Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပုခက်လွဲသော..လက်ပိုင်ရှင်များသို့.....

$
0
0

မြင့်မိုရ်တောင်ဦး မကကြူးသည့်ကျေးဇူးကြီးမားအမေတို့ရဲ့မေတ္တာတရားတွေကို  အမျိုးမျိုးဖော်ကြူးနေကြပေမဲ့..နိုင်ယှဉ်လို့ရမဲ့အရာ.ပိုလွန်တဲ့

ဂုဏ်သတ္တိ.ဘုရားရှင်ကလွဲရင်ဖော်ညွန်းပြဖို့လောကမှာမရှိတော့ပါဘူးဗျာ.....

သူတော်စင်တို့နှင့်ပညာရှင်တွေတောင် အမေတို့ရဲ့အေးမြတဲ့ချစ်ခြင်းမေတ္တာကို ဟောညွန်လို့မကုန် စာချီလို့မဆုံးဖြစ်နေကြရပါတယ်..

လောကကြီးကိုအလှဆင်နေကြတာကပုခက်လွဲသောလက်ပိုင်ရှင်တွေပါ...

ခါးကိုင်းလို့နားထိုင်းလို့ပါးရေနားရေတွေတွန့်နေပါစေအမေဟာအမေပါပဲ...မျက်စိတစ်ဖက်ကန်းလို့ရုပ်ဆိုးနေပါစေအမေဟာအမေပါပဲ...

ဆင်းရဲချို့တဲ့နေရင်လဲအမေဟာအမေပါပဲ..ရောဂါသည်ဖြစ်နေရင်လဲအမေဟာအမေပါပဲ...

အမေတွေဟာ.သူတို့ဝမ်းတွင်းမှာရှိစဉ်ထဲက အပူအစပ်တွေကိုရှောင်ကျဉ်ပြီးသားသ္မီးတွေကိုစောင့်ရှောက်ခဲ့တာပါ..

ပညာသင်စကလေးဘ၀အရွယ်မှာလဲ.ချော့တစ်ခါချောက်တစ်လှည့်နဲ့သားသ္မီးတွေရဲ့အနာဂတ်ထွန်းလင်းစေဖို့အမေတွေမှာပညာသင်ပေးခဲ့တယ်နော်...

လိမ္မာတဲ့သားသ္မီးကိုအားပေးတာလဲအမေ...ဆိုးမိုက်တဲ့သားသ္မီးကိုလမ်းမှန်ရောက်အောင်ဆုံးမသွန်သင်လမ်းညွန်ပေးတာလဲအမေတွေပါပဲ.

မိုးကောင်းကင်ကြီးဘယ်လောက်ကျယ်ပြောပါတယ်လို့ဆိုနေကြပါစေအမေတို့ရဲ့မေတ္တာတရားနဲ့နိုင်းယှဉ်လိုက်မယ်ဆိုရင် စကောပမာ ဖြစ်သွားပါလိမ့်မယ်.ဘာကြောင့်လဲဆိုရင်မိုးကောင်းကင်ကြီးမှာအနားသတ်ရှိနေလို့ပေါ့ဗျာ...

မဟာပထ၀ီမြေကြီုးဘယ်လောက်ထူထပ်နေပါစေ အမေတို့ရဲ့မေတ္တာထုထည်ဒြပ်နဲ့နိုင်းယှဉ်လိုက်မယ်ဆိုရင်လက်ဖ၀ါးတစ်ဖက်စာသာ ဖြစ်သွားပါလိမ့်မယ်.......ဘာကြောင့်လဲဆိုရင်မဟာပထ၀ီမြေကြီးကနှစ်သိန်းလေးသောင်းပဲအထူရှိလို့ပေါ့ဗျာ...

မဟာပထ၀ီမြေကြီးနဲ့မိုးကောင်းကင်တောင်အမေတို့ရဲ့မေတ္တာတရားကိုအရှုံးပေးရတယ်ဆိုရင် ကျန်တဲ့နေမင်း.လမင်း.စမ်းရေ.ပန်းတွေဟာ ဘယ်လိုလုပ်ပြီးနိုင်းယှဉ်ဖို့ဖြစ်နိုင်မှာလဲဗျာ..

မြေကြီးမိုးကောင်းကင်တို့ထက်ပိုပြီးသားသ္မီးတွေရဲ့အပေါ်မှာချစ်ခြင်းမေတ္တာတွေကိုဖြန့်ဝေပေးတဲ့အမေတို့အတွက်အမှတ်တရနေ့ဆိုတာ ရှိသင့်တာပေါ့ဗျာ

ရောက်ရှိတော့မဲ့ပြာသိုလ်လပြည့်အမေများနေ့ကို သားသ္မီးတွေဖြစ်တဲ့ကျွန်တော်တို့တွေမကြိုဆိုသင့်ဘူးလား..၀မ်းမသာသင့်ဘူးလားဗျာ..

ပုခက်လွဲသောလက်ပိုင်ရှင်တွေကို ဒီနေ့ဒီရက်မှမဟုတ်ပါဘူးနေ့စဉ်နေ့တိုင်းသတိရနေသင့်တာပါဒါထက်ပိုပြီးကန့်တော့သင့်တဲ့ပြာသိုလ် လပြည့်အမေများနေ့ကိုအမှတ်တရရှိစေချင်လို့ပါဗျာ...

ကမ္ဘာလောကကြီးအတွင်းမှာရှိနေကြတဲ့အမေအားလုံးကို ကျွန်တော်တို့တွေ ပြာသိုလ်လပြည့်အမေများနေ့မှာအားလုံးညီညာစွာကန်တော့ လိုက်ကြပါစို့....

ကမ္ဘာမြေလောကကြီးကိုအလှဆင်သားသ္မီးတွေကိုခွန်အားလဲပေးဝေပညာလဲပေးဝေ..ချစ်ခြင်းမေတ္တာတရားတွေကိုလဲပေးဝေပေးနေကြတဲ့ပုခက်လွဲသောလက်ပိုင်ရှင်အမေများကို ပြာသိုလ်လပြည့်အမေများနေ့ကရှိခိုးကန်တော့ ၀မ်းမြောက်ကြိုဆို ဂုဏ်ပြု ကျေးဇူးတင်ပါတယ်. ပုခက်လွဲသောလက်ပိုင်ရှင်အမေတို့ရယ်

ရင်မှဖြစ်ပွား  သ္မီးသားကို

နို့်ချိုတိုက်ကြွေး မေတ္တာပေးကာ

လောကအလယ် တင့်တယ်စေဖို့

ဆုံးမသွန်သင် လမ်းညွန်ပေးတာ..အမေတွေပါ

ဖ၀ါးလက်နှလုံး ပုခုံးလက်နှသစ်မှ

လူဖြစ်အောင် ကျွေးမွေးယုယ

မှဲ့.ခြင်.ယင် မနားရအောင်

စောင့်ရှောက်ခဲ့တာ အမေတွေပါ

ကျေးဇူးကြီးမား အမေများကို

ဦးထိပ်ပန်ဆင် လက်အုပ်ချီလျက်

သားတို့ရှိခိုး ကန်းတော့ပါသည်

ဝမ်းသာရွှင်ပြ ပီတိဖြစ်ပါလော့..အမေတို့ရယ်

(ပြာသိုလ်လပြည့်အမေများနေ့ကို  ရည်ရွယ်ပါသည်)

                                                                 ညနေမိုး(ချယ်ရီမြေ).


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>