(၃)ဥစ္စာဓန မဲ့သော ပညာရှိသည် ဥစ္စာပေါကြွယ်ဝသော ပညာမဲ့သူထက် သာလွန်ကောင်းမြတ်၏။
(၄)အသိပညာကင်းမဲ့ သူသည် မိမိကိုယ်ကို မိမိ ရန်မူတတ်သူဖြစ်သော် ၊ တစ်ပါးသူအတွက် အဘယ်မှာလျှင် အကျိုးပြုသော မိတ်ဆွေ ဖြစ်နိုင် ပါအံ့နည်း။
(၅)အိမ် ထက်အလျှင် အိမ်နီးချင်းကောင်းကို ရှာကာ၊ခရီးထက် အလျှင် ခရီးအဖော်မွန် ကို ရှာဖွေလော့။
(၆)အဆင့်အတန်း မရှိသူသည် အမြင့်တစ်နေရာသို.ရောက်သော် မာန်မာနထောင်ကာ၊ အုပ်ချုပ်မှုအာဏာရရှိလာသော် မတရားသမှုပြု လေတော့၏။
(၇)အလုပ်လက်မဲ့ နေခြင်းသည် အသေကောင်များ၏ လက္ခဏာဖြစ်ပြီး၊ အလုပ်နှင့်လက် ဆက်နေခြင်းသည် ရှင်သန်နေသူများ၏ လက္ခဏာဖြစ်၏။