ဟူး...."""" .သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်မိတယ်
အော်..... ဘာလိုလိုနဲ့ အောက်တိုဘာလကိုးရက်နေ့တောင် ရောက်လာပြီပဲ...... မနက်ဖြန် ဆယ်ရက်နေ့ ....
ကျွန်ုပ်အကြောက်ဆုံးနေ့ရက် ဒီနေ့ဒီရက်ကိုရောက်မလာဖို့တိုးတိတ်တိတ်ဆုတောင်းခဲ့ရတာလည်းအခါခါပါ...
မနက်ဖြန်ဆိုရင် သူတို့သွားကြတော့မယ်. .... သူတို့တွေ ကျွန်ုပ်ကို တစ်ဦးတည်းထားရစ်ခဲ့ကြတော့မယ်..
ဒီအကြောင်းတွေတွေးလေတွေးလေ ...နှလုံးရဲ့လှိုက်ခုန်သံတွေဘဝင်မှာတလိပ်လိပ်နဲ့ လာလာဟပ်နေတယ်
ကျွုန်ုပ်ရင်ထဲက ပဲ့တင်သံတွေကိုဘယ်သူမှမသိအောင်နေခဲ့ရတာလဲ ပင်ပန်းလှပါတယ်လေ.........
မနက်ခင်း လမ်းလျှောက်ရတာလည်းအရင်နေ့တွေကလိုလန်းဆန်းတက်ကြွမှုမရှိလှ.. အတွေးတွေကနိုပ်စက်လွန်းလှသည်..
အိမ်ထဲကိုပြန်ဝင်ချိန်မှာတော့ အခန်းကြီးတစ်ခုလုံးလည်း ရှင်းလင်းလို့ ပါလား .ဟိုတုန်းကဆိုရင်မြေးမလေးတွေရဲ့
ပစ္စည်းတွေတဲ့တင် ပြည့်နေတတ်တာ ခုတော့... ဘာပစ္စည်းမှတောင် သိပ်မကျန်ဘူး ။
ပြောင်ရှင်းလုနီးပါး ဖြစ်နေတဲ့ သမီးတို့ အခန်းကိုကြည့်ရင်း..........
တလှိုက်လှိုက်တက်လာတဲ့ ဝမ်းနည်းမူတို့ကို အားတင်းထိန်းရင်း လူကြီးတန်မဲ့မျက်ရည်မလည်မိအောင် ထိန်းထားခဲ့ရတယ်..........
ဒီသမီးတွေသားတွေနဲ့ လက်ကျန်နေ့ရက်လေးတွေကိုပျော်ပျော်ရွှင်ရွှင်နေသွားတော့မယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ခွဲရအုံးမယ့်
အကျိုးတရားကရှိနေနှင့်ပြီ ဆိုတာသိပေမယ့်လည်း ကျွန်ုပ်စိတ်တွေကိုနိုင်အောင်ထိမ်းရခက်နေတယ်..........။။။
""""" ဟယ် အဖေတောင် လမ်းလျှောက်တာပြန်လာပြီလား .... သမီးတို့လည်း ပစ္စည်းတွေ ရှင်းလင်းနေတာ
ပြီးကို မပြီးနိုင်တော့ဘူး အဖေရယ် မနက်ဖြန်ပဲ သွားရတော့မယ်လေ........ ပေးသင့်တာပေး လှူသင့်တာလှူ
ချန်သင့်တာချန်ခဲ့ရမှာဆိုတော့ ဒီနေ့ကတည်းကအပြတ်ဖြတ်လိုက်တာလေ ....... အို ' ဒါနဲ့ အဖေနေကောင်းရဲ့လား
မျက်နှာလည်းမကောင်းပါလား.အဖေ......."""
""""""" အဖေနေကောင်းပါတယ်သမီးရေ.....သမီးတို့အဆင်ပြေအောင်လုပ်ပါ အဖေ့အတွက်မပူပါနဲ့.......""""
