Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေရဲ့((( ပျော်စရာစကားလေး....စကားထာမေးမယ်))) မြန်မာဓလေ့ ယဉ်ကျေးမှု

$
0
0

                                                ပျော်စရာစကားလေး.....စကားထာမေးမယ်

                  မြန်မာနိုင်ငံမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့လေးတွေမြောက်များစွာရှိပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ့်အမျိုးကိုယ်ဘာသာကိုယ့်သာသနာနဲ့ ခန့်ထည်စွာ     နေထိုင်ခဲ့ကြသူများလည်းဖြစ်ပါတယ်။ကိုယ့်ထီးကိုယ့်နန်းနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုလည်း ပိုင်ဆိုင်ခဲ့ကြပါတယ်။ အေးချမ်းသာယာပြီး  တရားဓမ္မလက်ကိုင် ပြုပြီးရိုးသားကြိုး စားခဲ့ကြသူများလည်းဖြစ်ကြပါတယ်။ချစ်စရာရိုးရာဓလေ့တွေများလည်း တကျောင်းတဂါထာ တရွာတပုဒ်ဆန်းဆိုသလို အများအပြားလည်းရှိခဲ့ပါတယ်။နှောင်းလူတို့အနေနှင့်လက်ဆင့်ကမ်းသယ်ဆောင်မှသာလျှင် မပြောက်ပျက် မှာဖြစ်ပါတယ်။  ဒါကြောင့် ရွှေပန်းချီကမြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့လေးတွေထဲက စကားထာဝှက်ခြင်းဓလေ့လေးကို  တင်ပြလိုက်ပါတယ်။

             မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်တဲ့ စကားထာဝှက်ခြင်းသည်စာပေလိုက်စားသူအချို့၌သာ တည်ရှိပြီး
စိတ်ဝင်စားသူလည်းအနည်းငယ်မျှသာရှိပါတော့တယ်။သို့ပါ၍ စကားထာဟူသည် မည်သည့်အဓိပ္မါယ်ရှိသည်ကို 
သိရှိနိုင်ရန်အတွက် လက်လှမ်းမှီသမျှ တင်ပြခြင်းဖြစ်ပါတယ်။

  မဟော်သဓာဇတ်တော်တွင် အလောင်းတော် မဟော်သဓာသည် အမရာနှင့် တွေ့သည့်အခါ အမည်ကိုမေး
လိုက်သည့် အခါ အမရာက..
   “ကျွန်ုပ်၏ အမည်သည် ဖြစ်ဆဲ၊ဖြစ်ပြီး၊ဖြစ်လတ္တံသော ကာလသုံးပါးတွင်မရှိသော အမည်ပါတည်း“““ဟူ၍ အမည်ကိုစကားထာဖြင့် ဖြေဆိုခဲ့ပါတယ်။ ထိုအခါ မဟော်သဓာက ကာလသုံးပါးတွင်မရှိသောအရာကား 
“အမရာ“ဖြစ်၏ လို့စကားထာအဖြေမှန်ကို ဖော်ထုတ်လိုက်ပါတယ်။

   ထို့ပြင် အမရာက သူ၏ဖခင်သည် သင်္ချိုင်းကုန်း၌ လယ်လုပ်ကြောင်းကိုလည်းစကားဖြောင့်ဖြောင့်မဆိုပဲ
“လူတို့တစ်ကြိမ်ရောက်က တစ်ခေါက်ပြန်မလာသော အရပ်၌ လယ်လုပ်ပါသည်“ ဟူ၍စကားထာဝှက်ပါတယ်။
နောက်တဖန် မဟော်သဓာက အမရာအား....
“သင်သည် ဤယာဂု ကို မည်သူ့ထံပို့  မည်နည်း” ထပ်မေးပြန်ရာ အမရာက“အိမ်ရှေ့နတ်သို့ ပို့ပါမည်” ဆိုခဲ့ပါတယ်။ အိမ်ရှေ့နတ်ဆိုသည်မှာ ဖခင်ကိုဆိုလိုခဲ့ခြင်းဖြစ်ပါတယ်။

တကောင်းခေတ် မောင်ပေါက်ကျိုင်းရာဇ၀င်တွင်လည်း...
 “ထောင်ပေးလို့ဆုတ်၊ ရာပေးလိုချုပ်၊ချစ်တဲ့သူအရိုး ဆံထိုးလုပ်” ဟူ၍မိဘုရားမေးမြန်းသည်ကလည်း စကားထာဝှက်ပြီး မေးမြန်းခြင်းဖြစ်ပါတယ်။

