Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

Nottingham University မှာ မြန်မာနိုင်ငံမှ ကျောင်းသားများ ပညာသင်ဆုများလျောက်ထားနိုင်ကြောင်း

$
0
0

အင်္ဂလန်နိုင်ငံမှာ ချီးမြှင့်ဆုတံဆိပ်ပေါင်းများစွာ ရရှိထားသော Nottingham University သည် မလေးရှားနိုင်ငံနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာဆယ်စုနှစ် ငါးစု ကျော်ခန့်ရှိပြီး Malaysia Campus၏ ပထမဆုံး ပညာသင်နှစ်နှင့် စတင်တည်ထောင်ခြင်းကို 2000 ပြည့်နှစ် စက်တင်ဘာလ တွင် အောင်မြင်စွာတရားဝင် အကောင်အထည်ဖေါ် ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ယခုလက်ရှိ မလေးရှား ကျောင်းခွဲတွင် ကျောင်းသား 4000 ခန့် တက်ရောက်နေပြီး ၎င်းမှ 40%သည် နိုင်ငံတကာ မှ ကျောင်းသားများဖြစ်သည်။

 University of Nottingham ၏ မလေးရှားကျောင်းခွဲသည် အရည်အသွေးမြင့် ဗြိတိသျှ ပညာရေးစနစ်၏ နိုင်ငံတကာ စံချိန်စံညွှန်းမှီ ပညာရေး အခွင့်အလမ်းများ ကို နိုင်ငံတကာမှ  ကျောင်းသားများအတွက် ကုန်ကျစရိတ်သက်သာစွာဖြင့် ထောက်ပံ့ပေးနိုင်ရန်နှင့် အမျိုးမျိုးသော နိုင်ငံတကာ ယဉ်ကျေးမှူများကိုပါ နားလည်သိရှိစေနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။                                                            

အင်္ဂလန်နိုင်ငံ၏ အရှေ့တောင်အာရှရှိကျောင်းခွဲတခုဖြစ်သော မလေးရှားနိုင်ငံရှိ  University of Nottingham တွင် မြန်မာနိုင်ငံမှ ကျောင်းသားများအပါအ၀င် နိုင်ငံတကာမှကျောင်းသားများအတွက် ပညာသင်ဆုများ ပေးအပ်ချီးမြင့်နေကြောင်း Myanmar Search International (MSI) ပညာရေးဝန်ဆောင်မှုမှ သိရှိရသည်။ ၎င်းတက္ကသိုလ်သည် မလေးရှားနိုင်ငံတွင်သာမက တရုတ်နိုင်ငံတွင်လည်း ကျောင်းခွဲဖွင့်လှစ်ထားပါသည်။

ပညာသင်ဆု လေးမျိုး

1-High Achievers Scholarships(HAS)

Foundation နှင့် Undergraduate ကျောင်းသားများအတွက် မည်သူမဆို လျောက်ထားနိုင်သော  ပညာသင်ဆုဖြစ်ပါသည်။ ၎င်းကျောင်း၏ ကျောင်းဝင်ခွင့်သတ်မှတ်ချက်များပြည့်မီသော ကျောင်းသားများသည် ကျောင်းလခ၏ 25 ရာခိုင်နှုန်း ကင်းလွတ်ခွင့်ရမည်။

၎င်းပညာသင်ဆုသည် စာသင်နှစ်တနှစ်တည်းအတွက်သာဖြစ်သည်။ ထပ်မံပြီး ပညာသင်ဆုလျောက်ထား ချင်သူများသည် Dean’s Excellence Scaholarships(DES) ကို ဆက်လက်လျောက်ထားနိုင်သည်။

2-Developing Solution Scholarship

Developing Solution Scholarship ဆုသည်  မိမိနိုင်ငံ၏ သယံဇာတများဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို အမှန်တကယ် ကွဲပြားခြားနားထိရောက် စွာလုပ်ဆောင်နိုင်သူများ၊ ၎င်းရည်ရွယ်ချက်ကို အကောင် အထည် ဖေါ်နိုင်စွမ်း ရှိသောကျောင်းသားများအတွက်  ပေးသော ပညာသင်ဆုဖြစ်သည်။