အမြဲအရိပ်တကြည့်ကြည့်နေတတ်တဲ့ သမီးကို အားတင်းပြုံးပြရင်း အပေါ်ထပ်ကိုတက်လာခဲ့ရတယ်
သမီးရှေ့ကြာကြာဟန်ဆောင်နေနိုင်မှာမဟုတ်.... ကိုယ်ကအသက်ကြီးပြီဆိုတော့လည်း သူတို့ရှေ့ လိုအပ်တာလောက်သာပြောတာကောင်းတယ်
မြင်သမျှသိသမျှရင်ထဲခံစားရသမျှပြောနေရင် လည်းမကောင်းလှ သင်္ခါရဘဘောတရားကို နားလည်သင့်သလောက်နားလည်ပေမယ့် လည်း
အသက်အရွယ်ကြီးလာသည်နဲ့အမျှ ကျွန်ုပ်ဟာအထီးကျန်ရမှာပိုပြီးတွေးကြောက်လာမိတယ်......
""""" ဟော....အဘိုး ပြန်လာပြီလား မြေးတို့က အဘိုးကို ကန့်တော့ဖို့ စောင့်နေတာ အဘိုးရဲ့......
အဘိုးကို ကန့်တော့ဖို့ဆိုပြီး မြေးက ဖေဖေပေးတဲ့ပိုက်ဆံတွေကို စုဘူးနဲ့ ထည့်ပြီးစုထားတယ်လေ.....
အဘိုးမြေးကို ဆုပေးရမယ်နော် """""""
""" ဆုပေးရမှာပေါ့ငါ့မြေးရယ် ဖြစ်နိုင်ရင် အဘိုးဘဝမှာ ရှိသမျှ အရာရာတွေကို ငါ့မြေးလေးကိုပေးခဲ့ချင်တယ် အဘိုးအမြဲပြောခဲ့သလို
အောင်မြင်အောင်ကြိုးစားနှော် အဘိုးမရောက်ခဲ့တဲ့ ပန်းတိုင်ကို ငါ့မြေးလေးရောက်အောင်ချီတက် မိန်းကလေးဆိုပြီးအားမငယ်နဲ့
အသိပညာ အတတ်ပညာနဲ့ခရီးဆက်တဲ့ အောင်မြင်မူခရီးမှာ ယောက်ျားမိန်းမ အသွင်သဏ္ဍာန်ကွာခြားတာတွေကအဓိကမဟုတ်ဘူး
စိတ်ဓါတ်ခွန်အားကြီးမားမှ အောင်မြင်မူဆီရောက်မှာ အဘိုးရောက်ခဲ့တဲ့ အသိတွေရှိရာလောက်ကိုငါ့မြေးတို့ကို ပေးခဲ့ပြီးပြီ
တက်လှမ်းနိုင်အောင်ကြိုးစားသွားနှော်................""""""
အပေါ်ထပ်ဘုရားခန်းလေးကဆီးကြိုပြီးပြောလာတဲ့ မြေးမကိုကြည့်ပြီး ကျွန်ပ်ရင်ထဲမှာ
ဝမ်းနည်းသွားမိတယ်........ သိပ်ချစ်တဲ့မြေးမလေး ငယ်ငယ်လေးကတည်ကသိပ်လိမ်မာတဲ့သူလေးပါ
မိဖတွေအပေါ်မှာသိတတ်တယ် ကျွန်ုပ်ဘဝအတွက်လည်း အနီးဆုံးတိုးတိုးဖော်ရင်ဖွင့်ဖေါ်ဆိုလျှင်မမှား ကျွန်ုပ်မှာရင်ဖွင့်စရာတွေ
ရှိတိုင်းဒီမြေးလေးကိုပဲ ရင်ဖွင့်ခဲ့ရတာပါမြေးလေးကအသက်နှစ်ဆယ်ပြည့်တော့မယ် ....ခုသူလည်းကျွန်ုပ်ကိုထားပြီးဟိုး အဝေးကြီးကို ထွက်သွားကြတော့မယ်လေ......................။။
လက်အုပ်လေးတွေချီပြီး ထိခြင်းငါးပါးနဲ့ ကန့်တော့နေကြတဲ့
သူတို့မိသားစုကို ကြည့်ပြီး ခွဲခွာရတော့မှာပါလား ..............ဆိုတဲ့ အသိနဲ့
ရင်ထဲမှာ ၀မ်းနည်းဝမ်းသာနဲ့ ခံစားနေရတယ်......ကန့်တော့လည်းပြီးရော
"" ဆုပေးဦးလေ ဘိုးဘိုးရဲ့ """""
ဟူသော မြေးမရဲ့ အသံကြောင့် အသိဝင်လာပြီးမှ အော် ဟုတ်သားဆိုပြီး
" ငါ့မြေးတို့မိသားစု ကျန်းမာပါစေ ချမ်းသာပါစေ
သွားလေရာ ခရီးတစ်လျှောက်မှာ ခလုတ်မထိဆူးမညှိပါစေနဲ့
ရောက်လေရာ အရပ်မှာ လူချစ်လူခင်ပေါများပါစေ ကွယ် "
ဆိုပြီး ဆုပေးလိုက်ရတယ် လူငယ်ဆိုတော့လည်းနေရာသစ် အတွေ့အကြုံသစ်တွေအတွက်တွေးပြီးပျော်နေကြမှာပေါ့လေ....
