နောက်ဆုံးခန်းဆိုတော့ နည်းနည်း မေ့တေ့တေ့ဖြစ်နေတယ်…ဖြစ်နိုင်ရင် မူရင်းဝတ္ထုတစ်အုပ်လုံး ပြန်ဖတ်ချင်တယ်….ဒါပေမဲ့ ဆက်ရေးချင်တာနဲ့ ကိုယ့်စိတ်ထဲမှာ သတိရသလောက် ရေးလိုက်တယ်… မှားတယ်ဆိုရင် ထောက်ပြပေးကြပါနော်….
သူလဲ အဝေးကြီး ခြေကျင်လျှောက်လာခဲ့ရတော့ အတော်ကို မောဟိုက်နေပြီ…မနီးမဝေး က သံချောင်း လေးချက် ခေါက်သံကိုကြားလိုက်ရတယ်…မိုးလင်းတော့မယ်လေ…မိုးမလင်းခင် ဒီနှလုံးသားကိစ္စကို အမြန်စီရင် မှ ဖြစ်မှာမလား… ရတဲ့ အမှောင်လေးမှာ မြန်မြန် စီရင်ရမယ်လို့ တွေးလိုက်တယ်…
နားဖို့ နေရာရှာရင်း စက်ရုံငယ်တခုဆီက တဂျုံးဂျုံးမြည်နေတဲ့ စက်လည်သံကြီးကို ကြားလိုက်ရတော့တယ်…သေချာကြည့်လိုက်တော့ သံကြိတ်စက်ကြီး ကို တွေ့လိုက်ရတယ်….
သူ နှလုံးသားလေးကို အားရ၀မ်းသာ ကိုင်ဆုပ်ပြီး…စက်ရုံထဲကို ၀င်သွားတာပေါ့….စက်ရုံထဲမှာတော့ အလုပ်သမား နည်းနည်းလေး….တချို့ကလည်း စကားတွေပြောနေ…တချို့က ကိုယ့်အလုပ်ကို အာရုံစိုက်လုပ်နေရတော့….ခပ်တည်တည်ဝင်လာတဲ့ သူ့ကို သတိမထားမိကြဘူးပေါ့….သူ့ခြေလှမ်းတွေ က သံကြိတ်စက်ကြီးဆီကို ဦးတည်လိုက်တယ်….ခြေလှမ်းတွေ ပိုသွက်လာသလိုပဲ….သံကြိတ်စက် မနီးမဝေးလောက်ကနေ ဖျတ်ခနဲဆို အထုတ်ကို ပစ်ထည့်လိုက်တယ်….အလုပ်သမားတွေက သူ့ကို ပြူးကြောင်ကြည့်နေတာပေါ့….သူ ဂရုမစိုက်ပါဘူး….သူ သံကြိတ်စက်ကြီးကိုပဲ ကြည့်နေတာပါ…ဘာဖြစ်လာမလဲ….
အဲ…စက်က တဂျုံးဂျုံးလည်နေရာကနေ ဂျွတ် ဂျွတ်ဆို ဖြစ်လာပါတယ်…နောက်တော့ ဒုံး ဒွမ်း ချုံးချွန်း တွေ ကြားလိုက်ရတယ်…သူမျက်စိတွေ မှိတ်ထားလိုက်မိတယ်… သူ မမြင်ရက်ပါဘူး…ကောင်မလေးရဲ့နှလုံးသားလေး ရုပ်ပျက်ဆင်းပျက်ဖြစ်နေမှာ သူမတွေ့ရက်ပါဘူး…ဒါပေမဲ့ သူ ဖြစ်စေချင်တာ ဒါပဲလေ…စက်ကို မကြည့်မိခင်…ဟင် ဟာ ဆိုတဲ့ အသံတွေ ကြောင့် သူ မျက်စိကို အမြန်ဖွင့်ကြည့်လိုက်ပါတယ်….
သူ ပါးစပ်အဟောင်းသားနဲ့ လိပ်ပြာလွင့်သွားသလိုပါ….မြင်လိုက်ရတာနဲ့ ထင်ထားတာ တလွဲ…သူ့ စိတ်မှာ ခုနက အသံတွေက နှလုံးသားအစစကြေပြီး ထွက်လာတဲ့အသံလို့ထင်တာ…ခုတော့ သံကြိတ်စက်ကြီးက ကိရိယာအပိုင်းအစတွေ ပြုတ်ထွက်သွားတဲ့ အသံဖြစ်မှန်း သိလိုက်ရလို့ပေါ့….အလုပ်သမားတွေ ရုတ်ရုတ်သဲသဲဖြစ်ပြီး သူ့ဆီ ဖမ်းချုပ်ဖို့အလာမှာ လွင့်စင်ကျနေတဲ့ နှလုံးသားအထုတ်ကိုပိုက်ပြီး ရှိတဲ့ ခွန်အားတွေနဲ့ ပြေးထွက်လာခဲ့မိတယ်….
