အဆောင်မှာခြောက်တဲ့သရဲကြီးအပိုင်း(2)ကိုအားပေးတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။အပိုင်း(3)ကိုဆက်လက်အားပေးကြပါနော်။
ခြောက်ခြားစရာနေ.ရက်များ ထဲက တစ်နေ.ပေါ့ ။ ဆက်ပိုင်တို.စာကျက်ပီးလို. နာရီကြည်.လိုက်တော့ အချိန်က ည တစ်နာရီခွဲပါ ၊သူငယ်ချင်းတွေစုပီးတော့ ခေါက်ဆွဲပြုတ်စားကြတယ် စားလို.ပီးတော့ ခြံထဲဆင်းလမ်းလျောက်ကြတယ် ခနနေရင် အိပ်ရတော့မယ် အဆောင်ပေါ်မှာ အောင်ကို တစ်ယောက်ပဲ ကျန်နေခဲ့တယ် ဆက်ပိုင်တို.ကတော့ ခြံထဲမှာပေါ့ လကြီးကလဲ သာနေတယ်၊ အဒီအချိန်မှာ သူရကလှမ်းအော်လိုက်တယ် (နာမည်တွေပြောင်းထားပါတယ်) ဟိုမှာ ဟိုမှာ ကြည်.စမ်း ရုတ်တရက် ပြိုင်တူ လှမ်းကြည်.လိုက်ကြတယ် ပထမတော့ ကြောင်သွားတယ် တွေ.လိုက်ရတာက ဂါဝန်နီ နဲ.ကောင်မလေးတစ်ယောက် ဆက်ပိုင်တို. အဆောင်ပေါ်ကို ပြေးတက်သွားတယ် ဆက်ပိုင်တို.အားလုံးတွေ.လိုက်ရတယ် ကြောင်ပီးတော့ကြည်.နေရာကနေ သတိဝင်လာပီး အုပ်စုလိုက် အဆောင်ပေါ်ပြေးတက်ကြတယ်ပေါ့ အဆောင်ပေါ်ရောက်တော့ အောင်ကိုကမျက်လုံးပြူးပီးတော့ မေးတယ် ဘာတွေဖြစ်လာတာလဲတဲ့ ဆက်ပိုင်တို.ကမေးလိုက်တယ် မင်းဘာမှမတွေ.ဘူးလားလို. သူကကြောင်နေတယ် ငါကဘာကိုတွေ.ရမှာလဲလို.ပြန်မေးတယ် ဂါဝန်အနီနဲ့ ကောင်မလေး လေလို.မေးတော့ မတွေ.ဘူးတဲ့ ဘာမှ မတက်လာဘူးတဲ့ ခြေသံတောင်မကြားဘူးလို. အောင်ကိုက ပြောတယ် ဟ ငါတို.အားလုံးတွေ.လိုက်ရလို. အပေါ်ပြေးတက်လာတာပေါ့ကွ လို.ပြောတော့ သူလဲလန်.နေပီလေ ကောင်မလေးပုံရိပ်က ဆက်ပိုင်တို. ဖိနပ်ချွတ်တဲ့ နေရာနားလေးမှာပျောက်သွားတာပါ။ နောက်ထပ်လုံးဝ မတွေ.ရတော့ပါဘူး။နောက်တစ်နေ. စာသင်တဲ့ ဂိုက်အမ တွေကိုမေးကြည်.တော့ သူတို.နှစ်ထဲကရှိနေတာလို. သိရတယ် အဆောင်မှာပဲ နမိုးနီးယားနဲ့ ဆုံးသွားတယ်လို. သူတို.လဲသိရတယ်လို.ပြောပြပါတယ်။နောက်ထပ်တော့ မတွေ.၇တော့ပါဘူး ဂိုက်အမတွေနှစ်တုန်းကတော့ မိန်းကလေးအိမ်သာထဲမှာတွေ.ရတယ်လို.ပြောပြပါတယ်။ နောက်တွေ.ချင်လို.တောင်ကောင်မလေးကပေါ်မလာတော့ပါဘူး။
