Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ရွှေရဲ့((( အမေ့နားကပ်လေးနဲ့...သမီးဆေးကုနော်))))

$
0
0

                                               ဆောင်းညနေခင်းလေးတခု.....အအေးဓာတ်ဆောင်လေကလေးက မြောက်ပြန်လေအဖြစ်သယ်ဆောင်တိုက်ခတ်နေပါသည်။ အရှေ့ရိုးမတောင်တန်းကြီးအောက်က တောကျောင်းရိပ်သာလေးက အေးချမ်းသာယာလျက် ရှိနေပါသည်။ ဘုရားစေတီဝင်းအတွင်း တရားနာပြီး ညနေ စင်္ကြလျှောက်လျက် တရားမှတ်နေသော ယောဂီမိန်းခလေးတယောက်အား ဆရာလေးတပါးမှ အရေးတကြီးလှမ်းခေါ်လိုက်သံ..   

“တကာမလေး ရွှေရည်“

“ဘုရား ဆရာလေး ဘာဖြစ်လို့လဲ“

    “အဖွားမြိုင် မူးလဲလို့လာပါအုန်း“
   “ဟယ် ဟုတ်လာပြီ”   ကျမအပြေးသွားလိုက်မိပါတယ်။
လွန်ခဲ့သော နှစ်ရက်မှပြန်နလန်ထူလာခါစ အဖွားမြိုင်တယောက်ထပ်နေမကောင်းဖြစ်ပြန်ပါပြီ။

အဖွားမြိုင်(သို့) ဒေါ်ငွေမြိုင် သည် အသက်(၈ရ)နှစ် လွန်ခဲ့သော ငါးလကျော်မှ တောကျောင်းလေးသို့အ၀တ်တထည်ကိုယ်တခုဖြင့်ရောက်ရှိလာခဲ့ပါတယ်။ကျန်းမာရေး အလွန်ချို့ယွင်းနေသော်လည်း ပြုံးချိုသော ပျော်တတ်သော သီချင်းဆိုအလွန်ဝါသနာပါသော အဖွားမြိုင်ကို ကျမတို့သိပ်ခင်ကြပါတယ်။တောကျောင်းလေး ထုံးစံအရ တရားတက်ချိန် များပြီးလျင် ဘုရားဝန်းထဲ သီချင်းညည်းရင်း တံမျက်လှည်းနေတတ်သော သူလည်းဖြစ်ပါသည်။ကျမ အဖွာမြိုင်ကျောင်းလေးပေါ် အပြေးတက်ချိန်မှာတော့ ဘုရားစင်ရှေ့ဖျာလေးပေါ်တွင် ပက်လက်ကလေးဖြင့် အသက်ရူမှုလေးပင်စွာနဲ့တွေ့ရပြီး ဘေးနားတွင်တော့ဆရာကြီး ဆရာလေး များ ရွယ်တူအသက်ကြိး အဖွားနှစ်ယောက်က ညိမ်သက်စွာဖြင့် ပရိတ်ရွတ်ပေးနေကြပါသည်။
  ကျမက...“ အဖွားမြိုင် နေသာလားဘုရား“
               “အင်း ဝေဒနာကတော့ ရှိမှာပါ မြေးရွှေရည်ရယ်“  တဲ့ အသံလေးကတိုးပေမယ် တရားသဘောကိုဆင်ခြင်နေပါသည်။