 

ပညာသင်ဆုပေးအပ်သော ဘာသာရပ်များမှာ Science , Technology နှင့် Education ဘာသာရပ်များ ဖြစ်ပြီး  Master Programme ကိုအခြေခံပြီးဆက်လက် သင်ကြားမည့်  ဖွံ့ဖြိုးဆဲနိုင်ငံများမှ  ကျောင်းသားသစ်များအား ရာခိုင်နှုန်းပြည့် (100%) ကျောင်းလခကင်းလွတ်ခွင့် ကို ကျောင်းသားအရေအတွက် “နှစ်ဆယ့်ငါးယောက်” တိတိပေးအပ်မှာဖြစ်သည်။

3- Dean’s Excellence Scholarship

Dean’s Excellence Scholarship (DES) ပညာသင်ဆုသည် ကျောင်းလခ၏ 25 % ကို ကင်းလွတ်ခွင့်ပေးမှာဖြစ်သည်။ စာသင်နှစ်  နှစ်စဉ်နှစ်တိုင်းမှာTop Ten စာရင်းရှိ ကျောင်းသားများအတွက် သာ လျောက်ထားခွင့်ရှိသည်။

4. Automatic Scholarship

The University of Nottingham တက္ကသိုလ်ကျောင်းသားဟောင်းများ၏မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများ၊ ၎င်းတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားမည်ဆိုပါက ယခုပညာသင်ဆုကို လျှောက်ထားနိုင်သည်။

Myanmar Search International (MSI) မှ တာဝန်ရှိသူတဦးဖြစ်သော Managing Director ဒေါ်စုစုလှိုင်မှ ဆက်လက်ပြောကြားရာတွင် ‘ ထူးချွန်တဲ့ကျောင်းသားတွေကလဲ ထောက်ပံ့ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေဆီကနေ အထောက်အပံ့တွေရှာနိုင်ပါတယ်။ အဲလိုပုဂ္ဂိုလ်တွေရဲ့ စာရင်းကို ကျောင်းရဲ့ Website မှာရှာလို့ရနိုင်ပါတယ် ပြီးတော့ ဒီကျောင်းကမလေးရှား ဘုရင် အသိုင်းအ၀ိုင်း၊ မလေးရှားလူမျိုးများ လူမှူရေး အဖွဲ့အစည်း၊ အစိုးရ ၀န်ကြီးဌာနများ၊ အရေးပါသော စီးပွားရေးနှင့် စက်မှုလုပ်ငန်းပိုင်းဆိုင်ရာခေါင်းဆောင်များကဲ့သို့သော မလေးရှားနိုင်ငံ၏ အရေးပါသော အဖွဲ့ဝင်တော်တော်များများကလဲ UNMC ကျောင်းဆင်းတွေဖြစ်ပြီး အခုလက်ရှိမလေးရှားဝန်ကြီးချုပ်Datuk Srei Najib Tun Razak က Nottingham University မှ 1974 ခုနှစ်မှာ Industrial Economics နဲ့ ဘွဲ့ရခဲ့တယ်။အဲဒါကြောင့်လဲ မလေးရှားနိုင်ငံ အဆင့်မြင့်ပညာရေးအတွက် အကောင်းဆုံး Center အဖြစ် တရားဝင်အသိအမှတ်ပြုခံရတာဖြစ်တယ် အဲဒီအတွက် ဒီလို ကျောင်းမျိုးကို လျောက်မယ်ဆိုရင်တော့ တခြားတက္ကသိုလ်ကျောင်းတွေနဲ့ယှဉ်ရင် ၀င်ခွင့်သတ်မှတ်ချက်က မြင့်မယ် အဲဒီအတွက် ကျောင်းသားတွေပြင်ဆင်ထားဖို့ လိုတယ် အဲဒီကျောင်းကနေ ဘွဲ့ရအောင်မြင်ပြီးရင်လဲ အလုပ်အကိုင်အခွင့်အလမ်းက တော့ သူများတွေထက်အခွင့်အလမ်း ပိုသာမှာပါ’ ဟု ပြောကြားခဲ့သည်။

