Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

'''''''''''' အမေ့ရဲ့  မေတ္တာ .... """""""""""""""

$
0
0

                              မင်္ဂလာပါ  ရှင့် ။ ရွှေမြို့ တော်က ညီအကို မောင်နှမ အားလုံး စိတ်၏ ကျန်းမာခြင်း
ကိုယ်၏ ကျန်းမာ ခြင်းနဲ့ ပြည့်စုံကြပါစေ လို့  ခရေကနေ ဆုမွန်တောင်းလိုက်ပါတယ် ။

                     ခရေ တို့   ဒီနေ့ ခေတ်လူငယ်တွေ တော်တော်များများဟာ  ချစ်သူများနေ့ ၊ နှစ်သစ်ကူးချိန်
( new years ) ၊ ခရစ်စမတ် အစရှိတယ့် ပျော်ရွှင်စရာ ပွဲတော်တွေ သာ သိရှိကြပါတယ်။
            
              တော်တော်များများ ကလေးတွေ ဟာ အမေများနေ့  ၊ အဖေများနေ့ ၊ လပြည့်နေ့  ၊ လကွယ်နေ့ ၊
ဥပုတ် နေ့ အစရှိသဖြင့် မသိရှိကြပါဘူး။

             ယခုလို မြို့ တော် လေးကနေ ပြီး အမေများနေ့  ( ပြာသိုလပြည့် ) နေ့ လေးကို ဂုဏ်ပြုပြီး ကဗျာတွေ
ဖိတ်ခေါ်ရေးသာစေတော့ လူတိုင်း ရင်ထဲမှာ အမှတ်တရ နဲ့  သတိရ နေကြမှာပါ။

            ခရေ ကလည်း အဝေးတနေ ရာ ကနေ မေကြီး ကို စိတ်မှန်းရည်သန်း ပြီး ရှိခိုးဦးချမိပါတယ်။ ခရေ မေကြီးကျန်းမာစေကြောင်း နေ့ စဉ်ဆုတောင်းမိပါတယ်။

                    ခရေ ခုလို အသက် သုံးဆယ်စွန်း ရောက်လာတယ့် အထိ ကျွေးမွေး သွန်သင် ပြုစု လာခဲ့တယ့် မိဘတွေကို သတိရမိပါတယ်။

             အမေ ဆိုတာ တခါတုန်းက သမီးပါပဲ ။ သမီးတွေ ရဲ့ ခံစားမှု ၊ စိတ်ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊လိုအင်တွေ
အားလုံးကို သိရှိနိုင်ခဲ့တယ့် သူတွေပါ။

             မိန်းကလေး တွေ အားလုံးဟာ မိခင်စိတ်ရှိကြ တယ့် သူတွေပါ။ ကိုယ်တိုင် ဝမ်းနှင့်လွယ်ပြီး မွေးထုတ်မှ အမေ မဟုတ်ပါဘူး ။ ကျောင်း က ဆရာမတွေ ကြည့်မလား သူတို့ တွေဆို မိမိ အိမ်က သားသမီးတွေ လိုပဲ ကိုယ့် တပည့်သားသမီးတွေကို မိခင်စိတ် နဲ့  စေတနာထားပြီး ဆုံးမခဲ့ကြပါတယ်။

   အိမ်တစ်အိမ်မှာ အပင်ပန်းဆုံး လူသားဟာ မိခင်ပါ ။ နေ့ စဉ်နှင့် အမျှ အိမ်ထောင်ဦးစီ ရဲ့  ဝေယျာဝစ္စ ၊ သားသမီးတွေ ရဲ့ ကိစ္စ မှန်သမျှ ဒီအမေတယောက်တည်း ရုန်းကန် ခဲ့ရတာပါ။
 
            ဈေးဝယ် ၊ ချက်ပြုတ် ၊ လျှော်ဖွတ် ၊ သန့် ရှင်းရေးပါ မကျန် အမေ တယောက်တည်းကပဲ လုပ်ကိုင်ခဲ့ရတာပါ။ ဒီကြားတည်းသားသမီးတွေ မကြိုက်တဲ့ ဟင်းလေးများ ချက်မိရင် စိတ်မကောင်း ကဖြစ်ပါသေးတယ်။

             သမီးမိန်းကလေး တွေ အသွားအလာ အနေအထိုင် ဝတ်စားဆင်ရင်မှု ကအစ သားယောက်ကျားလေးတွေ အပြင်သွားတာညမိုးချုပ် လက်ဖက်ရည်ဆိုင် ထိုင်မှာ သူငယ်ချင်း အပေါင်း အသင်းတွေနဲ့  နေထိုင်ရင်း ပျက်စီးမှာ အမေတွေ က တွေးပူခဲ့ကြတာပါ။

                                  အိမ်က အဖေမကြိုက်တာ လုပ်မိရင် အမေကနေ ကာဆီးပြီ ဖျန်ဖြေပေးတာတွေဟာ
မိခင် တယောက်ထားရှိတဲ့  မေတ္တာ စိတ် ပါ။