    နောက်.. “ မြေး ရွှေရည်“  ပရိတ်ရွတ်သည့်ဖက်ကို လက်အုပ်ချီပြီးခန လက်ကာပြပြီး ကျမကိုခေါ်လိုက်ပါသည်။
“ပြောလေ အဖွားမြိုင်”
“အဖွားတရားသိပါတယ်မြေးရယ်...ဒါမေမယ့်..“ဆိုပြီးလက်တဖက်က ခေါင်းအုံးအောက်မှ အရာတခုကိုဆွဲထုပ်လိုက်ပါသည်။
့  ပြန်ပါလာသည်က ဟောင်းနွမ်း စုတ်ပြတ်နေသော အ၀တ်စကလေး တခု၏ထိပ်တွင် စုထုံးကလေး အ၀တ်စကလေးတခုပင်ဖြစ်ပါသည်။
 “ရော့ မြေးရွှေရည်..ဒါလေးကို သမီးကိုပေးပြီး ဆေးကုနော် လို့ပြောပေးပါအေ”
  “ရှင်“
  “ဟယ်“ ဆရာလေးတို့ဖက်မှလဲ အသံထွက်လာသည်။
“အဖွားမြိုင်သိပါတယ်ကွယ်..ဒါပေမယ် အမေတိုင်းသားသမီးကိုချစ်တယ်ဆိုတာ ပြောင်းလဲမသွားပါဘူးခလေးရယ်“
 “ဟုတ်ကဲ့ပါ အဖွားမြိုင်.. မြေးရွှေရည် ဆက်ဆက်သွားပေးပါ့မယ် သက်သာအောင်သာနေပါနော်..ဟော ဆရာတော်ကြွလာပြီအဖွားမြိုင်“
“တကာမကြီး တရားနှစ်လုံးသွင်းလေ..ဘာတွေ စွဲနေတာလဲ..ကိုယ့်ဒုက္ခကိုယ်မြင်အောင်ကြည့်ပါ“ ဆရာတော် မှ မိန့်လိုက်ပါသည်။
“တင်ပါ့ဘုရား..တပည့်တော် မှာစရာလေးပြီးပြတ်ပါပြီ..တရားပဲအသိထားပါတော့မယ်ဘုရား“
 “အေး သာဓု သာဓု သာဓု“
နောက်နားဆီမှ အသံများက တဖြည်းဖြည်းကျန်ရစ်ခဲ့ပါသည်။ ရွှေရည်တယောက် အ၀တ်စလေးကိုင်လျက် နားခိုရာကျောင်းလေးသို့ပြန်လာခဲ့ပါသည်။
အတွေးများက လွန်ခဲ့သော ငါးလ ...ထိုမှသည် လွန်ခဲ့သော တပတ်...အခုချိန်ထိ

လွန်ခဲ့သော ငါးလ...
 ဆရာလေးတပါးသည် တောကျောင်းဆရာတော်ကြီး ကျောင်းဆီသိုအလျင်အမြန်တက်ရောက်လာပြီး
 “ဆရာတော်ကြီး ဘုရား...”  အသံပြုလိုက်ပါသည်.။ဘုရားစင် ရှေ့တွင် တရားမှတ်နေသော ဆရာတော်ကြီးက တရားကိုချလိုက်ပြိး
“အိန်း...တရားပျက်တယ် ဆရာလေး..ကဲပြော ဘာဖြစ်ပြန်ပြီလဲ...“
“တင်ပါဘုရား ..တပည့်တော်တို့ကျောင်းရှေ့က အ၀င်ပေါက်နားမှာ အဖွားအိုတယောက်လဲနေတယ်ဘုရား..အဲဒါ“
“ဟေ...အသက်မှရှိသေရဲ့လား ..အင်းဒုက္ခတွေတယ်များကြသကိုး...
