Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

×××× အပြန်လှန် နားလည်မူရှိတဲ့သူနဲ့ ဆုံရပါလို၏ ××××

$
0
0

ကောင်လေးရေ….. နင်ဟာ အချစ်ကို တန်ဖိုးမထား သူ တစ်ယောက်ဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ကိုယ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာအတိုင်း အသိမှတ်မပြုပေးနိုင်ရင်တောင် နဲနဲဖြစ်ဖြစ်တော့ စာနာစိတ်ကလေးထားပြီး တချက်လောက်တော့ ငဲ့ကြည့်စေချင်မိကြတယ်လေ။ ဒီလိုပါပဲ နင်နဲ့ငါကြားမှာ အပြန်အလှန်တန်ဖိုးထားပေးမှုဆိုတာ မရှိမဖြစ်တဲ့ အရာတစ်ခုပါ။ ငါ မက်ဆစ်တွေ ပို့ပေးတိုင်း နင် မပြန်ပေးနိုင်ရင်တောင် တစ်ခါလောက်ဖြစ်ဖြစ် ဖုန်းတစ်ချက်လောက်တော့ ဆက်ပေးစေချင်ပါတယ်။ ချက်ဘောက်ထဲမှာ ငါ စာချန်ခဲ့တိုင်း နင် စာပြန်မချန်ပေးနိုင်ခဲ့ရင်တောင်မှ ငါ့ကို လွမ်းကြောင်း စာတစ်ကြောင်းလောက်တော့ ငါ ရင်ခုန်စွာနဲ့ ဖတ်ချင်နေခဲ့တယ်။ တခါတလေမှာ နင် အလုပ်တွေရှုပ်နေမယ်ဆိုတာ ငါ သိနေခဲ့ပေမယ့် အလုပ်တွေရှုပ်ကြောင်းပြပြီးတော့ ငါ့ကို နင် ပစ်ပယ်ထားခဲ့သေးတယ်နော်။ သိသိကြီးနဲ့ အပစ်ပယ်ခံနေရတာဆိုတော့ ငါ မထိန်းချုပ်နိုင်လောက်အောင်ကို အရမ်းခံစားရလွန်းလို့ပါ။ ပြီးတော့ တစ်ပတ်မှာ တစ်ခါလောက်ပဲ အလုပ်ပိတ်ရက်တွေရှိနေခဲ့တာကို မလွတ်တမ်း စကားပြောဖို့ အချိန်တိုင်း ဖုန်းရော၊ လိုင်းပါ အဆင်သင့် မင်းအတွက် အမြဲဖွင့်ထားပြီး စောင့်နေခဲ့ပေမယ့် ရတဲ့ တစ်ပတ်မှာ တစ်ရက်သာ အခွင့်အရေးကိုတောင် နင် အမြဲတမ်းလိုလို ပေါ့ပေါ့တန်တန် အိပ်ပျော်သွားတတ်တာတွေက ပိုပိုများနေခဲ့တယ်။ တစ်ယောက်မှားရင် တစ်ယောက်ကိုထောက်ပြဖို့ နေနေသာသာ ငါဟာ အမြဲတမ်း ငိုကြွေးကျန်ရစ်ခဲ့ရတဲ့သူပါ။ တစ်ယောက်အားငယ်ရင် တစ်ယောက်ကို ဖေးမဖို့ ဆိုဆုံးမစကားတွေရှိနေခဲ့ပေမယ့် နင့်အတွက်တော့ ဒါတွေက အသုံးမ၀င်ခဲ့ဘူးနော်။ ဒါပေမယ့် ကောင်လေးရယ်….. နင့်ရဲ့ လုပ်ရပ်တွေကို ငါ တစ်စက်ကလေးမှ မနားကျည်းခဲ့မိပါဘူး။ အချစ်ဆိုတာ ကိုယ်ချည်းကပဲ ပေးလို့မရသလို အချစ်ဆိုတာ သူချည်းပဲ ပေးလို့လည်းအချစ်မမည်ပါဘူး။ ဒီတော့ ငါ နင့်ပေါ်ထားတဲ့အချစ်တွေဟာလည်း အချစ်ပါ….လို့ နာမည်တပ်ပြီး အတင်းအဓမ္မ ကောက်ချက်ချဖို့ ငါ့မှာ မစွမ်းသာခဲ့ပါဘူး။ ချစ်ခြင်းမေတ္တာဆိုတာ တန်ပြန်တက်ရောက်မှုတခုလို့ ငါ ယုံကြည်ထားပါတယ်။ အဲဒီယုံကြည်ချက်လေးတစ်ခုကသာ ငါ့အတွက် မျှော်လင့်ချက် အလင်းတန်းလေးဖြစ်နေခဲ့တယ်ဆိုတာ နင် သိနိုင်ပါစေဟာ…..။

ချစ်သူချင်းချင်း ပြန်လှန်တန်ဖိုးထားမှုတွေရှိကြပါစေ......

တစ်ယောက်ကိုတစ်ယောက် ပစ်ပယ်ထားခြင်းမှ ကင်းဝေးကြပါစေ.....

နှစ်ဦးသားကြားမှာ အပြန်အလှန်လေးစားမှုတွေထားရှိနိုင်ကြပါစေ....

မိုးမဟေ(ဆောင်းနှင်းဖြိုး)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>