၎င်းတက္ကသိုလ်ကျောင်းတွင် သင်ယူနိုင်သော အဓိက ဘာသာရပ်များမှာ Science, Arts and Social Science, Economics, Engineering, MBA တို့ဖြစ်ပြီး ဘာသာရပ်ခွဲများ အနေများဖြင့် Biomedical Sciences, Biosciences, Geography, Computer Science, Pharmacy, Psychology, Arts and Social Sciences –Politics, History and International Relations, English Language Education, School of Education, Business, School of Economics, Modern Languages and Culture နှင့် Engineering စသည်တို့ ကို သင်ကြားနိုင်ကြောင်းနှင့် Inter-campus exchange programme, Inter-campus transfer programme နှင့် Study aboard Programmes များလည်း ရှိကြောင်းသိရှိရသည်။

ကျောင်းလခအနေနှင့် သင်ယူလိုသော ဘာသာရပ် ပေါ်မူတည်ပြီး RM 6,000 မှ 70,000 ၀န်းကျင်အထိ ရှိကာ International Students များအတွက် ကျောင်းဖွင့်ချိန်များမှာ- 2013 ခုနှစ်အတွက် ဖေဖော်ဝါရီလ၊ ဧပြီလနှင့် စက်တင်ဘာလတို့ ဖြစ်ပါသည်။ ကျောင်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းလိုပါက Myanmar Search International (MSI) နိုင်ငံခြားပညာရေးဝန်ဆောင်မှု ဖုန်းနံပါတ် 01-389915၊ 01-250929 နှင့် 095103915 တို့သို့ ဆက်သွယ်နိုင်ပါသည်။ ပညာသင်ဆုလျောက်ထားလိုသော ကျောင်းသားများအနေဖြင့် သတ်မှတ်ထားသော ကျောင်းဖွင့်ချိန်ကာလ၏ အနည်းဆုံး (၃)လ ကြိုတင် လျောက်ထားသင့်ကြောင်းMSI မှ ထပ်မံ ပြောကြားခဲ့သည်။

University of Nottingham ချီးကြူးဂုဏ်ပြုခြင်းခံရသော ဆုတံဆိပ်များ

-       Member of the Russell Group, the Sutton Trust 13, University 21, The Association of Commonwealth Universities and the European University Association.

-       Entrepreneurial University of the Year’ at the Prestigious Times Higher Education Awards 2008

-       The University of Nottingham is ranked within the top 1% of all universities worldwide.

-       Remained in the ‘Top 20’ In the Independent Complete University Guide 2010 and 2011.

-       Twice since 2003 its research and teaching academics have won Nobel Prizes.

-       Queen’s Award for Enterprise in 2006 (International Trade) and 2007 (Innovation School of Pharmacy).

-       In the Recent Independent assessment by the QAA, the University was awarded a rating of between 22 and 24, out of a maximum of 24, in a total of 39 subjects.

-       In The Times and The Guardian league tables Nottingham has 29 academic schools/departments ranked in the top 10 by subject, and 14 ranked in the Top 5.

-       In the Sunday Times Good University Guide 2006, it is ranked in the Top 10 by British academics and the overall quality of teaching across departments at Nottingham wins a place in the Top 10 for Teaching Quality.

-       Students at Nottingham at Nottingham have been declared national winners of Students in Free Enterprise (SIFE) in 2005, 2006, 2007 and 2008. The latest Research Assessment Exercise (RAE) confirmed the University of Nottingham’s position as a world class research-led institution. Over 60 per cent of the University’s RAE scores indentified research as being of a level of international excellence.

-       The University of Nottingham is Positioned 7th in terms of ‘Research Power’ in the 2008 UK RAE.

-       The University of Nottingham Malaysia Campus (UNMC) has been rated ‘Excellent’ or ‘Tier Five’ status in a national assessment of teaching and learning ranked by the Rating System of Malaysian Higher Education (SETARA).

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>