 ဟဲ့ ရွှေရည်...ရွှေ့ရည်မလေး ..အင်းဘယ်သွားပြန်ပါပြီလဲကွယ်“  ပြောလိုက်ရာ ကိုရင်ငယ်ကလေးက မ၀ံမရဲဖြင့်
“တင်ပါ့ ဒကာမလေးရွှေရည် ချောင်းဘက်သွားမယ်လို့ တပည့်တော်ကို တိုးတိုးမှာသွားတယ်ဘုရား“
“တယ် ဒီခလေး ရေချိုးသွားပြန်ပြီ...သွားအခုလိုက်ခေါ်
“တင့်ပါဘုရား“ ကိုရင်လေးလဲပြေးထွက်သွားတော့သည်။
“လာ ဆရာလေး..ဘုန်းကြီးနဲ့လိုက်ခဲ့“          
“မှန်ပါ့ဘုရား“
အ၀င်ပေါက်နားတွင် ဆရာကြီးဒေါ်ရူပ၀တီက ပြုစုပေးနေပါသည်။
“ဆရာကြိး အခြေအနေကောင်းရဲ့လား“
“တင်ပါ့ဘုရား တော်တော်နေမကောင်းနေရှာတယ် ဘုရား.. အားလဲပြတ်နေတယ်ထင်တယ်“
ထိုစဉ် ..ရွှေရည်ရောက်လာပြီး   “ဘုန်းဘုန်းကြီး..ဘာဖြစ်တာလဲဘုရား“
“အေး..နင်မြင်တဲ့အတိုင်းပဲ..ဖုန်းဆက် တကာဆရာဝန်လေးကိုခေါ်လိုက်..အခုလာခဲ့လို့“ “တင်ပါ့ဘုရား“ရွှေရည်ကျောင်းကိုအပြေးပြန်ဖုန်းဆက်ရပါသည်ဒီလိုနဲ့ပဲ အဖွားမြိုင် တောကျောင်းလေးကိုရောက်ရှိလာခဲ့ပါသည်။ နေကောင်းတဲ့အချိန်မှာပြောပြတာကတော့..သူသမီးတယောက်ရှိကြောင်း အိမ်ထောင်ကျပြီး အတူနေကြောင်း သို့သော်လည်း သမီးကမလိမ္မာသဖြင့်အတော် ဒုက္ခပေးပါကြောင်းနှင့်အခုဖျားနေသည့်အချိန်တွင် ဆေးကုသပေးခြင်းမရှိသည့်အပြင် သူစုဆောင်းထားသည့်ပိုက်ဆံများကို အတင်းလှယူလျက် အိမ်ပေါ်မှနှင်ချပါကြောင်းပြောပြနေပါသည်။ အဖွားမြိုင် မျက်ရည်တွေ ၀ဲလျက်က......
.“အဖွား တော်တော်စိတ်နာတယ် မြေးရွှေရည်ရယ်..သေတောင်မခေါ်ဘူးသိလား“...
“အဖွားကို ရိုက်မယ်တောင်လုပ်တာ ..အဖွားပစ္စည်းတွေကိုလဲအကုန်ထုတ်မပေးလို့တဲ့..အဖွားအကုန်ပေးခဲ့တာပါကွယ်“  ပြောရင်းအင်္ကျီလက်ဖြင့်တို့ သုတ်နေပါသည်။
“ကဲပါ ..အဖွားရယ် မတွေးနဲ့တော့ ဒီမှာတရားလုပ် အချိန်မှန်စားနော်..ရွှေရည် တလတခါလာရင် စာချင်းတဲ့မုန့်မှာလို့ရတယ် ဟုတ်လား“
“အေး..ဟီး အဖွားက ခိုတောင်မုန့်တီတော့ အလွန်ကြိုက်တော်..စားချင်သားနော်..“
“အင်းပါ အဖွားရယ်..ရွှေရည် တလကို ၁၀ ရက်လာနေမှာပဲ မြို့ထဲကနေ၀ယ်လာမယ်နော်“
“အေး အေး အဖွားသီချင်းဆိုပြမယ်“ “ အယ်..တော်ပြီနေတော့ ဘဘုန်းရိုက်လိမ့်မယ်“ “အေး.ဟုတ်တယ် အသာတိတ်တိတ်နေ ..ဟီးး“

လွန်ခဲ့သော တပတ်...