သားကတော့ ပြောပါတယ်
'"""" အဖေရယ် နောက်တော့ သားတို့ လှမ်းခေါ်မှာပေါ့ """
"""" အော်............... ငါ့သားရယ် ခေါ်မယ်ဆိုတာတော့ အဖေလည်းသိတာပေါ့ သားရယ်
တစ်ခါတည်းလိုက်လို့ မရလို့ မခေါ်သွားတာကို အဖေနားလည်ပါတယ်လေ.......မင်းတို့လည်း
သားသမီးတွေ ပညာရေးကြောင့် သွားရတာပဲလေ အဖေ့အတွက် ဘာမှစိတ်ပူမနေနဲ့
အဖေက ကျန်းမာရေးလည်း ကောင်းတယ် အသက်လည်းသိပ်မကြီးသေးဘူး
စိတ်ဖြောင့်ဖြောင့်သာသွား ငါ့သားတို့ .'""""
ပြောမယ့်သာပြောနေပေမဲ့လည်း အမှန်တော့ ဘယ်သွားစေချင်ပါ့မလဲလေ ဒီမိသားစုနဲ့ အတူနေလာတာ ကြာခဲ့ပြီ
မြေးလေးတစ်သက်ပေါ့ မမြင်ရတဲ့ သံယောဇဉ်ဆိုတာ အထပ်ထပ်နှောင်ဖွဲ့လို့ မေတ္တာတွေလှုံခြုံတဲ့ကျွန်ုပ်ရဲ့အိမ်လေးမှာ
တိတ်ဆိတ်ခြင်းတွေကတစ်ဖန်နေရာယူလာတော့မယ်....
ဟူးးးး.... မနက်ဖြန်ဆိုတာကြီးကို ရောက်ကို မရောက်စေချင်တော့ပါဘူးလေ .........
တွေးရင်းနဲ့တောင် ရင်ထဲမောတယ် .....မနက်ဖြန်ဆိုရင် ငါတစ်ယောက်တည်း ကျန်ခဲ့တော့မှာပါလားဆိုတဲ့
အသိနဲ့ စိတ်ထဲမှာဝမ်းနည်းမိတယ် ... အင်း..........ထွက်ခွာသွားတဲ့ သူနဲ့ ကျန်ရစ်ခဲ့တဲ့သူမှာ
ကျန်ခဲ့သူက ပိုပြီးခံစားရတာ ဓမ္မတာပါပဲလေ .......... သူတို့လေးတွေ ရေခြားမြေခြားမှာ
အဆင်ပြေနေရင်ပဲ ကျေနပ်ရမှာပေါ့ စိတ်ထဲမှာ အဲလိုလေး ဖြေသိမ့်တွေးထားလိုက်မိတော့တယ်..........