သူ အားကုန်နေပါပြီ…အတော် ပင်ပန်းနေရှာပြီ…ခုတော့ ၀ရမ်းပြေးဘ၀ကို ရောက်ခဲ့ရပြီလေ….
မထူးတော့ပါဘူး…လူသတ်တရားခံ ၀ရမ်းပြေး ကောင်လေးဟာ စိတ်ဓါတ်တွေ ကျပြီး ချောင်ကလေးတစ်ချောင်ရောက်တော့ နှလုံးသားကို ချ…ဓါးကို မြောက်ပြီး နှလုံးသားအလယ်တည့်တည့်ကို ထိုးစိုက်လိုက်ပါတယ်….ဘာမှ မဖြစ်ပါဘူး…ထပ် ထိုး . ..ထပ်လှီး ပေမယ့် သူပဲ မောပန်းလာတာပါ…ခြေကုန်လက်ပန်းကျနေတဲ့ ကောင်လေးဟာ…လမ်းပေါ်မှာ လှဲချလိုက်ပြီး ဖြစ်ကြောင်းကုန်စင်ကို သုံးသပ်နေမိတယ်..
သုံးသပ်ချက်အဆုံးမှာတော့ သူ မျက်လုံးတွေ အိပ်ရေးပျက် ပင်ပန်းထားပေမဲ့ အားရှိလာတယ်…သူ့ ခြေထောက်တွေ က ပေါက်ပြဲနေပေမဲ့ မြဲမြဲ ရပ်လိုက်တယ်…အဝေးက ရောင်နီ လေးကို မြင်လိုက်ရတဲ့ နောက်မှာတော့…..သူ တချက် ပြုံးလိုက်တယ်…ခါးကို မတ်..ခေါင်းကိုမော့ပြီး ရှိသမျှအား စုစည်းလိုက်တယ်…ဒီအချိန်မှာ အဝေးက အငှားကားတစ်စီးတစ်လေ မြင်တော့ လှမ်းတားလိုက်ပြီး…သူ သွားမယ့်နေရာကို ပြောလိုက်တာပေါ့….
သူ ဘယ်သွားမယ်…ဘာလုပ်မယ် ဆိုတာ တွေးမိလား…?? (စကားချပ်)
ကား ဒရိုင်ဘာက သူ့ကို တချက်ချက် လှည့်ကြည့်ပြီး …
ခင်ဗျား ဘာလို့ ဒီလောက်တောင် ပြုံးနေတာလဲဗျ လို့ မေးရင်း သူ့လက်ထဲက အထုတ်ကိုလဲ လှမ်းကြည့်လိုက်တယ်..သွေးစ နည်းနည်းမြင်တော့....အလန့်တကြားနဲ့
ခင်ဗျား လူသတ်လာတာတော့ မဟုတ်လောက်ပါဘူးနော်..တဲ့..
သူ ရယ်လိုက်မိတယ်…ဘာမှ ပြန်မပြောပါဘူး
တော်တော်လေး မောင်းလာလို့ တစ်နေရာရောက်တော့ …သူ ကားပေါ်က ဆင်းပြီး..
ဒရိုင်ဘာကို goodmorning ပါလို့ နှုတ်ဆက်လိုက်သေးတယ်…အဲဒီနောက် သူ တိုက်ခန်းတခုထဲကို အမြန်တက်သွားတယ်…ခြေလှမ်းတွေပေါ့ပါးနေတယ်လေ…ပထမတစ်ခါ ခိုးဝင်ခဲ့သလိုပဲ…ဒီတခါလည်း ကောင်မလေး အိပ်ခန်းဆီ တန်းတန်းမတ်မတ် လေး ၀င်သွားလိုက်တယ်လေ..
ကောင်မလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာတယ်…သူ နှလုံးသားအထုတ်လေးကို ဖွင့်လိုက်ပြီး ပြောလိုက်တယ်…မင်းရဲ့ ပိုင်ရှင်ဆီကိုပဲသွားပါတော့ကွာ…ငါ အတင်းမယူတော့ပါဘူး.. မရက်စက်တော့ပါဘူးလို့..ပြောပြီး သူ့နေရာနဲ့သူ ထားလိုက်တယ်….ကောင်မလေးရဲ့နဖူးလေးကို နမ်းလိုက်ပြီး …
ဒီနေ့ကစပြီး မင်းအတွက် ငါ အနှောင့်အယှက် မဖြစ်စေရတော့ပါဘူး….မင်းစိတ်ညစ်ရမယ့်ကိစ္စကိုလဲ မလုပ်တော့ဘူး…ဒီအတိုင်းလေးပဲ မင်းကို အဝေးကချစ်နေတော့မယ်..လို့
နှုတ်ဆက်လိုက်ပါတယ်….
ကောင်လေးရဲ့ အပြန်ခြေလှမ်းတွေက ပေါ့ပါးသွက်လက်နေတာပေါ့…
(ပြီးပါပြီ)