးပြန်လာခဲ့တယ် အဲအခုအပြန်လမ်းမှာ ဒီကလေးကိုလမ်းမှာပစ်ထားတာတွေ့လို့ သနာတာနဲ့ခေါ်လာတာပဲကွာ” “ အော်…ဒါဆိုအခုမင်းဘာဆက်လုပ်မှာလဲ” “ ငါ့မှာငွေတော်တော်များတော့ပါတယ်ကွ ဒီမှာစီးပွားရေးလုပ်ရမှာပေါ့” “ အေးကွာကောင်းပါတယ် ကဲလိုအပ်တာရှိရင်လည်းပြောနော် မင်းက ကွဲကွာသွားတာကြာတော့” “ အေးကွာကျေးဇူးတင်ပါတယ်” “ မလိုပါဘူးကွာ ရပါတယ်တို့တွေပြန်တွေ့ဆုံကြတော့ကောင်းတာပေါ့” ဒီလိုနဲ့ ထက်ရဲအောင်တစ်ယောက် သူဌေးလေးတစ်ယောက်အနေနဲ့ ချမ်းသာပြည့်စုံလို့နေပါတယ်။ သူချမ်းသာပြည့်စုံတော့ ခင်သော်တာဟာ ဘယ်ပျောက်နေမှန်းမသိ အဆက်အသွယ်မရဖြစ်နေတဲ့အချိန် ခေါ်လာတဲ့သားလေးကိုလည်း သူ၏ချစ်သူ ခင်သော်တာကို လွမ်းတဲ့စိတ်နဲ့ မောင်မင်းသော်တာလို့ နာမည်ပေးခဲ့တယ် ။ အဲလိုနဲ့ သားလေးမင်းသော်တာ သုံးနှစ်လောက်မှာ ထက်ရဲအောင်ဟာ ခင်သော်တာနဲ့ ပြန်ဆုံခဲ့ပါတယ် သူတို့တွေလက်ထက်လိုက်ကြပါတယ်။ ဒါပေမယ် သူတို့အိမ်ထောင်ရေးဟာ သားလေးအသက်ဆယ်ခြောက်နှစ်လောက်ထိ သာယာခဲ့ပါတယ်။ တစ်နေ့မှာ ခင်သော်တာက သူမယောင်္ကျာ အလုပ်ကအပြန်မှာ “ ထက်ရဲအောင် သော်တာ ပြောစရာရှိတယ်” ထက်ရဲအောင်ဟာ တစ်ခုခုဆိုရင် အရမ်းပေါက်ကွဲလွယ်တဲ့ စိတ်ခံစားချက် လွယ်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ် “ ဘာလဲပြောလေ သော်တာ” “ ရှင် သော်တာမေးတာ အမှန်အတိုင်းဖြေရမယ်နော်” “ မေးလေ ငါမညာပါဘူးဟာ” “ ဒါဆို ရှင် မင်းသော်တာလေးကို” “ သြော်..ဒါလား ငါနင့်ကိုမယူခင်ကတည်းက ပြောထားပြီးပြီလေ ငါမွေးစားထားတာလို့ ဒါပေမယ့်ဟာ ငါ့သားလေးကို မွေးစားသားလို့မပြောရက်ဘူးဟာ နင်မပြောမိပါစေနဲ့ကွာ သော်တာကိုပဲ မိထွေးလို့သိထားတာလေ တော်ကြာ တကယ်လို့များ ငါ့သားလေးဟာ မွေးစားသားပါဆိုတာကိုများသိသွားရင် ငါရင်ကြိုးရလိမ့်မယ်” “ အဲဒီကိစ္စကိုပဲ သော်တာက ပြောချင်နေတာ အမှန်တကယ်ဆိုရင် သားလေးဟာ သော်တာရဲ့သားလေးပါ” “ ဘာ..ဘယ်လို မင်းသားဟုတ်လား မင်း..” “ ဟုတ်တယ် ထက်ရဲအောင် အဲဒါသော်တာရဲ့သားလေးပါ သားကိုမိထွေးအနေနဲ့တော်နေရတာ သော်တာရင်တွေမချိတော့ဘူး” “ မင်း…မင်းကွာ ဒါ..ဒါဆို ဒီကလေးက” “ မ..မဟုတ်ပါဘူး ထက်ရဲအောင်ရယ် သော်တာရှင်းပြပါ့မယ်” “ ဘာမှလာရှင်းပြမနေနဲ့တော့ကွာ မင်းကွာ ..