အိမ်က မိသားးစုတွေအိပ်သွားတာတောင် ကျွန်ုပ် အိပ်မပျော်နိုင်သေးဘူး တရားထိုင်ကြည့်တယ် မဖြစ် ပုတီးစိတ်ကြည့်တယ်မရ
အောက်ထပ်ဆင်းလိုက်အပေါ်ထပ်တက်လိုက်နဲ့ ဟိုတွေးဒီတွေးနဲ့ အတွေးတွေနဲ့ နယ်ချဲ့လို့ အတွေးကမ္ဘာထဲမှာ တစ်ဝဲ၀ဲ
တစ်လည်လည်နဲ့ အိပ်ယာထဲမှာ ဘယ်ပြန်ညာပြန် လူးလိမ့်ရင်း ကြောင်နေတဲ့မျက်စိကို အတင်းပွတ်သတ် ဇွတ်မှိတ်ပြီး
အိပ်ခိုင်းနေရတယ် ..... ဒီလိုနဲ့ တစ်ချက်တီး လောက်မှပဲ အိပ်ပျော်သွားခဲ့တယ်လေ...........။။
"""" အဘိုး.... အဘိုး..... ထ..ထ မိုးလင်းနေပြီ """"
ဟူသော မြေးမလေးရဲ့ နှိုးသံကြောင့် မိုးတောင်လင်းပြီ ဟု
နှုတ်မှ ရေရွတ်ရင်း မျက်စိပွတ်သတ် ကြည့်လိုက်တော့ မြေးမလေးက အ၀တ်အစားသစ်တွေနဲ့
ပြုံးကြည့်ရင်း
" ဘိုးဘိုး ကြည့်ပေးပါဦး ဘိုးဘိုးရဲ့ မြေးမလေးကို မြေးလှရဲ့လား"
""""" အင်းအင်း ငါ့မြေးက အရမ်းကို လှပါတယ် ငါ့မြေးရယ် """
အသံမတုန်အောင် ထိန်းရင်း ပြောလိုက်ရတယ် မြေးလေးနဲ့ခွဲရတော့မှာပါလား.......
တိတ်တိတ်ဆိတ်ဆိတ် အတွေးကိုယ်စီနဲ့စားသောက်ပြီးတော့ သားကလာပြောတယ်...
"""" အဖေသားတို့ သွားတော့မယ် လေဆိပ်ကို လိုက်ဦးမှာလား """"
""""" အာ....... တော်ပါပြီ ငါ့သားရယ်။ အဖေလိုက်မပို့တော့ပါဘူးကွယ် အဖေလေဆိပ်လို
နေရာမျိုးထိ လိုက်ပို့ဖို့ အင်အားမရှိလို့ပါ ငါ့သားရယ်....""""
""""" အဖေရယ် အဖေ့သဘောပါ ကျွန်တော်တို့လည်း အဖေနဲ့မခွဲချင်ပါဘူး
ကလေး ရဲ့ ပညာရေးကြောင့်သာ သွားရတာပါ။သားကတိပေးပါတယ် အဖေရယ် .....
သားတို့ အဆင်ပြေတာနဲ့ အဖေကို လာခေါ်မှာပါ။ အဖေဆက်ဆက်စောင့်နေနော် ခဏလေးပဲသည်းခံပေး ပါ....
သားတို့ မိသားစုတွေ ပြန်ဆုံကြတာပေါ့ """
" အေးပါ ငါ့သားရယ် အဖေ အဲဒီနေ့ကို ဆက်ဆက်စောင့်နေပါမယ် .....
မင်းတို့မိသားစုနဲ့ ပြန်ဆုံဖို့ကို """
အသံတွေတုန်နေတာကို ထိန်းရင်း သားကို ပြန်ပြောလိုက်မိတယ်.........။
""" အဖေ """
ဟု သမီးရဲ့ ခေါ်သံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့
အဖေသုံးဖို့ပါ ဟု သမီးက ငွေတစ်ထပ်ကိုကမ်းပေးလာတယ် ငွေတစ်ထပ်ကိုကြည့်ရင်း
သူတို့မျက်နှာတွေကို တစ်လှည့်စီကျွန်ုပ်ကြည့်မိတယ် ထိန်းထားသည့်ကြားက သတိမထားမိခင်လိမ့်ဆင်းသွားတဲ့
ကျွန်ုပ်ရဲ့မျက်ရည်တစ်စက်နဲ့အတူ မမျှော်လင့်ပဲ စကားလုံးတွေလည်းလွတ်ခနဲထွက်သွားတယ်...........
