Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ခြောက်ခြားစရာနေ.ရက်များ အဆောင်မှာခြောက်တဲ့သရဲကြီး အပိုင်း(2)

$
0
0

   ခြောက်ခြားစရာ ကောင်းတဲ့နေ.ရက်များ အဆောင်မှာခြောက်တဲ့ သရဲကြီး အပိုင်း(1) ကိုအားပေးတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ ဆက်လက်အားပေးပါဦးခင်ဗျာ။

        နောက်ပိုင်းပိုဆိုးလာတာကတော့ ဆက်ပိုင်တို.က ည 1နာရီမှစာကျက်ပီးတော့ 1နာရီကျော်မှပဲအိပ်ရတယ်၊ စာကျက်ပီးရင် မုန်.စားတယ် ပီးတော့မှအိပ်တယ် ။ အဲ အိပ်တော့မှ စတွေ.တာပဲ ဘယ်လိုလဲဆိုတော့ ဆက်ပိုင်ရယ်၊ဆက်ပိုင်သူငယ်ချင်း ၀င်းကိုရယ်က တူတူအိပ်တယ် ကုတင်တစ်ခုထဲမှာပေါ့ ကုတင်တွေကတော့အားလုံးကပ်နေပါတယ်၊ သန်းခေါင်ကျော်လာတော့ ကုတင်ခြေရင်းမှာ ကလေးကစားတဲ့ပင်ပေါင် ဘော်လုံးတစ်လုံးကို ပုတ်နေတဲ့ အသံကြားရတယ် ဘယ်လောက်ကြောချမ်းစရာကောင်းလဲဆိုတာ စဉ်းစားကြည်.ပါတော့၊ ပင်ပေါင်ကိုပုတ်နေတဲ့အသံကတော်တော်လေးကြာလာတော့ ရပ်သွားတယ် ဆက်ပိုင်တို.သူငယ်ချင်းနှစ်ယောက်ကတော့ ဘုရားစာတွေရွတ်ပီးတော့ တစ်ယောက်နဲ့တစ်ယောက်ကပ်နေကြတယ် ဘေးကုတင်ကကောင်တွေကတော့ အိပ်နေလိုက်ကြတာသိုးလို.၊နှစ်ယောက်သားဓါတ်မီးရှိနေတာတောင် ထိုးမကြည်.ရဲဘူး ကြောက်တာမှတုန်နေတာပဲလေ၊ နောက် ၀ုန်း ဆိုတဲ့ အသံကြီးကြားရတယ် ဆက်ပိုင်တို.နှစ်ယောက်ပဲ ကြားနေရတာပါ ကျန်တဲ့သူတွေကမသိဘူးလို. မိုးလင်းတော့ ပြောပါတယ်၊ အဲမနက်ကျတော့ ဘာတွေကျလဲကြည်.လိုက်တော့ ဆက်ပိုင်လိမ်းတဲ့ သံလွင်ဆီဘူးလေးပါ ဘယ်ကမှန်းမသိရောက်လာတဲ့ ပင်ပေါင်ဘော်လုံးလေး တစ်လုံးနဲ.အတူကျနေတာကိုတွေ.ရပါတယ်၊ နောက်နေ.တွေကျတော့ အေးဆေးပါပဲ တစ်လလောက် ဘာသံမှ မကြားရပါဘူး၊ နောက်ဆောင်းတွင်းရောက်လာတော့ တောင်တွေနဲ့နီးတဲ့ နေရာမို.အအေးပတ်ပီး ဖျားကြပါတယ် ဆက်ပိုင်လဲပါတယ် ဖျားတယ် မသက်သာလို. ဆက်ပိုင်အမေ ကအိမ်ပြန်ခေါ်သွားပါတယ် အိမ်မှာတစ်ပတ်လောက် နားလိုက်ရတယ်ပေါ့၊ ဆက်ပိုင် အဆောင်ကိုပြန်သွားတော့ သူငယ်ချင်းတွေကပြောတယ် ငပိုင် မင်းတော့ ပွဲကြီးပွဲကောင်းလွတ်သွားတယ်တဲ့ ဘာလဲလို.မေးတော့ မင်းပြန်ပီးသုံးရက်လောက်မှာ ရှစ်တန်း ကောင်လေးတစ်ယောက်ကို သရဲဝင်ပူးတယ်တဲ့ ဆက်ပိုင်ကမေးတော့ ဘုရားသောက်တော်ရေတွေ ပုတီးတွေဆွဲ ပေးလိုက်မှ ထွက်သွားတယ်လို.ပြောပြကြတယ် နောက်ရှစ်တန်းကောင်လေးလဲ အဆောင်မှာမနေတော့ပါဘူး ထွက်သွားပါတယ် နောက်ပိုင်း အဖြစ်အပျက်တွေကတော့ အများကြီးပေါ့ဗျာ နောက်တစ်ခုက ညဘက်အားလုံးအိပ်နေတဲံ့အချိန်မှာ မိန်းကလေး အဆောင်ဘက်ကနေ အော်သံတွေ ကြားရတယ်၊ ဆရာက မိန်းကလေးအဆောင်ကို ညဘက် အပြင်ဘက်ကနေ သော့ခတ်ထားပါတယ်၊ လုံခြုံရေးအရပေါ့ အထဲမှာပွက်လောရိုက်နေတဲ့ အသံတွေကို ဆက်ပိုင်တို.အဆောင်ပေါ်ကနေတောင် ကြားနေရတယ် မနက်ကျတော့ မိန်းကလေး သူငယ်ချင်းတစ်ယောက်ကို မေးလိုက်တော့ ဇင်ဇင်(နာမည်ပြောင်းထားပါတယ်) ကိုသရဲဝင်ပူးတယ်တဲ့ သူတို.ကကြောက်လို.အော်နေကြတာပေါ့၊ အပြင်ဘက်မှာကသော့ခတ်ထားတာကိုး၊