ရွှေရည် ခိုတောင်မုန့်တီထုတ်ကလေးဆွဲလို့ အဖွားမြိုင်ကျောင်းပေါ်တက်ခဲ့ပါသည်။
“အဖွားမြိုင်..ရွှေရည်လာပြိလေ..ဘယ်ရောက်နေလဲ“
“အင်း ငါ့မြေးရွှေရည်လာပြီလား“ စောင်ကလေးအသာလှပ်ပြီးအသံပြုပါသည်။ အဖွားမြိုင်နေမကောင်းဘူးလို့ဆရာလေးတွေဆီးပြောထားလို့သိနေသည်
“ဟုတ် အဖွား..ဒါဆို မုန့်တီမစားနဲ့နော်..အစာမကြေဖြစ်လိမ့်မယ်“ “အယ် ရပါတယ်တော်..ကျုပ်စားချင်နေတာ“
“ဘဘုန်းဆူရင် မြေးရွှေရည် မပါနော်“ “ဟီး..ငါလဲကြောက်တယ်“ အဖွားပြောကြောင့် ရယ်မိကြပါသည်။
ညဖက် အရမ်းဖျားပြီးကရောင်ကတန်းဖြစ်နေသောကြောင့် ရွှေရည်နှင့် ဆရာလေးတပါးစောင့်အိပ်ရပါသည်။မနက် မိုးလင်းခါနီးအထိ အဖွားမြိုင် မသက်သာသေးပေ။ ခနခန ယောင်နေပါသည်။ “သမီးလေး သမီးလေး မလုပ်ပါနဲ့ကွယ်“ ...တဲ့ စိတ်မကောင်းဖြစ်ကြရပါသည်။သမီးကိုသိပ်ချစ်သည့် အမေတယောက်ရဲ့ ခံစားချက်က ပြင်းထန်လှပါသည်။သူသမီးကိုဘယ်လောက်လွမ်းနေရှာမလဲ။ဘယ်လောက်တမ်းတနေပါ့မလဲ...
ရွှေရည်ဆုံးဖြတ်လိုက်ပါသည်။သူသမီးကိုသွားခေါ်ဖို့ဘဘုန်းကြီးကိုပြောပြီး ရိပ်သာမှာရှိနှင့်နေသော
ဆရာကြိးထံမှလိပ်စာယူပြီးေ၇ာက်ခဲ့ပါသည်။
“အမ တို့တော့မလိုက်နိုင်ဘူး“
“ရှင်“ ”ဟုတ်တယ် သူဖာသာသူမနေချင်လို့ဆင်းသွားတာ လိုက်မခေါ်ဘူး“ ရွှေရည်အံတသြကြည့်မိပါသည်။
သမီးဆိုတဲ့ ထီးက ဘယ်လိုမျိုးပါလိမ့်နော်။
“ဒါဆို အမရယ် လာတော့ကြည့်ပါ့လားရှင်“ စိတ်အသာလျော့ပြီးပြောလိုက်ပါသည်။
“ဟာ မအားဘူးဟေ့..ငါ့သားကျောင်းပို့ကြိုလုပ်ရအုံးမယ်..တကတဲတော်“
“အော်...“ ဟုသာရေရွတ်လျက်ပြန်ခဲ့ရပါတော့သည်။ကျောင်းပြန်ရောက်တော့
“အဖွားမြိုင် ..ဟို..သမီးကနေမကောင်းနေတာအဖွားရယ်..အဲဒါ..ထနိုင်မှလာခဲ့မယ်တဲ့..နော်“ ကျမမုသားတွေသုံးမိပါပြီလေ။
အဖွားက စိတ်ပူသောလေသံနဲ့“ဟယ်..ဟုတ်လားပြုစုမဲသူလဲမရှိကွယ်..သနားပါတယ်“တဲ့။
“ကဲပါ..အဖွားရယ် ကိုယ်ဖာသာကိုယ် အရင်နေကောင်းအောင်နေနော်“
“အင်း..ပိုက်ဆံလဲရှိရှာမှာမဟုတ်ဘူး..ယေင်္ကျားကလဲဆိုးပါဘိနဲ့..“
တယောက်တည်းရေရွတ်လျက် စောင်လေးခေါင်းမြီးခြုံလိုက်ပါသည်။ သိပါတယ် အဖွားမြိုင် ငိုနေပေအုန်းတော့မည်လေ။

အခုတရက်...
မနက်လေးနာရီ ဆွမ်းတော်တင်မောင်းခေါက်လေပြီ။ ရိပ်သာတွင်းရှိ ဘုန်းကြီးများနှင့်ဆရာကြီးဆရာလေးများ ယော၈ီများအားလုံး ဆွမ်းတော်ပန်းတော်ကပ်ရန်အတွက် ဓမ္မာရုံသို့်သွားကြလေပြီ။ မရွှေရည်လဲ သွားရန်အထွက်.