" အဖေအတွက်က ဒါတွေမလိုအပ်ပါဘူးကွာ ငါ့သား ငါ့သမီး ငါ့မြေးတွေနဲ့ အတူတူနေခွင့်ရင်ပဲ
အဖေကျေနပ်လှပါပြီ ကွယ်"
သမီးက လက်ထဲငွေထည့်ပြီး တာနဲ့ ပစ္စည်းတွေထုပ်ပိုးပြင်ဆင်ကြပြီး သွားကြရန်အလုပ်ရှုပ်ကြတော့တယ်
ခုံလေးမှာထိုင်ရင်း သူတို့ကိုငေးကြည့်နေမိတယ် ကမ္ဘာတစ်ဖက်ခြမ်းထိခရီးဆက်ကြမယ့် သူတို့တွေအတွက်
မေတ္တာပို့ဆုတောင်းပေးနေယုံကလွဲလို့ ဘာများတတ်နိုင်မှာလဲလေ.....
"""" သမီးတို့သွားတော့မယ်နော်
အဖေ ကျန်းမာရေးဂရုစိုက်နော် သမီးတို့ကို စိတ်ပူမနေနဲ့ """"
" အဖေ သားသွားပြီနော် အဖေ ကျန်းမာရေးကိုဂရုစိုက်ပါ သားတို့ဖုန်းမှန်မှန်ဆက်ပါ့မယ်..."""
'""" ဘိုးဘိုးကြီးရေ မြေးတို့သွားတော့မယ်နှော် ."
""" အေးအေးမြေးလေး လိမ်လိမ်မာမာနေနှော် ကြိုးစားသိလား """
" ဟုတ် ဘိုးဘိုး မြေးကြိုးစားမှာပါ ""
မြေးမလေးကကျနော့ဘေးမှာခဏလေးဝင်ထိုင်ပြီး ကျန်ုပ် ပုခုံးကိုသူ့ခေါင်းလေးနဲ့ တိုးဝှေ့လာခဲ့တယ်
အရေးအစင်းကြောင်းတွေများနေတဲ့လက်တစ်ဖက်.... မြေးလေးရဲ့ခေါင်းထက်မှာ ဆုတောင်းခြင်းအလင်္ကာတေးတွေ
အသံတိတ်သီဆိုနေခဲ့တော့တယ်.....
သိပ်ချစ်တဲ့မြေးလေး ..သိပ်လိမ္မာတဲ့မြေးလေးနဲ့ဝေးရတော့မယ်ဆိုတဲ့အသိကရင်တစ်ခုလုံးကိုမွှေနှောက်ထားခဲ့ပါပြီလေ.....
လက်ပြနှုတ်ဆက်နေသော သူတို့ကို ကြည့်ရင်း မျက်ရည်တွေတောင် ၀ဲလာတယ်။
ဝူး..........ဆိုပြီး ကားထွက်သံကြားမှ အသိပြန်ဝင်လာပြီး လက်ထဲရှိတဲ့ ငွေတစ်ထပ်ကို ကြည့်ရင်း
အဖေဒီငွေတွေ ဘာလုပ်ရမှာလဲကွာ ဟုသာ အထပ်ထပ်ညည်းမိပါတော့တယ်.......
အင်း..............လူတိုင်းဟာ တွေ့ဆုံကြုံကွဲ ဓမ္မတာပါပဲလေ
ရေစက်ပါရင် တွေ့ဖို့အခြေအနေပေးရင်တော့ ပြန်ဆုံကြရဦးမှာပေါ့လို့ စိတ်ထဲတွေးပြီးပြတင်းပေါက်လေးကတစ်ဆင့်
သူတို့လေးတွေကို သယ်ဆောင်သွားတဲ့ ကားလေးကိုကြည့်ရင်း လွတ်လပ်စွာစီးဆင်းလာတဲ့မျက်ရည်စတွေကို
သုတ်ဖယ်ရင်း ဆုတောင်းနေမိတော့တယ်.......
မိသားစုတွေ ပြန်လည်ဆုံစည်းမယ့် နေ့ကိုသာ စောင့်မျှော်နေရဦးမှာပေါ့လေ.........။။။။။။။။။။။။။
ဆက်လက်ကြိုးစားရေးသားပါဦးမည်။
မှတ်ချက်။ ။ပထမဆုံးရေးသားတဲ့ ၀ထ္ထုတိုလေးဖြစ်လို့ အားနည်းချက်လေးတွေကို ဝေဖန်ပေးကြပါဦးနော်
ကူညီပြီး အကြံပြုပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။