ခြောက်ခြားစရာကောင်းတဲ့နေ.ရက်တစ်ရက်ပါပဲ ။ ဆက်ပိုင်တို.စာကျက်နေရင် တွေ.နေရတဲ့ သရဲကြီးအကြောင်းကို ဆက်ပါမယ်။ တစ်နေ.စာကျက်နေတုန်း ၀ိုးတစ်ဝါးလို ပုံရိပ်တစ်ခုကပေါ်လာပြန်တယ် ဒါနဲ့ပဲ အဆင်သင့်ရှိနေတဲ့ ရေခွက်ထဲကရေနဲ့ လှမ်းပက်လိုက်တယ် အဲ ကံကဆိုးချင်တော့ အဆောင်ပိုင်ရှင်ဆရာဖြစ်နေတော့တယ် ဆရာ့လုံချည်ပေါ်မှာရေတွေ ကွက်သွားတယ်ပေါ့ ဆရာက မင်းတို.စာကျက်လားမကျက်ဘူးလားသိချင်လို. ငါလာကြည်.တာလို. ပြောတယ် ဆက်ပိုင်လဲ ကန်တော့ ဆရာ ကန်တော့ ပေါ့ မတော်လို.ပါပေါ့ အမှန်ကတော့ သရဲထင်ပီး ပက်လိုက်တာပါ တစ်ကယ့် သရဲ ကိုယ်တော်ချောက အဲဒီနေ.မှာတော့ လာမကြည်.ပါဘူးဗျာ
အဲဒီသရဲရဲ.နောက်ကြောင်းကို ကြည်.မယ်ဆိုရင် ဆက်ပိုင်တို.အဆောင်ဘေးကခြံကြီးပုံစံ ကိုပြောပြမယ် ခြံကြီးက သိပ်မကျယ်ပါဘူး ရေတွင်းပျက်ရှိတယ် ခြုံတွေကတော့ထူနေတယ် ရေတွင်းပျက်ရဲ့ အရှေ့ဘက်မှာကတော့ အိမ်ကြီးရှိပါတယ် အုတ်နဲ့ဆောက်ထားတာပါ မှန်ပြတင်းပေါက်တွေ ကတော့ကွဲနေပါတယ် အိမ်ထဲကို ဆက်ပိုင်တို.အဆောင်ပေါ်ကနေလှမ်းမြင်နေရပါတယ်
အိမ်ထဲမှာတော့ အမှိုက်တွေနဲ့ပြန်.ကျဲနေတယ်၊ ညဘက်ကျရင် ခြံထဲမှာ အစိမ်းရောင် မျက်လုံးတွေကိုတွေ.ရတယ် ခွေးရဲ.မျက်လုံးတွေပါ၊ အဲတစ်ခေါက်တော့ အနီရောင်မျက်လုံးတွေကို တွေ.ရပြန်တယ် ဘာကောင်မှန်းမသိတော့ သရဲလို. ယူဆလိုက်တယ်ပေါ့ တစ်နေ. အဆောင်မှာမီးပျက်ပါတယ် ဂိုက်အမ ၀တုတ်လေးကတော့ အနီးမှာရှိတဲ့ ၀င်းကို ကိုလှမ်းဆွဲတယ် ပါးစပ်ကလဲ နင်တို.တွေငါ့ကိုတစ်ယောက်ထဲ မထားခဲ့နဲ.နော်ဆိုပီးတော့ ပြောနေတယ် သူကလူကောင်သာကြီးတာ အရမ်းကြောက်လန်.တတ်တယ်လေ လှေကားပေါ်ကနေ ဆင်းရပါတယ် မီးဆက်နှိုးဖို.ပါ ယောက်ကျားလေးတွေ ထဲက တစ်ယောက်သွားရမယ်ပေါ့ ၀င်းကိုသွားပါတယ် ဂိုက်အမ ရဲ.လက်တွေ ဆက်ပိုင်ကို လာဖက်ပါတယ် ဆက်ပိုင်ကတော့ရယ်နေတာပေါ့ ဂိုက်အမ ကဆက်ပိုင်တို.ထက်အများကြီး ကြီးပါတယ် တစ်မျိုး မထင်ပါနဲ့ အသက်ပါ။ အဲဒီသရဲ ကြီးကတော့ ဘယ်ကမှန်းတော့မသိပါဘူး
ဆက်ပိုင်ကတော့ ဘေးခြံကလို.ထင်ပါတယ်၊တိတိကျကျတော့ မသိရပါဘူး ဆက်ပိုင်အထင်ပါ။ အပိုင်း(4)မှာထပ်တွေ.ကြမယ်နော်