သူ့ စိတ်ထဲမှာ မကျေနပ်ချက်တွေ အပြည့်နဲ့ပေါ့….ကောင်မလေးရဲ့ နှလုံးသားလေးကို သူ့ရင်မှာ ယုယပိုက်ထွေးထားတယ်…ဒါပေမဲ့ သူ့စိတ်ထဲမှာ တခုခုကို ဆုံးဖြတ်ထားပြီးသားဖြစ်နေတယ်…ဒီနှလုံးသားကို သူ ဘာလုပ်ရမလဲ ???
လမ်းမကြီးထက်မှာ ဓါးတစ်ဖက် နှလုံးသားတစ်ဖက် ကိုင်ပြီး လှမ်းလျှောက်နေတာ လူသတ်သမားကြီး ကျနေတာပါဘဲ…..သူ့ရဲ့မျက်လုံးတွေက ယောင်ယမ်းနေပြီး…သူ့တစ်ကိုယ်လုံး တုန်ရီနေရှာတယ်…ဒီအချိန်မှာဘဲ အဝေးက ထရပ်ကားကြီးတစ်စီး လာနေတာ မြင်လိုက်တော့…သူ့လက်တွေ က လှုပ်ရှားလိုက်တယ်….
အရှိန်ပြင်းပြင်းမောင်းလာတဲ့ ကားကြီးကိုကြည့်ပြီး သူ့ လက်ထဲက နှလုံးသားကို လမ်းမကြီးထဲ ပစ်လိုက်တယ်…စိတ်ထဲမှာ ကဲ ငါ့ကို ဒီလောက်တောင် ပြန်မချစ်နိုင်တဲ့ နှလုံးသား သွားလေရော့ဟေ့ ဆိုပြီးတော့ပေါ့…. သူ့မျက်စိတွေမှိတ်ထားလိုက်မိတယ်…ကားကြီးက သူ့ရှေ့ဖြတ်မောင်းသွားခဲ့ပြီ…သူ လမ်းမကို ကြည့်လိုက်တယ်…အလို…အံ့သြလောက်စရာပဲ…
ကားကြီးက နှလုံးသားကိုတက်ကြိတ်သွားရင်တော့ ဒီနှလုံးသား အစိစိအညက်ညက်ကြေသွားမှာဘဲလို့ ထင်နေခဲ့တာ….ခုတော့ အဲဒီနှလုံးသားက အပွန်းအပဲ့တောင် မဖြစ်ဘဲ…သူ့အတိုင်း ရှိနေတာမြင်လိုက်ရတော့ သူ သွေးပျက်သွားတယ်… နှလုံးသားကိုပြန်ကောက်ပြီး ဆက်လျှောက်တယ်…အဲဒီအချိန်မှာဘဲ ခွေးတစ်ကောင်က သွေးနံ့ရလို့နဲ့ တူပါတယ်…သူ့ အနားက နှလုံးသားအထုတ်ကို သွားရည်တများများနဲ့ပေါ့….သူ ၀မ်းသာသွားတယ်…
ဒီတခါတော့ ပထမတခေါက်ကလို လက်မတုံ့တော့ဘဲ ခွေးဆီကို ပက်ခနဲ ပစ်ပေးလိုက်တယ်…ခွေးက အဲဒီအထုတ်ကို အငမ်းမရခဲတော့တာပဲ…ဒါပေမဲ့ တစ်ချက်နှစ်ချက်ခဲပြီးတာနဲ့ ခွေးသွားတွေ ကျွတ်ထွက်လာခဲ့တော့တယ်…ခွေးလည်း မရနိုင်မှန်းသိတော့ အွန့် အွန့်နဲ့ လစ်သွားတော့တယ်.. နှလုံးသားပေါ်မှာ ခွေးသွားရာတောင် မထင်ကျန်ခဲ့ပါဘူး… သူစိတ်တွေက လူသတ်သမားလို ဒီနှလုံးသားကို သတ်ချင်နေခဲ့တာပါ….(ဆက်ပါဦးမည်)