သင်သည် နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။
မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက်တွေရှိတယ်။ မျှော်လင့်ချက်တိုင်းမှာ ဆောင်ရွက်ချက်တွေရှိတယ်။
ဆောင်ရွက်ချက်တိုင်းမှာ ရည်မှန်းချက်တွေရှိတယ်။
ဘ၀ ဆိုတာ ဦးတည်ရာမဲ့ရွေ့လျှားနေတဲ့ သစ်ရွက်ကြွေမဟုတ် မျှော်လင့် ဦးတည်ချက် ရှိတဲ့ မြှားတစ်ဆင်း။
အတွေ့အကြုံဆိုတာ အရက်စက် အကြမ်းကြုတ်ဆုံး ဆရာပဲ၊ အဲဒီကနေ သင်ခန်းစာ ယူစမ်းပါ ယူဖြစ်အောင် ယူစမ်းပါ။
လူတစ်ယောက်ရဲ့တန်ဖိုးဟာ ကိုယ့်ကိုယ်ကို ကောင်းအောင်ကြိုးစားနေမှုပေါ်မှာ မူတည်တယ်။
နိမ့်နိမ့်လေးပျံရင် နီးနီးလေးပဲမြင်ရမယ်။ ဝေးဝေးမြင်ချင်ရင်တော့ မြင့်မြင့်ပျံရမှာပေါ့။
သူများကို ဝေဖန်မယ့်အစား တစ်စုံတစ်ရာကို စိတ်ဝင်စားစွာ ပြုမူဆောင်ရွက်ခြင်းက အကျိုးဖြစ်ထွန်း မှာ သေချာပါတယ်။
အရည်အချင်း ရှိမှသာ ရပ်တည်နိုင်တဲ့ လောကကြီးမှာ အရည်အချင်းမရှိရင်သူများအောက်
ရောက်သွားမယ်။
ကိုယ်မျှော်လင့်ထားတဲ့ အရာတစ်ခုကို ဘယ်သူ့ပရောဂနဲ့မှ မပျက်ပါစေနဲ့။
သူတပါးစကားနဲ့ လမ်းမဆုံးစေချင်။ ကိုယ်ကိုယ်တိုင် လုပ်ကြည့်မှ ကောင်းမကောင်း သိရမည်။
ပတ်ဝန်းကျင်ဆိုတာကြီးကို တွေးကြောက်မနေနဲ့ သေချာရေတွက်ကြည့်ရင် လူတစ်ရာတောင်
ပြည့်တာ မဟုတ်ဘူး။
ဖြစ်သင့်တာတွေလုပ်နေရင်းနဲ့ တစ်နေ့မှာ ဖြစ်ချင်တာတွေဖြစ်လာမယ်။
ငွေကို လိမ်လိမ်မာမာ သုံးစွဲပါ။ ငွေမည်မျှ ရှာဖွေရရှိသည်က အဓိကမဟုတ်၊ မည်မျှ စုဆောင်းမိသည် ကသာ အဓိကဖြစ်သည်။
လေကောင်းလေသန့်ရှူပါ။ စိတ်ဓာတ်တက်ကြွပါ။ ထိုအခါ ဘာလုပ်ရမည်ကို သင်သိလာလိမ့်မည်။
ကိုယ်ကျင့်တရားနှင့် ပတ်သက်လာလျှင် စာတွေထက် ကိုယ်တွေ့သင်ခန်းစာများကသာ အစွဲမြဲ ဆုံးဖြစ်သည်။
အားလုံးနဲ့ အစဉ်ပြေချင်လျှင် အားလုံးအပေါ် နားလည်ပါ။
သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားတွေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။
လူ့အဖိုးတန်ဖြစ်ချင်ရင် လူတွေကို အကျိုးပြုတဲ့ အလုပ်တွေ များများလုပ်။
အချစ်ကြောင့် မျှော်လင့်ချက် ပျက်သုန်း ဘ၀ မဆုံးစေနဲ့။
လောကမှာ သစ္စာရှိတဲ့ မိတ်ဆွေ သုံးယောက်ကတော့ ကြာရှည် ပေါင်းသင်းခဲ့တဲ့ မယားအို တစ်ယောက်ရယ်၊ အတူတူ နေတာကြာတဲ့ ခွေးအို တစ်ကောင်ရယ်၊ ကိုယ့်လက်ထဲမှာ အဆင်သင့်ရှိတဲ ပိုက့်ဆံရယ်ပါပဲ။
↧
မှတ်စုအတိုထွာ
↧