ဒီနေ့....နေ့လယ်က အနော်နဲ့တစ်ချိန်က လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ဖူးတဲ့ ကိုဇော်ကြီး ဆိုသူနဲ့ အနော်နဲ့ထမင်းဆိုင်မှာတွေ့တယ်.....တစ်ယောက်နဲ့တစ်ယောက်သိဟောင်းကျွမ်းဟောင်းတွေဆိုတော့ တ၇င်းတနှီး နောက်ဟယ် ပြောင်ဟယ် နှုတ်ဆက်ရယ်ပေါ့ဗျာ.....
“ဟ ကိုဇော်ကြီးတို့ပဲဗျာ...သူများတွေခေတ်ပျက်ပီး အလုပ်အကိုင်မကောင်ဖြစ်နေချိန်မှာတောင် စုမိဆောင်းမိဗျာ....ကလေးတွေ မိန်းမတွေနဲ့..ဟဲဟဲ..”.လို့အနော်ကတစ်ရင်းတစ်နှီးစနောက်မိပါတယ်.....
တိုဇော်ကြီးဆိုတာ.....ပြင်ဦးလွင်ဘက်ကနေ ရှမ်းမြောက်တစ်ကြောအရမ်းနာမည်းကြီးခဲ့တဲံ့သိန္နီမြို့နားက ရေပူဂိတ် (ခုတော့ဖြုတ်ပစ်လိုက်လို့မရှိတော့ပါဘူး)ဘေးနာကရွာလေးမှာ
ရေကြည်ရာမြက်နုရာအဖြစ်လာရောက်လုပ်ကိုင်ရင်း မနှစ်က အဲ့ရွာသူလေးနဲ့အိမ်ထောင်ကျလို့ သမီးလေးတစ်ယောက်ရထားသူပါ......
“ဟာကွာ ဘယ်ကလာစုမိဆောင်မိရမှာလဲကွာ....မိန်မနဲ့ကလေးနဲ့ဖြစ်လာပါတယ်ဆိုမှ ဂိတ်ကပျက်.....အလုပ်တွေကမကောင်း နဲ့ ရွာလည်နေပါပီကွာ.....ဘာလုပ်လို့ဘာကိုင်ရမှန်းကိုမသိတော့ပါဘူးးးးးးးးးးတစ်ခြား လုပ်ဖို့ဆိုတာကလည်း တော်တန်ရုံအ၇င်းနှီနဲ့ကလည်း ၀င်ဆံ့ဖို့ဆိုတာမလွူယ်ဘူးးမှတ်လား....”
“ဟားးးးးးးးးးးးးးကိုဇော်ကြီးကလည်းဗျာ....ခင်ညားကို ကျနော်ကတောင်အားကျမလို့ဟာ...
ဟားးးးးးးးးးးးးးးးခင်ညားကပဲအရင်ညည်းရတယ်ရှိသေး......”..လို့အနော်ကထုံးစံအတိုင်း ပြန်ပြောမိပါတယ်....ဟုတ်ပါတယ် ခုချိန်မှာက သူသူကိုယ်ကိုယ်အလုပ်အကိုင်က သိပ်မကောင်းတဲံ့အချိန် ရှိတာလေးကိုပဲမှေးပီးလုပ်နေရတာဆိုတော့...
အလုပ်တွေကလည်း လုပ်ချင်လို့ကတော့ အကြွေးဆိုလာထား....ကိုယ်ပိုင်ရောင်းဝယ်တစ်ခုလောက်လုပ်ချင်ရင်.....
အနည်းဆုံး..နှစ်ရင်းစာလာက်အနည်းဆုံးရှိမှ......
.ပီးရင်ငွေခေါင်းကွဲတဲ့ဒါဏ်ကို တော်တော်လေးခံနိုင်ရည်ရှိဦမှ......
အကြွေးယူတော့ပြုံးပြုံး..တောင်းတာ့မုန်းဆိုသလို..ကိုယ့်ပိုက်ဆံနဲ့ကိုယ်
သူတောင်စားဖြစ်ခဲ့ရပေါင်းလည်း အကြိမ်ကြီမ်ဆိုတော့.....ဘယ်လောက် စိတ်ချယုံကြည်ရပါတယ်ဆိုတဲ့ လူတောင် အနည်းဆုံးအကြွေးလေးချပေးမှ.......ဒီတော့လည်းတော်တန့်၇ုံအရင်းနှီသာရှိတဲ့ တစ်ပိုင်တစ်နိုင်သမားတွေညည်းပီပေါ့ဗျာ...
ဒီမှာသူကထပ်ပြောပါတယ်......