ငါ…ငါမင်းကိုဆက်ပြီးပေါင်းဖို့တောင် စဉ်းစားရတော့မယ့်ကွာ” ထက်ရဲအောင်ပြောလိုက်သောစကားကို အပြင်မှပြန်လာသော မင်းသော်တာဟာ တစွန်းတစကြားပြီး စိတ်ထိခိုက်ကာ သူသွားနေကျနေရာလေးထွက်သွားခဲ့တာကိုတော့ ထက်ရဲအောင်ရော ခင်သော်တာပါ မသိလိုက်ရပါဘူး။ “ အဲလိုမပြောပါနဲ့ထက်ရဲအောင် ဒီကလေးဟာ ဘယ်သူ့ကလေးလည်းဆိုတာကိုရောမမေးတော့ဘူးလား” “ မေးစရာလိုသေးလို့လားကွာ မင်းသစ္စာမရှိတာကို ငါက ဟောဒီနားကြီးဆက်နားထောင်နေရအုန်းမှာလားကွ” “ တော်ပြီး ထက်ရဲအောင် နင်ထင်တာတွေလျှောက်ပြောမနေနဲ့ မင်းသော်လေးဟာ နင်နဲ့ သော်တာ ရထားတဲ့ကလေးပဲ နင်ကိုယ်တိုင်ပြန်စဉ်းစားကြည့်ပါအုန်း သော်တာတို့” “ ဟင်…မင်း..မင်းတကယ်ပြောနေတာလား ဟုတ်လား..” “ ဟုတ်တယ် အဲဒါကြောင့်မို့လည်း ဒီကလေးကို ရှင့်လက်ထဲမရောက်ရောက်အောင် သော်တာကိုယ်တိုင် ရောက်အောင်လုပ်ထားတာ အခုတော့ သားက သော်တာကို မိထွေးဆိုတဲ့အသိနဲ့မဟုတ်ပဲ အမေအရင်းဆိုတာသိစေချင်လို့ ခုလိုပြောရတာပဲ” “ ဟားးးးးးးးးး ငါဝမ်းသာလိုက်တာ သော်တာရယ် ငါလေ…..” “ ငါလေလုပ်မနေနဲ့ ခုသားအပြင်ထွက်တာမလာသေးဘူး ဘယ်သွားနေတာလဲမသိဘူး” “ ရှိမှာပါကွာ သူ သူ့သူငယ်ချင်းစွမ်းထက်ဆီသွားနေတာနေမှာပေါ့ကွာ” “ အဲဒါဆိုလည်း ရှင်လိုက်ခေါ်ချေနော် သော်တာ သားလေးကို အသိပေးချင်လာပြီး” “ အေးပါကွာ ငါလိုက်ခေါ်လိုက်ပါ့မယ်” ဦးထက်ရဲအောင် သားကိုသွားခေါ်ရန်အိမ်ထဲမှအထွက် “ ဟင်..သားဘယ်ကပြန်လာတာလဲ ခုပဲသားကိုလိုက်ခေါ်မလို့လုပ်နေတာလေ…ဟင်…ငါ့သားဘာဖြစ်လာတာလဲ မျက်နှာလည်းမကောင်းပါလား” “ ဟုတ်တယ် ဖေဖေ သားဖေဖေပြောတာကြားလိုက်လို့ စိတ်မကောင်းဖြစ်ပြီး” “ ဟင်..သားက ဘာကြားလိုက်လို့လဲ” “ ဖေဖေပဲမေမေနဲ့လမ်းခွဲတော့မယ်ဆို သားက မေမေကို မခွဲနိုင်ဘူးဗျ” “ ဟားးးးးးးးးးးးးးးးး ငါ့သားကတော့လုပ်ပြီးကွာ ဖေဖေတို့ပြောတဲ့စကားကို ဆုံးအောင်နားမထောင်ပဲထွက်သွားတာကိုကွ” “ ဟင်..အခုအဲလိုမဟုတ်ဘူးလား” “ မဟုတ်ပါဘူးသားရာ” “ ဟားးးးးးးဝမ်းသာလိုက်တာဖေဖေနဲ့မေမေရယ် သားလေ မေမေကိုမိထွေးဆိုပေမယ့် သားမေမေအရင်းတစ်ယောက်သိပ်ချစ်တာဖေဖေရဲ့” “ စိတ်မပူပါနဲ့ကွာ ခုငါ့သားက အမိမဲ့သားမဟုတ်တော့ပါဘူးကွာ သားမှာ မိစုံဖစုံပါပဲကွာ” “ ဟင်..ဘယ်လိုဖေဖေ” “ ဟုတ်တယ်ငါ့သား သားက ဖေဖေနဲ့မေမေတို့ရဲ့ သားစစ်စစ် တစ်ဦးတည်းသောငါ့သားလေးပါကွာ” “ ဟင်…ဘယ်လို သားကိုလည်းရှင်းပါအုန်းဖေဖေ” ဦးထက်ရဲအောင် သူ၏သား မောင်မင်းသော်တာကို သူနှင့် ဒေါ်ခင်သော်တာတို့၏သားအရင်းဖြစ်ကြောင်းကို ရှင်းပြလိုက်ပါတော့၏ “ တကယ်လားဖေဖေ သားဝမ်းသာလိုက်တာဖေဖေနဲ့မေမေရယ်” ဒေါ်ခင်သော်တာလည်း စိတ်ချမ်းမြေ့ဖွယ် သူမတို့၏ အသိုက်အမြုံလေးကိုကြည်နူးနှစ်သက်ရင်း ……ဒီဝတ္ထုတိုလေးအားအဆုံးသက်လိုက်ပါ၏
*** ပြီးဆုံးသည့်တိုင်းဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင့် ***
~~~@@@ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ @@@~~~
April