“တကာမလေး ရွှေရည် အဖွားမြိုင် ဆုံရှာပြီ“ ဆရာကြီး ဒေါ်ရူပ၀တီက လာပြောပါတော့သည်။
“အော်... အဖွားဆုံးသွားပြီပေါ့နော်..အင်းလေ ဒီဘ၀ဒီဒုက္ခ တခုပြီးသွားပြန်ပြီပေါ့“ ကျမစိတ်မကောင်းစွာနဲ့ ရေရွတ်မိပါသည်။
“အဲဒါ ဆရာတော်ကြီးက မိန့်တယ် ..သူအိမ်ကိုသွားပြောမလားတဲ့..ရွှေရည်ကိုသွားပြောချေ ဆိုလို့ လာပြောတာ“
“အာ..ဆရာကြီးရယ် လိုက်မှာမဟုတ်ပါဘူး..နေပါစေတော့ ..မနက်ဖြန်မှပဲ ရွှေရည်သွားပေးစရာရှိတာပေးရင်းပြောတော့မယ်လေ“
“အင်း ဟုတ်ပါတယ် ဆရာကြိးသိပါတယ်..ဆွမ်းခံလာတာ နှစ်မနည်းပါဘူး..သူတို့အိမ်အကြောင်းဆရာကြိးသိပါတယ်လေ“
“ကဲပါ ဆရာကြီးရယ် ...ရွှေရည်တို့လုပ်စရာရှိတာလုပ်ကြရအောင်ပါဘုရား“
“ အေးကွယ်“

နောက်သုံးရက်....
အမေမြိုင်ကိုကောင်းမွန်စွာသဂြိုလ်ခဲ့ကြပါသည်။နောက်တနေ့ ကျမသူ့သမီးအိမ်သို့ထွက်ခဲ့ပါသည်။အိမ်ပေါက်ဝမှ အသံပြုလျက်..
“အိမ်ရှင်တို့...ရှိပါသလားရှင့်“
“ဘာလဲကွ..ဘာကိစ္စတုန်း“ အသံကမာကြောစွာနဲ့ အခန်းထဲမှ အရင်ပြေးထွက်လာခဲ့ပါသည်။ အရက်သမားတယောက်၏လေသံပင်ဖြစ်ပါလိမ့်မည်။
“အော်..ဘယ်သူတုန်း“ “ကျမ တောကျောင်းရိပ်သာကပါ.ရှင့်“ “ဟာ..ဘာပြသနာလာရှာပြန်ပြီလဲမသိ..ဟေ့ မိသန်းမေ လာစမ်း..ဒီမှာလာရှင်း“
ပြောပြောဆိုဆို အိမ်ပေါ်မှဆင်းသွားပါတော့သည်။ အခန်းနောက်မှ မသန်းမေက ထွက်လာပြီး
“ပြောပါအုံး..ဘာဖြစ်ပြန်ပြီလဲ“ ကျမမဆိုင်းမတွပြောချလိုက်ပါသည်။ “ အဖွားမြိုင်ဆုံးသွားပြီ အမ“ “အော်“ လေသံကသိပ်မထူးဆန်းသလိုပါ။
“အဲဒါ...”