“အေးကွာ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် စဉ်းစားရကျပ်လိုက်တာကွာ.....လူတွေကလည်း လမ်းကြောကလည်းအရမ်းပွင့်သွားတော့ သူလည်းပေါ်ပင် ကိုယ်လည်းပေါ်ပင်တွေချည်းလိုက်လုပ်နေကြတာ..ငါတို့အရင်ကတည်းကလုပ်နေသူတွေပါ ဂွင်တွေပျောက်ကုန်ပီကွာ..ပီးတော့နိုင်ငံရေးပေါ်လစီတွေကလည်း ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့...သူတို့တစ်ခါပြောင်းလိုက်တိုင်း ငါတို့မှာ...ဆုပ်ဆူး စားရူးကြီးကိုဖြစ်ဖြစ်သွားတာပဲကွာ....ဟိုတစ်ခါ ကားစလစ်ကိစ္စမှာ ..ကိုလည်း တော်တော်ထိသွားတယ်ကွာ...တစ်ခါတစ်လေ..ရူးတောင်ရူးသွားချင်တယ်..
အင်းးးးးးးးးးးးးးးးးစားဝတ်နေရေးအတွက်.....ဓါးမြပဲထွက်တိုက်လိုက်ရမလား.....ရိုက်ပဲလုလိုက်ရမလား...
ဟိုဟာဒီဟာတွေပဲမှောင်ခိုကူလိုက်ရမလားးးးးးးးးးးပဲ”
““ဟားးးးးးးးးးးးကိုဇော်ကြီးကတော့ ပြောရော့မယ်ဗျာ...အဲ့လောက်တောင်မှ ခံစားချက်တွေကြီးနေပီလားဗျ””.လို့အနော်က ရီရီမောမောလေးပြောမိပါတယ်...အဲ့မှာသူပြန်ပြောလိုက်တဲ့ စကားလုံး လေယူလေသိမ်းနဲ့...သူ့ရဲ့မျက်လုံးကို အနော်ပေါင်းခြုံကြည့်လိုက်မိလို့...သူရင်ထဲကို အနော်နားလည်လိုက်ပါတယ်...
“ငါညီ ...ပိုင်စိုး...မင်းကမသိလို့ကွ....ကိုယ်ငတ်နေတာက ရေသောက်ဗိုက်မှောက်ပီးနေလို့ရတယ်...
မိန်မနဲ့ကလေးနဲ့ငတ်နေတာကိုတော့
ငါဘယ်လိုမှကြည့် မနေနိုင်ဘူးကွာ.....မိန်မနဲ့ကလေး ငတ်ပီဆိုရင် တစ်ခါတစ်လေ ငါ့ရင်ထဲမှာဘယ်လိုမှမခံစားနိုင်ဘူး..ဓါးမြပဲထွက်တိုက် ပစ်ချင်တာလိုလို....................................
အင်း...ကွာ...ငါဘယ်လိုပြောရမလဲ...ငါလိုခံစားချက်မျိုးကို ငါ့ညီလည်း ကိုယ့်လို အိမ်ထောင်ရှင် တစ်ယောက်ဖြစ်လာပီး ကလေးအဖေဖြစ်လာတဲ့တစ်နေ့ကျမှ နားလည်းလာလိမ့်မယ်....မင်းသိလာလိမ့်မယ်ကွာ.....
ငါ့ညီ....ပိုင်စိုးရေ....ကိုယ်ဒီနေ့အောက်တစ်ခါတည်းပြန်ဆင်ရမှာမို့ သွားတော့မယ်ကွာ...”
ဆိုပီးပြောကာ ထွက်သွားပါတယ်......အနော် သူ့နောက်ကျော ပြင်ကို ငေးကြည့်နေလိုက်မိပါတယ်.....
အနော့်ရဲံ့မျက်လုံးထဲမှာတော့ ရီဝေေ၀ဖြစ်သွားတဲ့သူ့ရဲ့မျက်လုံး နဲ့သူ့ရဲ့စကားပြောဟန်....
အနော့်ရဲ့နားထဲမှာတော့ သူ့ရဲ့လေယူလေသိမ်း နဲ့သူ့ရဲ့စကားသံတွေဟာ မြင်ယောင်ကြားယောင်နေဆဲ....ခုထိတိုင်ပါဘဲဗျာ.........
ညီအစ်ကိုမောင်နှမများအားလုံးကို ချစ်ခင်လေးစားလျှက်.......
ရင်နှင့်ရင်း၍ခံစားရေးသားသည်.....
...မင်းပိုင်စိုး...
( ခေတ္တလူ့ပြည်)