    ဆက်ပိုင်တို.အဆောင်စနေတုန်းကတော့ သောကြာနေ.ညနေဘက်ကနေစပီးညဘက်အထိနားရပါတယ်၊ ရုပ်ရှင်ကြည်.ပေးကြည်.တယ် ပေးကစားတယ် မုန်.လဲသွားစားလို.၇တယ် အပြင်ပေးထွက်တယ်ပေါ့ ဖြစ်ချင်တော့ ဆက်ပိုင်တို.သူငယ်ချင်းတွေ မုန်.သွားဝယ်မဲ့အချိန်မှာပဲ မီးပျက်ပါတယ် မီးပျက်လဲပျက်ပေါ့၊ အပြင်ထွက်ဖို.အခွင်.အရေးကတစ်ပတ်မှ တစ်ခါရတာဆိုတော့ အပြင်ထွက်ကိုထွက်ကြမယ်ပေါ့ မီးကလဲပျက်တော့ အပြင်လောက ကမှောင်မဲနေတာပေါ့ ဆက်ပိုင်တို.သူငယ်ချင်းတွေ လောင်းကြပါတယ် ဓါတ်မီးမယူကြေး အပြင်ထွက်ကြမယ်ဆိုပီးတော့ပေါ့ လောင်းလိုက်ကြတယ် ကြောက်ပီးထွက်ပြေးတဲ့သူက မုန်.၀ယ်ကျွေး ရမယ်ပေါ့ ၊ ရတယ်လောင်းတယ်၊ မကြောက်ဘူးကွ ပေါ့  အဲခက်တည်တည်နဲ့ လမ်းကိုထွက်တယ် အဆောင်ကလမ်းကြားတွေကို ဖြတ်ရတယ် လမ်းကြားတွေဆိုတာ ဘာမှမမြင်ရအောင်ကို မှောင်နေတာပေါ့ အချိန်က ည 8နာရီကျော်ပီပေါ့ လေးယောက်သားလက်တွဲပီး လမ်းတွေလျောက်ကြတယ် ပျော်စရာကြီးပေါ့ မုန်.တွေဝယ်ပီးတော့ ပြန်လာကြတယ် ပြန်လာတဲ့ လမ်းက နောက်တစ်လမ်းကနေ ပြန်လာတာပါ အဲဒီလမ်းကတော့ အိမ်တွေမရှိပါဘူး သစ်ပင်ကြီးတွေပဲရှိတာပါ ခပ်တည်တည်နဲ့ ပြန်လာကြတာပေါ့ လမ်းတစ်ဝက်ရောက်တော့ ခြေသံကြားရတယ် နောက်ကနေလိုက်လာတာ ပထမတော့ အားတက်သွားကြတယ် အဖော်ရပီပေါ့ နောက်တော့ ဆက်ပိုင်တို.လဲ ရပ်လိုက်ရော နောက်ကခြေသံကို မကြား၇တော့ဘူး ဟိုက်သေစမ်း အဲဒီ အချိန်မှာ ဆက်ပိုင်တို. ခေါင်းပေါ်ကနေ အနီရဲရဲ မီးလုံးကြီးတစ်လုံးဖြတ်ပြေးသွားတယ် ပီးတော့ သစ်ပင်နောက်ကို ၀င်သွားတယ် စုန်းလို.တော့ထင်ပါတယ် မဆိုးပါဘူး တွေ.ဖူးသွားတာပေါ့

ဆက်ပိုင်တို.မှာတော့ ခေါင်းမွေးတွေပါထောင်တက်ကုန်ကြတယ် ပြေးလိုက်ကြတာ ပြုတ်ကျတဲ့သူကဆက်ပိုင်ပေါ့  လေးယောက်လုံးဝယ်လာတဲ့မုန်.တွေ ပြုတ်ကျကျန်ခဲ့တယ် ဆက်ပိုင်ကပြုတ်ကျပီးလက်ပွန်းသွားတယ် နာရီလဲ ပျောက်သွားတယ် ဘယ်တော့မှ ညဘက်အဲဒီလမ်းကနေမသွားတော့ဘူး။ ဘယ်တော့မှ    ။ဆက်ရန်ရှိသေးသည်။အပိုင်း(3)မှာပြန်တွေ.ကြမယ်နော်၊

ဒီဘလော့ကိုရေးနေတဲ့ အချိန်မှာအဆောင်အတူတူ နေခဲ့တဲ့ သူငယ်ချင်းတွေကို သတိရမိပါတယ် သူငယ်ချင်းတို.ရေ မင်းတို.နေကောင်းကြရဲ.လားကွာ ငါသတိရတယ်၊ဆက်ပိုင်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>