“နေပါအုန်း ငါတို့ကဘာလုပ်ရမှာလဲ ..နင်တို့ကိုအားကိုးလို့အဲမှာနေပြီပဲ..နင်တို့တာဝန်ယူပေါ့“
“ရှင်“ ကျမစိတ်ထဲ အတော်ကိုစိတ်ဆိုးလာမိပါပြီ။ ဒါပေမဲ့စိတ်ကိုထိမ်းရင်း “သိပါတယ်အမ..ကျမတို့အားလုံးလုပ်ပြိးပါပြီ..အခုလာတာက..“
ကျမပြောပြောဆိုဆို အိပ်ထဲမှ အ၀တ်စုတ်လေးထုပ်ပြီး ရှေ့ကခုံတန်းပေါ်တင်လိုက်ပါတယ်။
“အဲဒါလေးကို..အဖွားကပေးခိုင်းလိုက်တာပါ“  မျက်နာအနည်းငယ်ပြောင်းလျက် အ၀တ်ကလေးကိုကောက်ယူလိုက်ပါတယ်.။
“အော်..ထင်တော့ထင်သား.. ဒီနားကပ်ရှိသေးမှာပါလို့..မရှိတော့ဘူးလို့လုံးဝငြင်းတာ..ဟွန်း“
ဘုရား..ကျမဘုရားတမိပါတော့သည်။ သေသွားသည့်အမေကိုတောင် အမွေအကုန်မပေးသောကြောင့် လိုက်ရန်ထောင်မည့်ပုံပါလားလေ။
“ကျမ ပြန်တော့မယ် အမ“  “အော်..အင်း ပိုက်ဆံလေးတစ်ထောင်လောက်ယူသွားပါလား ကုသိုလ်ပေါ့“.တဲ့
ကျမအတော်တုန်လှုပ်မိပါတယ်။ အမေအတွက်ကုသိုလ်ပေါ့တဲ့ ပြောမှပြောရက်လိုက်တာလို့ ကျမစိတ်ထဲမှာတော်တော်ခံရခက်လာပါတော့တယ်။
“တော်ပါပြီ အမ ..ကျမတို့အားလုံးလုပ်ပေးပြီးပါပြီ“
“ဒါဆိုလဲ ..ပြီးတာပဲလေ“
ဟုတ်ပါတယ်။ တကယ်ကိုပြီးတာပါပဲလေ ကျမချက်ချင်းထထွက်ခဲ့တယ်။
ကြာကြာနေရင် တောကျောင်းကယောဂီတယောက်လူရိုက်မှုနဲ့ ပြသနာတက် နိုင်တယ်လေ။
ကျမ တောကျောင်းလေးကိုပြန်ရောက်တော့ မကျေမနပ်နဲ့ ဆရာကြိးကိုပြောမိလိုက်ပါတော့တယ်။
“ဆရာကြီး ရယ် တပည့်တော်လေ တော်တော်ခံပြင်းလိုက်တာ“
“တကာမလေး သူ့အကုသိုလ်ကို ၀ယ်မယူနဲ့လေ..စိတ်ထဲမှာမထားနဲ့ ဖြစ်ပျက် ရှုလိုက်လေ..ခုနကကြားတာပြီးသွားပြီလေ“
“တင်ပါ့ဘုရား.“ စိတ်ထဲတော့ အောင့်သက်သက်ဖြစ်လျက်ပေါ့။ ဆက်ပြီးဆရာကြီးက ..
“တကာမလေး..အဖွားမြိုင်က အပျိုကြီးလေ“
“ရှင်“
 “ဟုတ်တယ် တကာမလေး သူ့သမီးကမွေးစားတာ.အဖွားမြိုင်က တဥိးတည်းသမီး အမေကမီးတွင်းဆုံးပြီးအဖေကဆိုင်းတီးဆရာ အဖေနဲ့နေလာရာက ပွဲဈေးတန်းဈေးရောင်း တခါအဖေကဆိုင်းမတီးနိုင်တော့ ပန်းတွေရောင်း
ရာသီစာသီးနှံတွေရောင်းပြီး နေလာကြတယ်လေအပျိုပေါက်ရောက်တဲ့အချိန် ပန်းတွေကိုပဲ ရောင်းပြိးသားအဖနေရာက အဖေကဆုံးပြန်တယ်..သိပ်မကြာပါဘူး တနေ့ မနက်အစေ ပန်းရောင်းထွက်တော့ ရပ်ကွက်တခုရဲ့ မီးကင်းတဲ
ပေါ်က ကလေးတယောက်ကို မွေးစားဖို့ခေါ်လာခဲ့တော့တာပေါ့..သူ့ဘ၀ကိုအဲဒီခလေးအတွက် ပုံအောလိုက်တာပေါ့ကွယ်.