  စကားထာဝှက်ခြင်းကို “ပန်းဖွက်သည်“ “ပန်းဝှက်သည်“ဟုလည်းခေါ်ဆိုသုံးပါတတ်ပါတယ်။ ၀ှက်သည့်
စကားထာကိုမဖြေနိုင်သည့်အခါ မဖြေနိုင်ပါဘူးဟု ပြောရိုးမရှိဘဲ “ပန်းပေးပြီ”ဟုပြောလေ့ရှိကြပါတယ်။
စကားထာဝှက်သည့်ဓလေ့ထွန်းကားသည့်အချိန်တွင် အရွယ်ရောက်လာသည့် မိန်းမပျိုတို့သည် ညအခါ
ဗိုင်းငင်သည့်အခါများ၌ စကားထာဝှက်လေ့ရှိပါတယ်။ ကာလသားများကလည်းမိန်းမပျိုတို့ရှိရာသို့ ညစဉ်
သွားရောက်ကြပြီး ပန်းဝှက်တမ်း(စကားထာဝှက်တမ်း)ပြုလုပ်ကြပါတယ်။
 ပြုလုပ်ကြပုံမှာ......
  ကာလသားများသည် ၄င်းတို့ခူးယူလာသော ပန်းများကိုထုတ်၍ မိမိတို့ရှေ့တွင်ပုံထားလိုက်ကြပါတယ်။
ပါဝင်လိုသူတိုင်း ခူးယူလာသည့်ပန်းကလေးများကို ပုံထားကြပါတယ်။
ပန်းမျိုးလည်းစုံလင်လှသလို အနံမွှေးသည့်ပန်း လှသောပန်း အရောင်အသွေးစုံလင်စွာဖြင့် ချစ်စဖွယ်
ပန်းဝိုင်းလေးဖြစ်ပါလိမ့်မယ်ထင်ပါတယ်။၎င်းပန်းဝှက်ရာမှာ အိမ်ရှင်ကို ဦးစားပေးကြရပါတယ်။ ရောက်ရှိလာသည့်
လုလင်ပျိုကာလသားများထဲတွင်မည်သူကဗဟုသုတနှင့် ပြည့်စုံသည်ကိုသိနိုင်စေရန်အတွက် ဥာဏ်စမ်းသည့်
စကားထာများကို စတင်ဝှက်တမ်း ကစားကြပါတယ်။ (ယခုခေတ်ဆိုရင်တော့ IQ Test  မေးခွန်းတွေ ထင်ပါတယ်နော်)။

   “ကျွန်ုပ် အသက် သပြေခက် ရလဒ်စားခြေတူပါစေ”
     အထက်ပါအမေးကို လုလင်ပျိုက မှန်ကန်စွာဖြေဆိုနိုင်ပါက ကာယကံရှင်မိန်းကလေးက ပန်းတပွင့်(သို့)
သတ်မှတ်ထားသည့် ပန်းအရေအတွက်ပေးရပါတယ်။ မဖြေနိုင်ပါက “ပန်းပေးပါတယ်  နှမရယ်”ဟုပြောပြီး
မိန်းမပျိုလေးကို ပန်းပွင့်လေးများပေးရပါတယ်။
အထက်ပါ စကားထာရဲ့ အဖြေမှာ မြန်မာနာမ်ကောက်နည်းအရ နောက်ဆုံးကစကောက်ပါတယ်။
ခက်“ သည် ၂၊ ပြေ သည် ၅၊ သ သည် ၆၊ ထို့ကြောင့် ၂၅၆ ဖြစ်ပါတယ်။
၂၅၆ သည် ကိန်းရင်းကို ကိန်းရင်းနည်းဖြင့်ရှာလျှင် ၁၆ ရပါတယ်။
ဒါကြောင့် မိန်းမပျိုလေးအသက် ၁၆ ဖြစ်ပါတယ်။

“စံပယ်ဖူးစ၊ ဇီးယောက်မ” ဟူသည့် စကားလိမ်သည်
                            (စံပယ်ဖူး-ငုံ သည်။ ဇီးယောက်မ-မွှေသည်။ငုံမွှေ-ငွေမှုန်ဟု နာမည်ကိုလည်းဝှက်ကြပါတယ်)

“ကန်၏ တန်ဆာ တံငါလက်ဆွဲ“ ဟူသည်မှာလည်း
                            (ကန်၏တန်ဆာသည် - ကြာဖြစ်သည်။တံငါတို့၏လက်ဆွဲသည် ပိုက် ဖြစ်သည်။
                               ထို့ကြောင့် ကြာပိုက် -- ကြိုက်ပါဟုစကားအဖြောင့်ကိုပြန်ထုတ်ပါတယ်)
“ပင်လယ် ဓားပြ” ဆိုသည်မှာလည်း
                          (ပင်လယ်သည် -ကျယ် သည်။ ဓားပြသည်လုယူတိုက်ခိုက်သည်အတွက် တိုက် သည်။
                                  ထို့ကြောင့် ကျယ်တိုက် --- ကြိုက်တယ်ဟုစကားအဖြောင့်ပြန်ထုပ်ပါတယ်)။

 ...စသည်ဖြင့် စကားထာဝှက်ခြင်း၊ ပန်းဝှက်ခြင်း စသည့်ဓလေ့သုံးစကားလေးများအများအပြားရှိခဲ့ပါတယ်။
သို့သော် ယခုအခါ ၄င်းကစားနည်းများလည်း တဖြည်းဖြည်းတိမ်ကောပပျောက်လာခဲ့ပြီဖြစ်ပါတယ်။ မှတ်သားစု
ဆောင်းသူအနည်းငယ်လောက်သာ စုစည်းမှုကြောင့် စကားထာပုဒ်ရေ သုံးရာမျှသာစာအုပ်အဖြစ်တည်ရှိကျန်ပါ
 ကြောင်း သိရှိရပါတယ်။

             သို့ပါ၍ အထက်ပါ စကားထာဝှက်ခြင်း ပန်းဝှက်ခြင်းအကြောင်းကိုအသုံးမပြုတော့သည့်တိုင်
မြန်မာတို့၏ ချစ်စရာ ယဉ်ကျေးမှုဓလေ့ လေးကို အနည်းငယ်မျှသိရှိရန်အတွက်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။


(သကျဝံသ (မြန်မာယဉ်ကျေးမှုဓလေ့) ထဲမှ ပြန်လည်ကောက်နုတ်တင်ပြပါသည်။)
လိုအပ်သည်များကရှိပါက ဖြည့်စွက်ဖတ်ပေးပါရန် တောင်းပန်အပ်ပါသည်။

                                                                                      ရွှေပန်းချီ(၂၄-၁-၁၃)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>