.ရွှေမြို့တော်
သူငယ်ချင်းများအားလုံးမင်္ဂလာပါရှင်
နှစ်အစပထမမှစပြီးသူငယ်ချင်းအားလုံးတစ်နှစ်ပတ်လုံး
စိတ်ချမ်းကိုယ်ကျန်းမာလိုအင်ပြည့်ပါစေရှင်
ရွှေမြို့ တော်ဆိုဒ်လေးအတွင်းမှ
ကဗျာဝါသနာရှင်မောင်နှမများအတွက်
ချစ်သူမြို့တော်လေးမှာချစ်သူများနေ့ကိုဂုဏ်ပြုသောအားဖြင့်
ချစ်သူများနေ့အတွက်
ကဗျာပြိုင်ပွဲလေးမှာ ဝင်ရောက်ယှဉ်ပြိုင်ရန်လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင်
ကဗျာခေါင်းစဉ်လေးကတော့
(ချစ်ခြင်းအလင်္ကာ)
ကဗျာအမျိုးအစား
လေးလုံးစပ်
စာကြောင်းအရေအတွက်
အကြောင်း(၂၀)အထက်
ကဗျာပြိုင်ပွဲ အတွက် စည်းကမ်းချက်များကအောက်ပါအတိုင်းဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ကဗျာကို ဇန်န၀ါရီ (၁၂) ရက်နေ့ မှ စပြီး ပေးပို့ နိုင်ပါသည်။
နောက်ဆုံးပိတ်ရက် က ဖေဖော်ဝါရီလ(၁) ရက်နေ့ ပါ ။
ချစ်သူများနေ့ဖေဖော်ဝါရီ ၁၄ မှာ ဆုကြေညာပါမည်။
(ရက်ကျော်သွားသော ကဗျာများကို စဉ်းစားမည်မဟုတ်ပါ။)
နောက်ဆုံးပိတ်ရက် က ဖေဖော်ဝါရီလ(၁) ရက်နေ့ ပါ ။
ချစ်သူများနေ့ဖေဖော်ဝါရီ ၁၄ မှာ ဆုကြေညာပါမည်။
(ရက်ကျော်သွားသော ကဗျာများကို စဉ်းစားမည်မဟုတ်ပါ။)
ကဗျာခေါင်းစဉ် ဘေးမှာ (ပြိုင်ပွဲဝင်ရန်) ရေးသားသူ အမည် ထည့်ပေးရပါမည် ။
ကဗျာများကို မန်ဘာတစ်ဦးလျှင် တစ်ပုဒ်သာ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်ရှင်။
ကဗျာများကို
ရည်ရွယ်ချက်
ကာရန်
အလင်္ကာ
ရသ
စာလုံးပေါင်းသတ်ပုံ
တို့ကိုအခြေခံပြီးရွေးချယ်သတ်မှတ်ပေးပါမယ်ရှင်
ပြိုင်ပွဲဆုအနေနဲ့
ပထမ ၊ဒုတိယ ၊ တတိယ ဆုသုံးဆုသတ်မှတ်ထားပါတယ်။
ပထမဆု - ၄ သောင်းကျပ်
ဒုတိယဆု - ၃သောင်းကျပ်
တတိယဆု - ၂သောင်းကျပ် ချီးမြှင့် သွားပါမယ်ရှင်
ပထမဆု - ၄ သောင်းကျပ်
ဒုတိယဆု - ၃သောင်းကျပ်
တတိယဆု - ၂သောင်းကျပ် ချီးမြှင့် သွားပါမယ်ရှင်
ပြိုင်ပွဲကဗျာများသည်မိမိကိုယ်တိုင် ရေးသားသော ကဗျာဖြစ်ရမည်။
ဒါကြောင့်ကဗျာ၏ အောက်ဆုံးနေရာတွင်ကိုယ်တိုင်ရေးသားထားသောကဗျာဖြစ်ကြောင်း
မိမိ အမည် နှင့် မိမိရေးထားကြောင်း ဝန်ခံချက်ပါရှိရပါမည်။
(ကိုယ်တိုင်ရေးသားသောကဗျာမဟုတ်သော ကဗျာများ
ကော်ပီ ကဗျာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။)
ချစ်သူမြို့တော် မှဆုရွေးချယ်မည့် သူများသည်ကဗျာပညာရှင်စာရေးဆရာများမဟုတ်ပါ။
ဒါကြောင့် ရေးသားသူများအနေနဲ့မိမိတို့စိတ်ခံစားမူအတိုင်းစည်းကမ်းဘောင်အတွင်းက
လွတ်လပ်စွာရေးဖွဲ့နိုင်ပါတယ်။
ပေးပို့ရမည့်မေးလ်လိပ်စာက- shinthantmay@shwemyotaw.com
အားလုံးကိုပါဝင်ဆင်နွဲမယ်လို.ယုံကြည်လျှက်
အက်မင်အဖွဲ့ကိုယ်စား
ရှင်းသန့်မေ