.နောက်အတော်ကြီးမှ မွေးစားတာသိသွားတာတဲ့..အိမ်ထောင်ကျပြီးမှထင်ပါရဲ့ကွယ်..အဲဒီကတဲကအဆင်မပြေတော့တာပဲ လို့သိရပါတယ်....
အင်းးး..ခလေးမလေးက ဗီဇဆိုးရှာတယ်ထင်ပါရဲ့ကွယ်...ကဲပါတော်ပါတော့ မရွှေရည်ရယ် ပြီးပြီးသားတွေပြီးပါစေတော့..
ဟော..တရားမောင်းခေါက်ပြီ..တရားသွားတက်ကြပါစို့ကွယ်...“   ပြောပြီးရှေ့မှ ထွက်ခွာသွားပါတော့တယ်။
ကျမမှာတော့ အဖွားမြိုင်ပြောပြဖူးတဲ့ စကားတွေကိုပြန်ကြားယောင်မိနေပါတယ်..............
“မြေးရွှေရည်..ကျုပ် သမီးလေးကသိပ်ချစ်ဖို့ကောင်းတယ်ကွယ့်..ခနခနလဲ ချူချာတယ်..ကျုပ်ဆို ဆရာဝန်ကို လပေးနဲ့တောင်ကုရတာ
တခါများဆိုရင် ၀က်သက်တွေပေါက်တာလေ အရည်ပူလုံးတွေထွက်တာ မျက်စိတွေရော တကိုယ်လုံးပဲလေ.. အဲဒါ မျက်စိကန်းမှာစိုးလို့ လျှာနဲလျှက်ပေးရတယ်ဆိုလို့ တညလုံးထိုင်လျှက်ပေးတာ အရည်ပူပေါက်တာတောင်မသိလိုက်ဘူး ဟီး..“ ..တဲ့
အော်..ချစ်လိုက်ပါသော အဖွားမြိုင်...
ဒါတောင် မွေးစားသမီးတဲ့...
ကျမစဉ်းစားမိပါတယ်..သားသမီးကိုချစ်ကြတဲ့ အမေတွေ ..မိခင်အရင်းဖြစ်စေ.. မွေးစားတာပဲဖြစ်ပါစေ
 မိခင်စိတ်ဆိုတဲ့ မေတ္တာတရားတွေ ၀င်လာပြီဆိုရင် အကုန်အတူတူပါပဲလားလို့.....
ပြန်ရသည်ဖြစ်စေ မရသည်ဖြစ်စေ..ပေးဆပ်နိုင်သလောက်ပေးဆပ်ကြတာလဲ အကုန်အတူတူပါပဲလားနော်...
ဒါကြောင့် လူဘ၀ လူလောကမှာ အမေကျေးဇူး သိဘူးဆပ်ဘူးသူတွေ ဘယ်လောက်များနေသလဲ..........................
အမေတွေ ကျေးဇူး မသိဘူး မဆပ်ဘူးသူတွေရော ဘယ်လောက်များနေသလဲ..................
ဘာပဲဖြစ်ဖြစ်ပါ ကျမတို့တတွေမှာ အမေရှိပါတယ်...အမေကျေးဇူးရှိပါတယ်..အမေက ကျမတို့ကိုချစ်ခဲ့ပါတယ်..အမြဲလဲချစ်နေမှာပါ....
          အမြဲလဲပေးဆပ်နေကြမှာပါ...အမြဲလဲလွမ်းနေကြမှာပါ..အမြဲလဲကျမတို့အတွက်........
           
  ((စံလွန်းတင်)))                                    ဆက်လက်ကြိုးစားပါမည်။
                                                            ရွှေပန်းချီ (၂၆.၁.၁၃)။ ၁၂း၀၀
(အထက်ပါစာအား ရွှေပန်းချီခရီးတနေရာမှ လူကြုံဖြင့်တင်ပြရခြင်းဖြစ်ပါသဖြင့် ပြာသိုလပြည့်နေ့အမှီတင်ပြနိုင်ခြင်းမရှိသည့်အတွက် အနုအညွတ်တောင်းပန်အပ်ပါသည်..ရှင့်။)

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>