              အတောင် အလက်စုံတော့ သမီးမိန်းကလေးတွေ ရည်စားသနာ ထားရင် နာမည်ပျက်မှာ စိတ်ညစ်ရမှာ ၊ သားယောက်ကျားလေးတွေအပေါင်းအသင်းမှား ပြီး လမ်းမှာရောက်မှာ ဒါတွေ အားလုံးဟာ လည်း ဒီအမေ က ပဲ ပိုမို ပူပန်ခဲ့ရတာပါ။

              မိခင်မှာ ထားရှိတယ့် မေတ္တာစိတ် စေတနာ တရားဟာ ဘာနဲ့  မှ နှိုင်းယှဉ်လို့ မရပါဘူး ။ သားသမီးတွေ ဆိုးသွမ်းနေမှန်း သိပေမယ့်ခွင့်လွှတ်ချစ်ခဲ့တယ်။ စိတ်မကောင်းဖြစ်ခဲ့ရတယ်။

ဘယ်လို ပဲ သားသမီးတွေကြောင့် စိတ်သောက ကြုံခဲ့ရလည်း အမေ တချက် မညည်းသလို
တချက် မမုန်းခဲ့ပါဘူး။

                     ကောင်းကင်က လဝန်းကြီး ရဲ့  အလင်းရောင် သာ
                      မှေးမှိန်ကောင်း မှေးမှိန်မယ် အမေ့ မေတ္တာ မမှေးမှိန်ခဲ့ပါ ။
                      အမြဲစီးဆင်းနေ တယ့် ရေတွေသာ
                     ခမ်းခြောက်ကောင်း ခမ်းခြောက်မယ် အမေ့မေတ္တာ မခမ်းခြောက်ခဲ့ပါ။
                     သုံးရာသီမှာ ပွင့်သောပန်းများ သာ
                      ညှိုးနွမ်းကောင်း ညှိုးနွမ်းမယ်      အမေ့မေတ္တာ မညှိုးနွမ်းခဲ့ပါ။
                     အစဉ်အမြဲ အမေ့ ရင်ထဲ အေးမြတဲ့ မေတ္တာတွေ နဲ့  သားသမီးတွေ အတွက် ထာဝရ လန်းဆန်းနေဆဲပါ။

               မိခင်တွေမှာ ထားရှိတဲ့ မေတ္တာ တရားတွေကို နှိုင်းပြရင် ပုံနှိုင်းလို့ မကုန်ပါဘူး။

             မိခင်တွေ မေတ္တာကြီးမာ ပုံဟာ ပမာပြစရာ မရှိပါဘူး ။ ခရေ တို့ လို လူသားတွေ မဆိုထားနှင့် တိရိစ္ဆာန်တွေ တောင် မိဘမေတ္တာ အပြည့်အဝ ရှိကြပါတယ်။

           ခရေ တို့ ရဲ့ သုံးလောက ထွတ်ထား အရှင်မြတ်စွာဘုရား ကိုယ်တော်တိုင် တောင် မိခင် ရဲ့  ကျေးဇူးကို ကျေအောင် ဆပ်ခဲ့ပါသေးတယ်။

                    ခရေ တို့  အတွက်က မိဘကျေးဇူးကို ကျေအောင်ဆပ်ဖို့  မလွယ်ကူလှပါဘူး ။ ဒါပေမယ့် မိဘကျေးဇူးကို အတတ်နိုင်ဆုံး ကြိုးစား ဆပ်လို့  မိဘတွေ စိတ်ချမ်းသာစေရေး ၊ သက်ရှိထင်ရှား ရှိနေစဉ်အတွင်း စိတ်နှလုံး သာယာစေရေးကို ကြိုးစားလုပ်ဆောင်ကြပါလို့  ..


            လူဘဝက တိုတိုလေးပါ ၊ မိခင် ဖခင် သက်ရှိ စဉ် မိဘ ကျေးဇူးကို ကျေအောင် ဆပ်နိုင်တဲ့  သူများ ဖြစ်ကြပါစေလို့  ခရေကနေ ဆုတောင်းပေးလိုက်ပါတယ်။

                    ခရေ ကနေလည်း မြန်မာပြည်မှာ ရှိနေတယ့် ခရေ မေကြီးကို အမေများနေ့  ကို အမှတ်ရသတိရလျှက် ဒီပိုစ်လေး နဲ့  ရှိခိုး ဦးချလိုက်ပါတယ်။

               အားလုံးကျန်းမာပျော်ရွှင်ကြပါစေလို့ ..

                                                                                                                 ခရေ

                                                                                                         ( ကြိုးစားပါအုံးမည်)

                                                                                     ၂၅ ရက်၊ ဇန်နဝါရီလ ၊ ၂၀၁၃ ခု

                          


        

       


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>